Apr 27, 2014

စေလို၇ာစေပါ ဇာတ်ဆ၇ာ





စေလိုရာစေပါ
ဇာတ်ဆ၇ာ....။
နှောင်ဖွဲ့ မှုများ ၊ မဆီးတားဘဲ
အားကောင်းမောင်းသန်၊ လေကိုဆန်လို့ 
အောင်လံဆွတ်ခူးပြချင်တယ်။
တင်းကျပ်မှုများ ၊ ရံမထားဘဲ
နိုးကြားထက်သန် ၊ေ၇ကိုဆန်လို့ 
အိမ်မက်တွေကို ဖန်တီး ပြချင်တယ်။
ခြင်္သေ့ဟူငြား ၊မြိုင်ယံကြားမှာ
လျောက်သွားတစ်ကိုယ်တည်း ၊ဖော်မမှီးလည်း
ခရီးဖင့် ထောက်
ရွံကြောက်မဲ့ ကင်း ၊ ရဲရင့် အမြဲ။

သိမှတ်ဖွယ် စကားလုံး ၁၀ လုံး



 1..တကိုယ်ကောင်းဆန်တဲ့ ပထမဆုံး စကားလုံးက " ငါ " ဆိုတာပါ။ ရှောင်ကြဉ်ပါ။

2..ကျေနပ်စရာကောင်းတဲ့ ၂ ခုမြောက် စကားလုံးက "ငါတို့" ဆိုတာပါ။ အသုံးပြုပါ။

3..အဆိပ်အပြင်းဆုံး ၃ ခုမြောက် စကားလုံးက "မာနတရား"ပါ။ သတ်ပစ်ပါ။

4..လူတွေ အသုံးအများဆုံး ၄ ခုမြောက်စကားလုံးက "အချစ်"ပါ။ တန်ဖိုးထားပါ။

5..ကျေနပ်စရာ အကောင်းဆုံး ၅ ခုမြောက် စကားလုံးက "အပြုံး"ပါ။ထိန်းသိမ်းပါ။

6..အမြန်ဆုံး ပျံ့နှံ့ကူးစက်နိုင်တဲ့ ၆ ခုမြောက် စကားလုံးက "ကောလဟာလ"ပါ။ လျစ်လျူရှုပါ။

7..အခက်ခဲဆုံး ၇ ခုမြောက် စကားလုံးက "အောင်မြင်မှု"ပါ။ ဆွတ်ခူးပါ။

8..အန္တရာယ် အရှိဆုံး ၈ ခုမြောက်စကားလုံးက "မနာလိုခြင်း"ပါ။ ဝေးဝေးနေပါ။

9..အစွမ်းထက်ဆုံး ၉ ခုမြောက် စကားလုံးက "အသိဥာဏ်ဗဟုသုတ"ပါ။ ရယူပါ။

                                                     10..မရှိမဖြစ် အရေးကြီးဆုံး ၁၀ ခုမြောက် စကားလုံးက "ယုံကြည်မှု"ပါ။ မြတ်နိုးပါ။

Apr 8, 2014

အောင်မြင်ကြောင်း တရားလေးပါး


#မကောင်းမှုရှောင် ကောင်းမှုဆောင်
 ဖြူအောင်စိတ်ကိုထား
#ပြော ပြု တွေးလျှင် သတိယှဉ်
 ဆင်ခြင်ဉာဏ်ရှေ့သွား
#စိတ်ထားဖြောင့်မှန် ခွင့်လွှတ်ရန်
 သည်းခံမေတ္တာထား
#လုံ့လနှင့်ဇွဲ မလျှော့ဘဲ
 အမြဲတင်းတင်းထား
အရာရာတွင်အသုံးဝင်တဲ့  
အောင်မြင်ကြောင်း တရား။

Apr 6, 2014

မိန်းကလေးအပေါ်တုံ့ ပြန် တန်းဖိုးထားတတ်တဲ့ "တုံးအတဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား"



(၁) တုံးအတဲ့ယောက်ျားက မိန်းမကိုဘယ်တော့မှ မချီးကျူးဘူး။ ကောင်းတာတွေလုပ်ရင် ဆိတ်ဆိတ်နေတယ် မကောင်းတာတွေလုပ်ရင် ကဲ့ရဲ့တယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမရဲ့အားသာချက်လေးတွေကို ရှာကြံချီးကျူးပြီ: ရှေ့ဆက်လုပ်ချင်အောင် 
အားပေးတယ်။

(၂) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကလွဲရင် မိန်းမအားလုံး လှတယ်ထင်တယ်။
ထက်မြက်တဲ့ယောက်ျားက ကိုယ့်မိန်းမကို ဘယ်လိုလှအောင်လုပ်ပေးရမလဲ စဉ်းစားတယ်။

(၃) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကို အလုပ်တွေ အများကြီးပြီးမြောက်စေချင်တယ်။ (နူးညံ့ပြီး ယောကျာင်္်းကို နာခံပြုစုတတ်စေချင်တယ်။ တချိန်ထဲမှာပဲ လှပပြီး ထက်မြက် ဝင်ငွေကောင်းစေချင်တယ်။ ဒါတွေ တပြိုင်နက်မဖြစ်နိုင်ဘူးဆိုတာ သူမေ့ထားတယ်)
ထက်မြက်တဲ့ယောက်ျားက Nobody is Perfect ဆိုတာကို ယုံကြည်လက်ခံတယ်။ ကိုယ်ရတဲ့မိန်းမဟာ 
အကောင်းဆုံးလို့ မှတ်ယူတယ်။

(၄) တုံးအတဲ့ယောက်ျားက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး မနာလိုဖြစ်တယ်။
ထက်မြက်တဲ့ယောက်ျားက လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

