Nov 29, 2011

ပညာ၇ှိ

ပညာရှိတွေက ခဲတံကို အချက်(၅)ချက်နဲ့ ဖွဲ့ဆိုတယ်။

 




(၁) လူတွေရဲ့ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။

(၂) ချွန်မြအောင် အချွန်ခံရတဲ့နာကျင်ဒဏ်ကို သင်ခံနိုင်မှ သင့်အရည်အချင်းကို သင်ထုတ်ပြနိုင်မှာဖြစ်တယ်။

(၃) သင်တစ်သက်မှာ အမှားမလုပ်မိဘူးဆိုတာ မရှိဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ ခဲဖျက်ရဲ့အကူအညီကိုယူပါ။ ဒါမှ လှပတဲ့အရာတွေကို သင်အရာထင်ဖန်တီးနိုင်မှာဖြစ်တယ်။

(၄) ချောမွတ်တဲ့အရာပေါ်ရောက်လေ သင့်အားကို ပိုစိုက်ထုတ်ရလေပါ။ ဒါမှ သင့်ဘဝ အရာထင် ကျန်ရစ်နိုင်ခဲ့မှာဖြစ်တယ်။

(၅) သင့်ရဲ့အရေးပါဆုံးအရာဟာ သင့်အပြင်ပန်းသဏ္ဌာန်မဟုတ်ဘူး.. သင့်ရဲ့အတွင်း "အဆံ"ဆိုတာကို အမြဲမှတ်ထားပါ။


လူ့ဘဝဟာလည်း ခဲတံတစ်ချောင်းနဲ့တူပါတယ်။ အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရင် အောက်ကအချက်(၅)ချက်ကို မှတ်သားရပါတယ်။

(၁) သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ဖို့ ခံနိုင်ရည်ရှိမှ သင့်စိတ်ကူးအိပ်မက်ကို သင်အကောင်အထည် ဖော်ဖြစ်နိုင်မှာဖြစ်တယ်။

(၂) ဘဝရဲ့အခက်အခဲ၊ ပြဿနာတွေကို ခါးစီးခံနိုင်မှ စိတ်ဓာတ်ကြံ့ခိုင်အား၊ လုပ်နိုင်အားစွမ်းရည်တွေက သင်ပိုင်ဆိုင်မှာဖြစ်တယ်။

(၃) သင့်ဘဝမှာ အမှားမလုပ်မိဘူးဆိုတာ မရှိနိုင်ဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ တခြားသူရဲ့အကူအညီကို ယူပါ။ ဒါမှ လှပတဲ့ဘဝကို သင်ဖန်ဆင်းနိုင်မှာဖြစ်တယ်။

(၄) ဆင်းရဲဒုက္ခများတဲ့ ပတ်ဝန်းကျင်ရောက်လေ သင်အားစိုက်ထုတ် ကြိုးစားရလေပါ။ ဒါမှ သင့်ဘဝ အောင်မြင်မှုတွေ ရမှာဖြစ်တယ်။
(၅) သင့်ဘဝရဲ့ အရေးပါဆုံးအရာက သင့်ပြင်ပအရာဝတ္ထုတွေ မဟုတ်ဘူး.. သင့် အတွင်းစိတ်ဆိုတာကို မြဲမြဲမှတ်ထားပါ။

အကောင်းဆုံးကိုပိုင်ဆိုင်နိုင်ကြပါစေ...

လှပတဲ့ စိတ်နဲ့ ကိုယ်ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို ခံစားမယ်။
စစ်မှန်ဖြူစင်တဲ့ စိတ်နဲ့ လူတိုင်းကို ဆက်ဆံမယ်။
တာဝန်သိတတ်တဲ့ စိတ်နဲ့ အလုပ်တွေကို ပြီးအောင်လုပ်မယ်။
မ၀င့်ဝါတဲ့ စိတ်နဲ့ ကိုယ့်အမှားကို စစ်ဆေးမယ်။
ပျော်ရွှင်တဲ့ စိတ်နဲ့ သူတစ်ပါးကို အပျော်တွေ မျှဝေမယ်။
တက်ကြွတဲ့ စိတ်နဲ့ အကူအညီလိုတဲ့ လူတွေကို ကူညီမယ်



Nov 28, 2011

အကောင်းဆုံး..

