Apr 7, 2012

သိပ်အများကြီးမလိုပါဘူး


လူ ...
အများကြီးတွေးတောဖို့မလိုဘူး
ဖြူစင်လေ ကောင်းလေ

သူငယ်ချင်း...
အများကြီးရှိဖို့မလိုဘူး
စိတ်တူကိုယ်တူလေ ကောင်းလေ

အချစ်...
အရမ်းကြီး စွဲလမ်းဖို့မလိုဘူး
ရိုးရှင်းလေ ကောင်းလေ

မိသားစု...
သတ်မှတ်ချက်၊ စည်းကမ်းချက်တွေ အများကြီးမလိုဘူး
သင့်မြတ်ပျော်ရွှင်လေ ကောင်းလေ

ကိုယ့်ကိုယ်ကို...
တောင်းဆိုမှုတွေ အများကြီးမလိုဘူး
ပျော်ရွှင်ခြင်းတွေ တစ်နေ့နည်းနည်းစီ စုဆောင်းနိုင်ရင်ရပြီ။
                                                                            99SN