(၅) တုံးအတဲ့ယောက်ျားက မိန်းမကို တဗျစ်တောက်တောက်ပြောတယ်လို့ အပြစ်တင်စိတ်ပျက်တယ်။

ထက်မြက်တဲ့ယောက်ျားက အနမ်းပြင်းပြင်းတစ်ချက်နဲ့ နှုတ်ဆိတ်စေဖို့ သတိရတယ်။

(၆) တုံးအတဲ့ယောက်ျားက "နင်မရှိလဲ လှေကား၃ထစ်ဆင်း လူပျိုပဲ" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့ယောက်ျားက "နင်ဟာ ငါ့ဘဝရဲ့မရှိမဖြစ်သူပါ"လို့ဆိုတယ်။

(၇) တုံးအတဲ့ယောက်ျားက မိန်းမကို တာဝန်အရ အရာရာ ပေးဆပ်စေတယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လိုလက်ရ ပြုစုအောင် စွမ်းဆောင်နိုင်တယ်။

(၈) တုံးအတဲ့ယောက်ျားက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။ ကိုယ့်မာန ကိုယ့်အတ္တထိခိုက်မခံဘူး။
ထက်မြက်တဲ့ယောက်ျားက နှစ်ဦးအတူကြိုးစားမှ ခရီးရောက်တယ်ဆိုတာ လက်ခံတယ်။

(၉) တုံးအတဲ့ယောက်ျားက မိန်းမကို စိတ်အားငယ်မှုနဲ့ ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေပေးတယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လုံခြုံမှုနဲ့ အေးချမ်းမှုကို ပေးတယ်။

(၁ဝ) တုံးအတဲ့ယောက်ျားက သူ့ဒေါသကြားမှာ မိန်းမကို ဦးတည်ရာပျောက်စေတယ်။
ထက်မြက်တဲ့ယောက်ျားက သူ့တည်ကြည်မှုနဲ့ အိမ်ထောင်ကိုသာယာစေတယ်။


Mar 4, 2014

အဆိပ် ဆိုတာ ဘာလဲ???


အဆိပ် ဆိုတာ ဘာလဲ???
*လွန်ကဲတာ မှန်သမျှ အဆိပ်ပါပဲ
………အထိုင် လွန်ကဲ တယ် 
ဒါလည်း အဆိပ်ပဲ
………အအိပ် လွန်ကဲတယ်
ဒါလည်း အဆိပ်ပါပဲ
………အသောက် လွန်ကဲတယ်
ဒါလည်း အဆိပ် ပါပဲ

………အဆိုးမြင် စိတ်တွေလွန်ကဲတယ်
ဒါလည်း အဆိပ်ပါပဲ…
………မျှော်လင့်ချက်တွေ လွန်ကဲတယ်
ဒါလည်း အဆိပ်ပါပဲ.
………သဘောထားတွေ လွန်ကဲတယ်
ဒါလည်း အဆိပ်ပါပဲ…

အဆိပ် တွေကလွတ်ဖို့
တစ်ခုတည်းသော နည်းလမ်းက
အလယ်အလတ် လမ်းစဉ်ပါပဲ…

May 11, 2013

ဆယ်ကျော်သက်တို့ အတွက်အကျင့်ကောင်း(၇)ရပ်



(၁)တာဝန်ယူစိတ်[Be Proactive]

ပြဿနာတစ်ခုခုရှိလာရင်"ငါဘာမှားနေလဲ"ဆိုတာက,စ,စဉ်းစားပါမယ်။ပြီးမှကျန်တာတွေကိုဖြန့်တွေးတယ်။
"ကိုယ့်ကိုယ်ကိုတော့လွတ်စေ၊သူများကိုတော့တရားခံ"ဒါမျိုးမလုပ်ဘူး။ကိုယ့်ကိုယ်ကိုတာဝန်ယူတဲ့စိတ်ပါ။

(၂)ပစ်ကွင်းကိုချိန်ပစ်(Begin with the End in Mind)

ငါဘာဖြစ်ချင်လဲ၊ငါ့ရည်မှန်းချက်ဘာလဲဆိုတာကိုပထမဆုံးပိုင်းဖြတ်တယ်။
"မစ်ရှင်"[Mission]စိတ်ဓာတ်ဖြစ်ပါတယ်။

(၃)အရေးကြီးတာအရင်လုပ်[Put First Thing First]

ကြုံသလိုကျပန်းမလုပ်ဘူး။အစီအစဉ်ရှိရှိနဲ့ တဆင့်ပြီးတဆင့်ဆောင်ရွက်
တတ်တယ်။

(၄)သူမနာ၊ကိုယ်မနာဆက်ဆံရေး[Think Win-Win]

ကိုယ်နိုင်စေ၊သူရှုံးစေသဘောမထားပါ။နှစ်ဦးနှစ်ဘက်အကျိုးရှိစေမယ့်
"ကြားအဖြေ"ကိုနှလုံးသွင်းပါတယ်။

(၅)နားလည်မှုရှိ[Seek First to Understand,Then to be understood]

ပထမဆုံးသူများကိုနားလည်အောင်ကြိုးစားတယ်။ကိုယ့်ကိုလည်းသူများကနားလည်အောင်တံခါးဖွင့်ထားတယ်။

(၆)လက်တွဲကြိုးပမ်း[Synergize]

ငါတကောမလုပ်ဘူး။အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဖို့ အားထုတ်တယ်။

(၇)ကိုယ့်ကိုယ်ကိုပြန်"သ"[Sharpen the Saw]

စိတ်တံခါးကိုပိတ်မထားဘူး။အတွေးသစ်၊အမြင်သစ်တွေအတွက်အမြဲ
တံခါးဖွင့်ထားတယ်။
ကိုယ့်အသိ၊ကိုယ့်အကျင့်ကိုအမြဲချွန်မြနေစေဖို့ မပြတ်"သ"နေပါတယ်။