အကောင်းဆုံးကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။
လုံးဝပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။
လုံးဝအပြစ်ကင်းတဲ့အချစ်က ဝတ္ထုထဲမှာပဲရှိတယ်။
ချွတ်ယွင်းချက်မရှိတဲ့ အိမ်ထောင်ရေးက အိပ်မက်ထဲမှာပဲရှိတယ်။
အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။ အကောင်းဆုံးကိုရဖို့ မျှော်ကိုးနေလို့မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှရမယ်။

                                                                                        99SN

love

LOVE ရဲ့တကယ့်အဓိပ္ပာယ်က
L = Listen (နားထောင်တယ်)
O = Oblige (ကျေးဇူးပြုတယ်)
V = Value (တန်ဖိုးထား/လေးစားတယ်)
E = Excuse (ခွင့်လွှတ်တယ်)
...
တစ်သက်တာ လက်တွဲသွားနိုင်မယ့် အချစ်တစ်ခုကိုလိုချင်ရင် အချင်းချင်းရဲ့စကားကို နားထောင်တတ်၊ အချင်းချင်း ကျေးဇူးပြုတတ်၊ အချင်းချင်း တန်ဖိုးထားလေးစားတတ်၊ အချင်းချင်း ခွင့်လွှတ်တတ်ဖို့ သင်ယူရမယ်။
                                                                                               99SN

Nov 27, 2011

လူဆိုတာကဧည့် သည်တွေပါပဲ.....

တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို
တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ့ လိုက်ရတော့
ချက်ချင်းပဲ မေးလိုက်ပါတယ်။

“အရှင်ဘုရား... ဘာများအလိုရှိပါသလဲ ဘုရား”
“ငါအိပ်ဖို့ အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်”
“အို...အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ဘုရား။”
“နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ”

“တပည့်တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။”
“မင်းအဖေ အရင်ကော ဘယ်သူနေသွားသလဲ”
“တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား”
“မင်းအဘိုးအရင်ကော”
“တပည့်တော် အဘေး နေသွားပါတယ် ဘုရား”

“ဒါများကွာ....
နန်းတော်တဲ့၊ မင်းအဖေလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘိုးလည်း နေပြီး
ထွက်သွားရပြီ၊ မင်းအဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်း နေပြီး
ထွက်သွားရအုံးမယ်၊ ဒါတည်းခိုခန်းမဟုတ်လို့  ဘာလဲကွာ”

ဂျပန်ဘုန်းကြီးရဲ့ စကားကို ကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဖူးတဲ့ “သြော်...
ငါဟာတည်းခိုခန်းမှာ နေနေပါလား” ဆိုတဲ့ အသိဉာဏ်သစ်တစ်ခု လင်းကနဲ
ဝင်သွားပါတော့သတဲ့။
                                                                                                                       (ဂျပန် ဇင်ပုံဝတ္ထု)


သူငယ်ချင်းဆိုတာ...(၂)

လူ့ဘ၀ဆိုတာ ရထားတစ်စီးလိုပဲ... သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက တက်လာကြတယ်။
ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊
ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ် ဖွဲ့ဖို့အတွက်
အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... မိတ်ဆွေဟောင်းတွေနဲ့
ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... အချိန်တွေရဲ့
အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ
တဖြေးဖြေးကျဲလာခဲ့တယ်။

                                                                                                                         2907

သူငယ်ချင်းဆိုတာ..(၁)

ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ
ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း
ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက
အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ
ဘယ်နှစ်ယောက်ရှိလဲ... ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ်အမြဲရှိလဲ..


စကားတစ်ခွန်း ဘဝတစ်ခုကို ပြောင်းလဲစေသည်

ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃နှစ်သား ကလေးငယ်ကို
ရောင်စုံ ပူစီဖောင်း ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက
ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ခွ ခုန်ခွနဲ့ ပျော်နေခဲ့တယ်။
ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း
လွတ်သွားခဲ့တယ်။
ရုတ်တရက်မို့ ကလေးငယ်က အံ့သြတုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်သွားတဲ့
ပူစီဖောင်းကိုကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ဖြစ်နေခဲ့တယ်။ ဒါကို
ထက်မြက်တဲ့ မိခင်ကမြင်တော့ သားရှေ့ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့
"သားရေ.. ကြည့်စမ်း ပူဖောင်းရဲ့မေမေက ပူဖောင်းကလေးကို ထမင်းစားပြန်ဖို့
ခေါ်သွားပြီ.. သား လက်ပြ နှုတ်ဆိတ်လိုက်လေ" လို့ ပြောလိုက်တယ်။
ထူးခြားဆန်းသစ်တဲ့ မိခင်ရဲ့စကားကြောင့် ဝမ်းနည်းတာတွေကို သားတဒင်္ဂ
မေ့သွားခဲ့ပြီး အမြင့်ပေါ် ပျံတက်သွားတဲ့ ပူစီဖောင်းကို
လက်ပြနှုတ်ဆက်နေခဲ့တယ်။ ပါးစပ်မှာလည်း "တာ့တာ.. တာ့တာ" နဲ့ ဝဝကစ်ကစ်
ကလေးငယ်ရဲ့ မျက်နှာမှာ လင်းလက်တဲ့ အပျော်တွေ သမ်းနေခဲ့တယ်။
ဒီမြင်ကွင်းက ကျွန်တော့် မျက်စိကနေတစ်ဆင့် ရင်ထဲကို စူးစူးနစ်နစ်
ထိုးဝင်ခံစားစေခဲ့ပါတယ်။
မိခင်က အခက်အခဲကို ကယ်ဆယ်လိုက်ရုံမက ဝမ်းနည်းစိတ်ကို ပျော်ရွှင်စိတ်ဘက်
မသိမသာ ပြောင်းရွေ့လိုက်ပြီး ကျန်းမာတဲ့အမြင်ကို သားရင်ထဲအရောက်ပို့ပေးခဲ့တယ်။



တစ်ကယ်တော့ ဘဝမှာဖြစ်ပျက်တဲ့ ပြဿနာ အခက်အခဲကိစ္စတွေလည်း
ဖြေရှင်းပုံမမှန်ခဲ့ရင် အဆိုးဘက် ပိုရောက်ပြီး ပြဿနာကိုကြီးထွားစေနိုင်ပါတယ်။


အကယ်၍ ပူစီဖောင်း ပျံတက်သွားတဲ့ တခဏမှာ မိခင်က " မငိုနဲ့ သား.. မငိုနဲ့
မေမေနောက်တစ်လုံး ဝယ်ပေးမယ်" လို့ ပြောခဲ့ရင် သားရဲ့ စိတ်ထဲမှာ "ကိုယ်
အမှားလုပ်ခဲ့မိရင် လူကြီးတွေက တာဝန်ယူလိမ့်မယ်၊ လူကြီးတွေက ဖာထေးပေးမယ်၊
အလျှော်ပေးမယ်" ဆိုတဲ့ အတွေးမှားမျိုး ဝင်ရောက်နိုင်ပါတယ်။
ဒီလိုအတွေးမှားက အကျင့်တစ်ခုလို သူရင်မှာ ခိုအောင်းနေလိမ့်မယ်။
အကယ်၍ မိခင်က " အာ.. ကြည့်စမ်း.. ဒီလောက်တောင် တုံးရသလား?
ပူဖောင်းတစ်လုံးကိုတောင် မြဲအောင် မကိုင်နိုင်ဘူးလား" လို့ ဆူပူခဲ့ရင်
ကလေးငယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့လာပြီ ဒါလေးတောင်
ငါမလုပ်နိုင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။


အကယ်၍ မိခင်က "ဟင်း.... ပူဖောင်းရောင်းတဲ့လူ သွားလိုက်ပြီ။ သားကို မေမေ
နောက်တစ်လုံး ဝယ်ပေးလို့ မရတော့ဘူး" လို့ သက်ပြင်းချ ငြီးငြူခဲ့ရင်
နောင်တစ်ချိန်မှာ အခက်အခဲနဲ့ ကြုံလာတဲ့အချိန် ကလေးငယ်မှာလည်း
စိတ်ပျက်ငြီးငြူ၊ လက်လျော့မှုတွေ များလာတတ်ပါတယ်။


အပေါ်က မိခင်လို အဓိပ္ပါယ်ရှိတဲ့ ထီထွင်ဆန်းသစ်မှုအသစ်နဲ့ ကလေးငယ်ရဲ့
ဝမ်းနည်းနေတဲ့အာရုံကို အဝေးသို့ လွင့်စင်သွားနိုင်အောင်
ဆွဲဆောင်နိုင်ခဲ့သလို ကလေးငယ်ရဲ့ တွေးတောလိုစိတ်ကိုတံခါးဖွင့်ပေးလိုက်နိုင်ခဲ့ပါ
တယ်။
အဲဒီအပြင် ထမင်းစားချိန်မှာ မေမေထမင်းစားခေါ်လို့ သူပြန်သွားတယ်ဆိုတဲ့
မိခင်စကားကို နားထောင်တဲ့ ကလေးတစ်ဦးအဖြင့် ကလေးငယ်ကိုလှပတဲ့အတွေးဝင်စေခဲ့ပါတယ်။


အဆိုးကို အကောင်းပြောင်းတာမှန်ပေမယ့် အဲဒီအပြောင်းအလဲကြားမှာ
အကျိုးရှိတဲ့ အတွေးလေးတွေ၊ ဆန်းသစ်မှုတွေလည်း လိုအပ်ပါတယ်။



ပညာဆိုတာ

"  ပညာဆိုတာ ကောင်းပါတယ်။
ပညာရှိချင်တာလား?
ပညာပြချင်တာလား?
နည်းနည်းတော့   စဉ်းစားပါအုံး............."
                                                                                  ဓမ္မဒူတ ဆရာတော်


စုပြီး ဆုံပြီး ရှင်းလင်းကြတာက
စုဆုံပြီး ငြင်းကြတာထက်
အကျိုးကောင်းတွေ များပါတယ်...................

                                                                                        2907

ပုထုဇဉ် ဆိုပေမဲ့ ....

ပုထုဇဉ် ဆိုတာ အပြစ်နဲ့ မကင်းဘူး ဆိုပေမယ့်
ဆရာသမားက ကိုယ့်တပည့်ပါ လို့ မပြောချင်လောက်အောင်
မိဘက တို့သားသမီးပါ လို့ မပြောချင်လောက်အောင် အထိတော့
မဖြစ်သင့်ဘူး.............................................



စွန့်် လွှတ်သူ..

စွန့်် လွှတ်သူ ဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ
သူလွှတ်တဲ့ စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတတ်သူမျိုးပါ

                                                                       

                                                                            ဓမ္မဘေရီ ဆရာတော် 

အကြီးလား၊ အလတ်လား၊ အငယ်လား

အကြီးလား၊ အလတ်လား၊ အငယ်လား


စိတ်ပညာရှင်တွေရဲ့ လေ့လာချက် အရ မွေးချင်းထဲမှာ သင်က နံပါတ် ဘယ်လောက်လဲ ဆိုတာပေါ် မူတည်ပြီး သင်က ဘယ်လို လူမျိုးလဲ ဆိုတာနဲ့  ဘဝကို ဘယ်လို နေထိုင်သွားသလဲ ဆိုတာ ကွဲပြားနေပါတယ်။ မောင်နှမတွေထဲမှာ အကြီးဆုံး၊ အငယ်ဆုံး၊ အလတ်တို့ဟာ တစ်မိဘထဲက မွေးတာတောင် စိတ်နေ စိတ်ထားက မွေးဖွားတဲ့ အစီအစဉ် အလိုက် တစ်ယောက်နဲ့ တစ်ယောက် ကွဲပြား ခြားနား နေတတ်ကြပါတယ်။ ကလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေက မိဘ မျိုးရိုးဗီဇ အပေါ် မူတည်နေသလို မိဘရဲ့ ပြုစု ပျိုးထောင်မှု၊ အပြုအမူ၊ ပတ်ဝန်းကျင်၊ သူငယ်ချင်း အပေါင်းအသင်းနဲ့ မီဒီယာတို့ အပေါ်လည်း မူတည်နေပါတယ်။ အောက်ပါတို့ကတော့ မွေးချင်းအလိုက် အကြီးဆုံး၊ အလတ်နဲ့ အငယ်ဆုံး တို့ရဲ့ စိတ်နေစိတ်ထားနဲ့ ဘဝကို ရှုမြင်ပုံ တို့ကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။
အကြီးဆုံး

ရှေးရိုးစွဲ
 

အကြီးဆုံးတွေဟာ သားဦး၊ သမီးဦး ဖြစ်တဲ့ အလျောက် မိဘတွေက တုန်နေအောင် ချစ်ကာ ဖူးဖူးမှုတ်ထားတတ်ကြ ပါတယ်။ အာရုံစိုက်မှု၊ ဦးစားပေးမှုကို ခံရတဲ့ နည်းတူ မျှော်လင့်ချက် ကြီးမားစွာ ထားခံရမှုကြောင့် ဖိအားဒဏ် ခံရပါတယ်။ မိဘတွေ မျှော်လင့်ထားတဲ့ စံရောက်အောင် ကြိုးစားရမှုကြောင့်လည်း မိဘစကား နားထောင်သူများ၊ ရည်မှန်းချက် ကြီးသူများ၊ အလုပ်ကို အသေးစိတ် စေ့စပ် သေချာစွာ လုပ်သူများ ဖြစ်တတ်ကြပါတယ်။ မိဘကို စံထားကာ ကြိုးစားတတ်ပြီး စိုးရိမ်စိတ် ကြီးတဲ့ သတိကြီးတဲ့ ရှေးရိုးစွဲ ဝါဒီတွေလည်း ဖြစ်တတ်ကြပါတယ်။

မနာလိုစိုးရိမ်
 

အစ်ကိုကြီး အဖရာ၊ အစ်မကြီး အမိရာ ