Dec 4, 2011

ကျွန်တော်ဖတ်ဖို့ (၂)

(၁)ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။
အိပ်မက် မက်နိုင်တဲ့ အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။
အချစ်ကို ခံစားမိတဲ့ အချိန်မှာ အချစ်ကို လက်မလွှတ်ပါနဲ့။
ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့ လက်လွှတ်လိုက်ရင် မနက်ဖြန် ပြန်ရမယ်လို့ မပြောနိုင်ပါဘူး။


(၂) လောကမှာ အပင်ပန်းဆုံးအရာဟာ မရေမရာနဲ့ ဘ၀ကို ဖြတ်သန်းနေခြင်းပါပဲ။


(၃)လူ့ဘ၀ရဲ့ အကြီးမားဆုံး အမှားဟာ “အမှားကိုများ လုပ်လိုက်မိပြီလား” လို့ အမြဲ စိုးရိမ်ပူပန်နေတဲ့ စိတ်ပါပဲ။


(၄)လုံးဝ ပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတသက် သင် သူငယ်ချင်းရှိတော့မှာ မဟုတ်ဘူး။


(၅)ကိုယ့်ကို လူတုံး၊ လူအလို့ သဘောထားပြီး မသိတာရှိရင် မေးပါ။ ဒါမှ သင်များများတတ်မယ်။ (ပညာရှာပမာ   သူဖုန်းစား)





No comments:

Post a Comment