ဒီအကျင့်တွေမင်းမှာရှိနေပြီဆိုရင်ဘ၀တိုက်ပွဲမှာအောင်ပွဲအလီလီရမှာ
သေချာသလောက်ဖြစ်ပါပြီ။

May 1, 2013

ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့



လူသားတို့မကျင့်အပ်သောအရာ( ၅ ) ပါး
၁. ခြင်္သေ့လိုလဲ မဟောက်နဲ့
၂. ဖားငယ်လိုလဲ မကြောက်နဲ့
၃. တောင်လိုလဲ မမောက်နဲ့
၎. မြစ်လိုလဲ မကောက်နဲ့
၅. တွင်းလိုလဲ မစောင်းနဲ့

Apr 19, 2013

သင့် အပြုအမူအတိုင်းေ၇ာင်ပြန်ဟပ်လိမ့် မည်

အလုပ်...
      လုပ်၇တာချင်းအတူတူ
      စေတနာထားပြီးလုပ်၇င်ပိုကောင်းတယ်။
စကား...
      ပြော၇တာချင်းအတူတူ
      ချိုသာအောင်ပြောဆိုပါ။
---------------------------------------------------
သင့် အပြုအမူအတိုင်းေ၇ာင်ပြန်ဟပ်လိမ့် မည်။

လူတော်လူမော်တွေ အမြဲတစေ လက်ကိုင်ထားတတ်တဲ့ အမူအကျင့်(၁၀)မျိုး


==========================================

၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်

သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီး ခင်မင်မှု မျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။
အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေ စိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည် လာတဲ့အတွက် တန်ဖိုးထားပါ။

သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ
သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊
ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။


၂။ လက်လွှတ်နိုင်အောင် (ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်

ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ
ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင် လက်လွှတ် လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။

မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု
ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။

၃။၊ ဂရုဏာစိတ်ထားတယ်

တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့
မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင် ရမယ်။

ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ
လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။

၎။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်


ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို
လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊
ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။
နောက်ပြီးဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့ သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။

၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်

ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊
နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာ မရခဲ့ရင် အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်း စိတ်က ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ်က ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့
အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး ရှိနေ သေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။

၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်


တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံ လာတဲ့အခါ အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှ တော့ ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့
မသင့်တော့ဘူး။

၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်

အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊
အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာ တတ်မယ်။ ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး
တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို
ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီက
မြစ်ဖျားခံတာပဲ။

၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်

အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက် ပေါ့ပါးမှု မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိတ်အပိုင်း တော်တော်များများမှာ လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။

၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်

စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊
နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့
ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။

၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်

အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစား တယ်။ အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာ တော့ဘူး၊ ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို ထိန်းထား နိုင်လိမ့်မယ်။

Apr 16, 2013

"စုပေါင်းစွမ်းအင်"


"စုပေါင်းစွမ်းအင်" ဆိုတာ..သူအလိုလို၇လာတာမျိုးတော့မဟုတ်ဘူး။ တမင်ဖန်တီးယူ၇တဲ့ ဖြစ်စဉ်ပါ။
 ဒီလို ဖန်းတီးနိုင်ဖို့ ပထမဆုံးနှလုံးသွင်း၇မှာကတော့ ..
** "လူတိုင်းလူတိုင်း သူ့ အဆင်း၊သူ့ အလင်းနဲ့ ၇ှိပါလား.."** ဆိုတာကိုပါပဲ။
 မတူခြားနားမှု ( Diversity) ကိုအသိအမှတ်ပြုနိုင်ဖို့ ဖြစ်ပါတယ်။
...............................................................................................................

တောင်ကြီးသုံးလုံး
"စုပေါင်းစွမ်းအင်" ရဖို့ ကြိုးစား၇တဲ့ လမ်းမှာတောင်ကြီးသုံးလုံးကာဆီးနေတာကိုအထူးသတိပြုဖို့ လိုပါတယ်။
ဒီတောင်တွေကိုမကျော်ဖြတ်နိုင်၇င် စုပေါင်းစွမ်းအင် ကိုဘယ်လိုမှဆုပ်ကိုင်နိုင်မှာမဟုတ်ဘူး။

(၁) ပထမတောင်ကြီးကတော့ "မာန" ဆိုတဲ့ တောင်ကြီးပါ.
              မတူခြားနားမှုကိုအထင်အမြင်သေး၇ာက ကိုယ်ကိုကိုယ်သူများထက်ခေါင်းတစ်လုံးမြင့် သူလို့ 
အထင်ေ၇ာက်လာတဲ့  "ဘ၀င်" စိတ်ဖြစ်ပါတယ်။ အဲဒီဘ၀င်ခံနေတော့ သူများ၇ဲ့ ခံစားမှုကိုမစာနာတတ်
သလို သူများ၇ဲ့  အတွေးအမြင်တွေကိုလည်းစိတ်မ၀င်စားတတ်တော့ ဘူး။ 
     " အမှန်တ၇ားအားလုံးငါ့မှာ၇ှိနေပြီ"ဆိုပြီး..ကိုယ်အသိစိတ်ကို..ကိုယ်ဘာသာတံခါးပိတ်နေတော့ တယ်"

(၂) ဒုတိယတောင်ကြီးကတော့  "ဂိုဏ်းဂဏစိတ်"စိတ်ဆိုတဲ့တောင်ကြီးပါ
                 ကိုယ်နဲ့ အမြင်တူ၊ အတွေးတူ ၊ ယုံကြည်ချက်တူသူငယ်ချင်းသာ အဖတ်လုပ်ပြီး လောကကြီး နဲ့ အဆက်ပြတ်နေတာဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ ကိုယ့်အစုအဝေးကိုသာ ကမ္ဘာကြီးထင်နေတတ်ပေမဲ့
တကယ့်တော့ စိတ်ကူယဉ်ဂိုဏ်းလေးတစ်ခုထက်မပိုပါဘူး။ အုပ်စုစွဲ ၊ဂိုဏ်းဂဏစွဲကခံနေတော့ သူများအမြင်
 သူများအတွေးတွေကိုဘယ်လက်ခံစဉ်းစားနိုင်မှာလဲ။
 "ငါနဲ့ မတူ ငါ၇န်သူ" ဆိုတဲ့အစွဲနဲ့ ပုတ်ခတ်စော်ကားတဲ့တုံ့ ပြန်နည်းကလွဲလို့သူတို့ ဘာမှမလုပ်တတ်ကြဘူး။

(၃) နောက်ဆုံတောင်ကြီးကတော့  "အာဃာတ" ဆိုတဲ့ တောင်ကြီးပါပဲ
                  အခုအခံအစွဲအလမ်းတွေကိုမွေးထုတ်လိုက်တဲ့ အမုန်းမီးဖွားတွေဖြစ်ပါတယ်။
          ဒီလိုလူမျိုးတွေဟာ..အတိတ်၇ဲ့ အကျဉ်းသားတွေဖြစ်တတ်သလို၊ အမုန်းနဲ့ လောင်မြိုက်ခံနေ၇၇ှာ
တဲ့ သူတွေလည်းဖြစ်ပါတယ်...။

Mar 25, 2013

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ။




၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က 

အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က 

အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က 

ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ 

နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ 

လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

နောင်တ

နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ

အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း 

သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ

စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက 

ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း

သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း 

တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ 

မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ 

ရှုံးမသွားပါစေနဲ့။

ပူပင်သောက

လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ 

ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ 

ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု

မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ 

မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား

အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ 

အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက 

ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး 

အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ 

တွေ့ရပါလိမ့်မယ်။

Mar 19, 2013

နောင်အနာဂတ်မျိုးဆက်တွေအတွက်. ထာ၀၇ငြိမ်းချမ်းေ၇းအမွေကို ပေးဆပ်ချင်တဲ့  အနာဂတ် ထာ၀၇အလင်း၇ှင်.












သူက . . ဖခင်ကောင်း . . စနစ်ဟောင်းကိုတော်လှန်နေသူ

သူက သာမန်ရိုးရိုးကြီးပဲ
သူက သာမန်ဦးလေးကြီးပဲ
သူက သာမန်နဲ့မတူတဲ့ စိတ်ထားတော့ရှိတယ်
ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်လို့
စနစ်ကောင်းတွေကို စတင်ခဲ့

မြေစမ်းခရမ်းပျိုးကာလပါ
အနည်းဆုံးတော့ တိုင်းပြည်ကိုစေတနာရှိတာ
သူ့မျက်လုံးတွေမှာပေါ်တယ်
သူ့အပြုံးတွေမှာပေါ်တယ်
သူ့လုပ်ရပ်တွေမှာပေါ်တယ်
သူ့မှာ အခက်အခဲတွေရှိတယ်
သူ့မှာအားနည်းချက်တွေရှိတယ်

သူက အသက်ကြီးနေပြီ
သူက ပါးရေနားရေတွန့်နေပြီ
သူ့မှာ မသန်စွမ်းတဲ့နှလုံးသားကို
ဘက်ထရီအကူအညီနဲ့ခုန်စေလို့
သူ့စိတ်ဖိစီးမှုကိုဘယ်သူကများ
စာနာနားလည်ပေးမလဲ

သူက လူလိမ်လို့အပြောခံရတယ်
သူက ရွှေပန်းနဲ့အကြိုခံရတယ်
သူက မျက်ရည်အကြိမ်ကြိမ်ကျတယ်
သူ့မိသားစုမှာ သူက ဖခင်ကောင်း
သူ့တိုင်းပြည်မှာ သူက ခေါင်းဆောင်ကောင်း
စနစ်ဟောင်းကို သူရဲဝံ့စွာတော်လှန်တယ်

သူက သာမန်လူသားတစ်ယောက်ပဲ
သူ့မှာ အစွမ်းထက်တန်ခိုးတွေမရှိဘူး
စေလိုရာစေ ဖြစ်စေရာဖြစ်
စနစ်ကို ချက်ချင်း ပြောင်းဖို့မလွယ်ဘူး
အရာရာကို အသိနဲ့သတိကို စုံတွဲလို့
ဒီမိုကရေစီကိုသူဖော်ဆောင်နေတယ်

သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ဒေါ်စုရှိတယ်

သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ပြည်သူတွေရှိတယ်
သူ့မှာ မြန်မာပြည်ကိုချစ်စိတ်ရှိတယ်
သူ့ရင်ခုန်သံဟာ တိုင်းပြည်အတွက် သွေးတစ်စက်
အဖက်ဖက်ကနေ သူကြည့်ရှာတယ်

မောနေပါပြီ
သူသွားနေတဲ့ခရီးတိုင်းမှာ တိုင်းပြည်အတွက်
မျက်နှာလည်းငုံ့ခဲ့ရ မျက်ရည်လည်းကျခဲ့ရ
ကလင်တန်ကို ရိုသေခဲ့ရ
အိုဘားမားကိုရိုသေခဲ့ရ
ယင်လတ်ကိုရိုသေခဲ့ရ
ဘယ်သူကများ ဒီအဖိုးအခကိုသိနိုင်မလဲ

သူ . . မောနေပါပြီ
အနာဂါတ်က မှောင်ပြပြ
တတ်စွမ်းသမျှ အလင်းပေးချင်တဲ့သူ
သူ့ပုံစံက လှောင်စရာကောင်းနေလို့လား
သူ့ မျက်ဝန်းတွေက မသမာမှုတွေလုပ်နေလို့လား
သူ့အပြုံးတွေက အရေခြုံတွေမို့လို့လား
သူ့မှာ သူမတတ်နိုင်တဲ့ တွန်းအားတချို့
သူ့မှာ သူကယ်ဆယ်နေရတဲ့ ဒုက္ခတချို့
သူ့မှာ သူ ထမ်းတင်နေရတဲ့ အနာဂါတ်တချို့
နံနက်ခင်းတိုင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့လို
ပျော်ရွှင်စွာ နေနိုင်ကြရဲ့လား

သူ . . လင်းစေချင်တယ်
အမှောင်တွေကို . . . ဖယ်ခွာချလို့
တိုင်းပြည်အတွက်ချစ်စိတ်
သူ့ နေ့ရက်တိုင်းအတွက် ထိပ်မှာ ရှိတယ်
သူ့လက်တစ်စုံဟာ တိုင်းပြည်အတွက်
သူ့ ခြေထောက်တစ်စုံဟာ တိုင်းပြည်အတွက်
အဖက်ဖက်ကနေ လေးစား
အကြွေးများနဲ့တိုင်းပြည်ကိုကယ်တင်
မြန်မာပြည်ရဲ့ အရှင်ပါ

သူဘယ်လောက်ထိ ဆက်လုပ်ခွင့်ရမလဲ
တစ်နှစ်. . .နှစ်နှစ်. . .သုံးနှစ် . . .
ဇရာက လုပ်နိုင်ခွင့်ကိုတားဆီးတယ်
ဖိအားက လုပ်ပိုင်ခွင့်ကို နှောင့်နှေးစေတယ်
ဘယ်တော့မှ စိတ်မပျက်ဘူး
ဘယ်တော့မှ လက်မှိုင်မချဘူး
သူချစ်တဲ့ပြည်အတွက်
စနစ်ဟောင်းကို ဦးဆောင်တော်လှန်နေတဲ့သူ ။

သက်တန့်ချို

Mar 17, 2013

Life.....


Life is a gift , I accept it.
Life is an adventure ,I dare it.
Life is a game , I play it.
Life is a mystery ,I `m unfolding it .
Life is a puzzle, I`m solving it.
Life can be a struggle, I `m facing it.
Life is beauty,I praise it.
Life is an opportunity ,I took it .
Life is my mission, I `m fulfilling it.

Chanakya ရဲ့ ထူးကဲကောင်းမွန်သည့် အတွေးအခေါ် (၁၅) ခု



----------------------------------------------------------------
Chankya ဆိုတာ ဘီစီ 370 မှာမွေးဖွားပြီး 283 မှာ သေဆုံးခဲ့တဲ့ အိန္ဒိယ အတွေးအခေါ်ပညာရှင်၊ ကျောင်းဆရာနဲ့ တော်ဝင်အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်....
သူဟာ တက္ကသီလာ တက္ကသိုလ် (Takshashila University) မှာ စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်များဆိုင်ရာ ပါမောက္ခလည်းဖြစ်ပါတယ်...
အခုဖော်ပြပေးမှာကတော့ Chankya သင်ကြားပို့ချခဲ့တဲ့ အတွေးအခေါ်အယူအဆတွေထဲက မှတ်သားဖွယ်အချက်တွေဖြစ်ပါတယ်...

၁) တခြားသူရဲ့အမှားတွေကနေ လေ့လာသင်ယူပါ... သင့်အနေနဲ့ အဲ့ဒီအမှားတွေအကုန်လုံးကို ကိုယ်တိုင်လုပ်နိုင်လောက်တဲ့အချိန်အထိ အသက်ရှည်မှာမဟုတ်ဘူး....

၂) လူတစ်ယောက်ဟာ အလွန်မရိုးသားသင့်ဘူး... ဖြောင့်မတ်တဲ့သစ်ပင်တွေဟာ ဦးဆုံးအခုတ်ခံရတယ်... ဒီလိုပဲ အရိုးသားဆုံးလူတွေကိုလည်း အရင်ဆုံးရှင်းထုတ်ကြလိမ့်မယ်...

၃) အဆိပ်မရှိတဲ့ မြွေတစ်ကောင်တောင်မှ အဆိပ်ပြင်းသလို ဟန်ဆောင်နေသင့်တယ်...

၎) ဘယ်လိုမိတ်ဆွေဆက်ဆံရေးမျိုးမှာမဆို နောက်ကွယ်မှာတော့ ကိုယ့်အတွက်ကိုယ်ငဲ့တတ်တာချည်းပါပဲ... ကိုယ့်အတွက်မငဲ့တဲ့ မိတ်ဆွေသူငယ်ချင်းဆက်ဆံမှုမျိုးဆိုတာ လုံးဝမရှိပါဘူး... ဒါဟာခါးသီးတဲ့အမှန်တရားပါပဲ...

၅) အလုပ်တစ်ခုကိုမစခင်မှာ သင့်ကိုယ်သင်မေးခွန်း သုံးခုအမြဲမေးပါ... ဘာကြောင့် ဒီအလုပ်ကိုငါလုပ်ရမှာလဲ.... အကျိုးရလဒ်ကဘာလဲ... အောင်မြင်နိုင်သလား.... သေသေချာချာစဉ်းစားကြည့်ပြီး ဒီမေးခွန်းသုံးခုအတွက် ကျေနပ်လောက်တဲ့အဖြေရတဲ့ အခါမျိုးမှသာ ဆက်လုပ်ပါ...

၆) အကြောက်တရားက အနားချဉ်းကပ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီအကြောက်တရားကို ရင်ဆိုင်တိုက်ခိုက်ပြီး ဖျက်ဆီးပစ်လိုက်ပါ....

၇) ကမ္ဘာပေါ်မှာ အကြီးမားဆုံးစွမ်းအားကတော့ အမျိုးသမီးတစ်ယောက်ရဲ့ နုနယ်ပျိုမြစ်လှပမှုပါပဲ...

၈) တစ်ခုခုကိုစလုပ်မိပြီဆိုတာနဲ့ ရှုံးနိမ့်မှာကိုမကြောက်နဲ့... ဘယ်တော့မှလည်း လက်မလျှော့နဲ့... ယုံကြည်ရိုးသားရဲဝံ့စွာလုပ်တဲ့သူတွေကသာ အပျော်ရွှင်ဆုံးလူတွေဖြစ်တယ်...

၉) ပန်းတွေရဲ့မွှေးရနံ့ဆိုတာ လေသင့်ရာအတိုင်းသာ သင်းပျံ့ကြရတာဖြစ်တယ်... လူတစ်ယောက်ရဲ့ ကောင်းသတင်းကတော့ အရပ်မျက်နှာတခွင်လုံးကို ပျံ့နှံ့စေတယ်....

၁၀) ဘုရားသခင်ဆိုတာ ရုပ်ပုံလွှာတစ်ခုအနေနဲ့ တည်ရှိနေတာမဟုတ်ပါဘူး... သင့်ခံစားချက်က သင့်ရဲ့ဘုရားသခင်ပဲ... သင့်စိတ်ဝိဥာဏ်က သင့်ဘုရားကျောင်းပဲ....

၁၁) လူတစ်ယောက်ဟာ ဖွားမြင်ခြင်းနဲ့အတူ ကြီးမြတ်လာတာမဟုတ်ဘူး... လုပ်ကိုင်ဆောင်ရွက်မှုနဲ့အတူ ကြီးမြတ်လာတာ...

၁၂) သင့်ထက်သာတဲ့အခြေအနေကလူတွေ ဒါမှမဟုတ် သင့်ထက်နိမ့်ကျတဲ့ အခြေအနေကလူတွေကို ဘယ်တော့မှ မိတ်ဆွေမဖွဲ့ပါနဲ့... ဒီလိုမိတ်ဆွေမျိုးတွေနဲ့ဆက်ဆံရတာဟာ သင့်ကိုဘယ်တော့မှ ပျော်ရွှင်စေမှာမဟုတ်ဘူး...

၁၃) သင့်ကလေးကို ပထမငါးနှစ်အတွင်း သိမ်မွေ့ကြင်နာစွာပြုမူဆက်ဆံပါ... ဒုတိယငါးနှစ်အတွင်း ပြောဆိုရိုက်နှက်ဆုံးမပါ... အသက် ၁၆ နှစ်ရောက်တဲ့အခါ မိတ်ဆွေသူငယ်ချင်းတစ်ယောက်လို ဆက်ဆံပါ... အရွယ်ရောက်ပြီးတဲ့ သင့်ကလေးတွေဟာ သင့်အတွက် အကောင်းဆုံးမိတ်ဆွေတွေပါပဲ...

၁၄) မျက်မမြင်တစ်ယောက်အတွက် ကြေးမုံတစ်ချပ်က အသုံးမဝင်သလို နုံချာမိုက်မဲသူတစ်ဦးအတွက် စာအုပ်စာပေတွေကလည်း အသုံးမဝင်ပါဘူး...

၁၅) ပညာရေးဟာ အကောင်းဆုံးမိတ်ဆွေပါ... ပညာတတ်တဲ့သူတစ်ယောက်ဟာ နေရာတိုင်းမှာ ရိုသေလေးစားမှုကိုခံယူထိုက်ပါတယ်... ပညာဟာ အလှတရားနဲ့ ငယ်ရွယ်ပျိုမြစ်မှုကို အနိုင်ယူနိုင်ပါတယ်...

Jan 11, 2013

ကျနော်သိတဲ့ ဒဿန

 လူတော့လူပဲ အဓိပ္ပာယ်ရှိတဲ့လူဖြစ်ဖို့လိုတယ်။
 ကျနော်သိတဲ့ထဲက တန်ဖိုးအကြီးဆုံးတစ်ခုက
 ဘယ်ဥစ္စာမှ ဘာမှမဟုတ်ဘူး ဘာကိုမှ အကြာကြီးမပိုင်ဘူး
ဆိုတဲ့ ဒဿနပဲ။

လူတွေမှာ၇ှိတဲ့ အ၇ာ

ငါတို. ဆီမှာဘာတွေရှိလဲမေးရင်
အတ္တတွေနဲ့ ကစုန်ပေါက်နေတဲ့
ခရိုနီမြင်းတစ်ကောင်ရှိတယ်။
ကိုယ့်ဗုံကိုယ်တီး ကိုယ့်အမြီးကိုယ်ခါ
ကိုယ့်ဂီတကိုယ်မသိတဲ့ တစ်ကိုယ်ကောင်းသမားတွေရှိတယ်။
...
ကိလေသာရွာထိပ်က မည်းမည်းမြင်ရာထိုးဟောင်တက်တဲ့
သံသယခွေးဟောင်သံတွေလည်းရှိတယ်။
လက်မထပ်ရသေးတဲ့
ချစ်သူနှစ်ဦးရဲ့ အိပ်ရာဝင်ပုံပြင်တွေလည်းရှိတယ်။
ကဗျာဆရာဆိုတာ ရင်ဘတ်မလုံဘူးတဲ့...
ဟုတ်မှာပါ...
ခေတ်ကြီးရဲ့ရှိုက်ထုတ်လိုက်သမျှ သက်ပြင်းတွေထဲ
စကားလုံးတွေဟာ...
သူ့အလိုလို
...ကျ...ကွဲ...လို့........

Dec 31, 2012

                                                                   Love The World With Your Kindness.



Oct 28, 2012

အ၇ွယ်သုံးပါး

ကြီးပြင်းခါစမှအချိန်၇ှိတယ်၊ခွန်အား၇ှိတယ်၊ဒါပေမဲ့ ငွေမ၇ှိဘူး။
အလုပ်ထဲေ၇ာက်တော့ ငွေ၇ှိတယ်၊ခွန်အား၇ှိတယ်၊ဒါပေမဲ့ အချိန်မ၇ှိဘူး။
အသက်အ၇ွယ်ကြီး၇င့် သွားတော့  ငွေ၇ှိတယ်၊အချိန်၇ှိတယ်၊ဒါပေမဲ့ ခွန်အားမ၇ှိတော့ ဘူး။
(လူ၇ဲ့ ဘ၀အခြေအနေတစ်ခုတိုင်းမှာတစ်ခုခုကတော့ မပြည့် မစုံဖြစ်နေတယ်ဆိုတာကို..အသက်အ၇ွယ်ကြီးလာသည်နဲ့ အမျှပိုပိုသိလာတော့ တယ်။)


ယုံကြည်မှု၇ှိနေ၇င်အောင်မြင်မှုဆိုတာမဝေးတော့ ဘူး

ခြင်္သေ့ ရဲ့ အမြန်နူန်းက တစ်နာရီ ၅၈ ကီလိုမီတာ ရှိတယ် ။

သမင်ရဲ့ အမြန်နူန်းက တစ်နာရီ ၉၀ ကီလိုမီတာ ရှိတယ် ။

ဒါပေမယ့် လည်း သမင်က ခြင်္သေ့ရဲ့ သားကောင်ဖြစ်သွားရတယ် ။

(( အကြောက်လွန်ပြီး သမင်ပြန်လှည့်ကြည့် ရင် အရည်အချင်း 
သာလည်း အစားခံရမယ် ))


Oct 26, 2012

လူ့ တန်ဖိုး...အချိန်၏တန်ဖိုး


အသက် ၆၀ အသက်၇ှင်နေထိုင်၇တဲ့ လူတစ်ယောက်ကိုပြန်ကြည့်လိုက်၇င်
-အိပ်ချိန်က တစ်၇က်ကို ၈နာ၇ီ ၇ှိခဲ့ မယ်ဆို၇င် နှစ်၂၀ အိပ်စက်၇င်းကုန်ဆုံးသွား၇တယ်။
-ကျောင်းချိန်အလုပ်ချိန်တွေနဲ့ တစ်၇က်ကို ၈ နာ၇ီအချိန်ပေးခဲ့ ၇မယ်ဆို၇င် နောက်ထပ်အနှစ် ၂၀ ကုန်သွား၇တယ်။
-အင်တာနက်သုံး၊ဖုန်းပြော ၊ တီဗီကြည့် တစ်နေ့ ကို ၄ နာ၇ီအချိန်ပေးခဲ့ ၇မယ်ဆို၇င် နောက်ထပ် ၁၀ နှစ်ကုန်သွားပြန်တယ်။
-တစ်နေ့ တာအစားအသောက်စားဖို့ အတွက် ၁ နာ၇ီ
-အထွေထွေကိစ္စတွေအတွက် ၃ နာ၇ီ အချိန်ပေးခဲ့ မယ်ဆို၇င် ၁၀ နှစ် 
ဒါပဲလား...အချိန်အနှစ် (၆၀) !
၇ခဲ လှတဲ့ ဒီလူဘ၀မှာ ကိုယ်အတွက်ကော အများအတွက်ကောတစ်ခုခု ကောင်းအောင် ကိုယ်ပိုင်ဆိုင်တဲ့ အချိန်ထဲကနေ လုပ်ပေးနိုင်အောင်ကြိုးစားသင့် တယ်လို့ ထင်ပါတယ်။


အတွေး(၁)


သူတပါးကိုအစောတလျင်မဝေဖန်နဲ့  မပုတ်ခတ်ပါနဲ့ ။
 သူအ၇ိပ်ကြည့် ပြီးဆုံးဖြတ်၇င်တောင်ဖြစ်၇ပ်မှန်နဲ့ ဆန့် ကျင်ဘက်ဖြစ်နေတတ်ပါတယ်။ 
"သိတဲ့ အ၇ာအားလုံးကိုပြောဖို့ အေ၇းမကြီးဘူး၊ ပြောတဲ့ အ၇ာအားလုံးကိုတော့ သိဖို့ အေ၇းကြီးပါတယ်"


Oct 12, 2012

တို့ မြန်မာလူငယ်များအတွက်သမ္မတကြီး၇ဲ့ ဆုံးမစကား


ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၀
မိနစ်တွင် မြန်မာနိုင်ငံသံရုံးတွင် သံအမတ်ကြီးနှင့် အဖွဲ့ဝင်များ ပညာသင်ကြားရန် ရောက်ရှိနေသော မြန်မာပညာသင်တန်းသားများနှင့် တွေ့ဆုံစဉ် သမ္မတကြီး ဦးသိန်းစိန် ပြောကြားခဲ့သော ဆုံးမ စကားများကို မှတ်မိသလောက် တင်ပြလိုက်ပါသည်။
““ သူများတိုင်းပြည်တွေမှာ တိုးတက်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ တို့နိုင်ငံမှာတော့ ထင်းစည်းလေးချိုးပြပြီး စည်းလုံးညီညွတ်ဖို့ သင်နေရတယ်။ တစ်ချောင်းထဲဆိုရင် ကျိုးတယ် သုံးချောင်းလောက်ဆိုရင် မကျိုးဘူး ဆိုပြီး။ ဒါကြောင့် ငြိမ်းချမ်းရေးရအောင် ကြိုးစားရတယ်။ အရင်က နှစ် ၂၀ လုံးအဖက်ဖက်က ပိတ်ဆို့တာတွေ မဆက်ဆံတာတွေ ဆန့်ကျင်တာတွေ ခံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံနေတဲ့ ပါတီတွေဆိုရင်လည်း အရင်က ကျောခိုင်းနေရာက အခုမျက်နှာချင်းဆိုင် လက်ဆွဲနှုတ်ဆက်လ
ာအောင် ကြိုးစားခဲ့ပြီ။ ကိုရီးယားနိုင်ငံ မှာ ပညာသင်ကြားဖို့ ရောက်ရှိနေတဲ့ သမီးတို့ သားတို့လည်း နိုင်ငံခြားရောက်ရင် ပြီးရော ဆိုတဲ့စိတ် မမွေးပါနဲ့ သူများနိုင်ငံတွေမှာ ဘယ်လိုတွေ ကြိုးစားနေလည်း လေ့လာပါ။ အတုယူပါ။ ကိုရီးယားနိုင်ငံ တိုးတက်နေတာဟာ သူတို့လူမျိုးတွေက ၀ီရိယ ကောင်းတယ်။ ကျောက်တောင်တွေကို တူးဆွပြီး သီးနှံကို နိုင်ငံတော်အတွက် စိုက်ပျိုးတယ်။ တို့နိုင်ငံဟာ သယံဇာတ ဆိုရင်လည်း မထွက်တာ မရှိသလောက်ပဲ။ ရေမြေ ရာသီဥတုလည်း မဆိုးဘူး အဖက်ဖက်က ပြည့်စုံ နေပေမယ့် ဘာကြောင့်ဆင်းရဲနေသလဲ ဆိုတော့ brain လိုနေလို့။ ဒါကြောင့် နည်းပညာတွေ သင်ကြားကြပါ။ သင်ကြားတတ်မြောက်ပြီးရင်လည်း ကိုယ့်နိုင်ငံကို ပြန်လာပါ။ အခုလည်း ခရီးတွေ ဆက်နေတော့ ပင်ပန်းပါတယ်။ တစ်နေ့ကပဲ အမေရိကန်ကို သွားရတယ်။ ဟိုမှာလည်း ကိုယ့်နိုင်ငံ အတွက် စီးပွားရေး အခွင့်အလမ်းတွေအတွက် ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးရတယ်။ သူတို့ကလည်း စီးပွားရေးနဲ့ လိုအပ်တဲ့ အကူညီတွေ ပေးနေပါပြီ။ အမေရိကန်ကို ချစ်လွန်းလို့ အားကိုးလွန်းလို့ မဟုတ်ဘူး။ ကိုယ့်နိုင်ငံက နောက်ကျကျန်နေလို့ ၁၀ လှမ်းနဲ့ မမီလို့ အပြေးလိုက်နေရပြီ။ နိုင်ငံခြားက မိတ်ဆွေတွေက မေးတယ် ခင်ဗျားတို့ နိုင်ငံမှာ အလုပ်လက်မဲ့တွေ ဘယ်လို ထမင်းစားလဲ ကျွန်တော် တို့နိုင်ငံမှာတော့ အလုပ်မရှိရင် ထမင်းစားဖို့ မရဘူး တဲ့ ကျွန်တော်တို့နိုင်ငံမှာ အလုပ်လက်မဲ့တွေတော့ ရှိတယ် ဒါပေမဲ့ ထမင်းမငတ်ဘူး လို့ပြောတော့ အံ့သြသွားတယ်။ ဟုတ်တယ်လေ စားစရာ မရှိရင် ဘယ်ဘုန်းကြီးကျောင်းတက်စားစား ရတယ်။ အလှုရှင်တွေကလည်း နေ့တိုင်းရှိတယ်။ ဒါကြောင့် နည်းပညာလိုနေတဲ့ အတွက် စာကိုကြိးစားသင် ယူကြပါ။ နောင်ကျရင် နိုင်ငံတော်အနာဂတ်က မင်းတို့လူငယ်တွေ လက်ထဲ လွှဲခဲ့ရမှာပဲ။ တို့က အသက်ကြီးပြီ။””
အထက်ပါ သမ္မတကြီးပြောကြားသော ဆုံးမစကားများကို မနေ့ညက sky net Up To Date မှာ ကြည့်ရတာပါ။

Oct 8, 2012

သမိုင်း

               
                                     













သမိုင်း
* မင်းကောင်းတာလုပ်တိုင်း...
   မင်းသမိုင်းကောင်းလိမ့် မယ်လို့ ....
   မမျှော်လင့် ပါနဲ့ ။
* အလုပ်တိုင်းမှာ..လျှာစွန်းနှစ်ဖက်၇ှိတတ်တယ်
   မင်းကောင်းတဲ့ ဖက်ကိုေ၇ွး၇င်...
   ဆိုးတဲ့ ဖက်ကလူတွေက..
   မင်းကိုတိုက်ခိုက်ကြလိမ့် မယ်....။
* မင်းမှန်တာလုပ်၇င်...
   မှားတဲ့ ဖက်ကလူတွေက..
   မင်းကိုတိုက်ခိုက်ကြလိမ့် မယ်...။
*မင်းကြိုးစားအလုပ်လုပ်၇င်...
  မလုပ်,မ၇ှုပ်,မပြုတ်..သမားတွေက...
  မင်းကိုငြူစူကြမှာဘဲ......။
*ကြိုးစားသာလုပ်ပါ..
  စိတ်ဓာတ်မကျနဲ့ ...
  တစ်ခုတော့ ၇ှိတယ်..
  မင်းကောင်းတာလုပ်တိုင်း...
  မင်းသမိုင်းကောင်းလိမ့် မယ်လို့ တော့ ...
  မမျှော်လင့် ပါနဲ့ .....။
* မင်းဘယ်အစွန်းက...၇ပ်တည်မယ်ဆိုတာ
   အဓိက,မဟုတ်ဘူး...
   အဓိက,ကျတာက...
   ကိုယ်၇ပ်တည်မှုအစွန်းက
   ဟန်ချက်မပျက်စေဘဲ...
   တစ်ဖက်စွန်းကလူကို..
   မိတ်ဖွဲ့ တတ်ဖို့ ပဲ....။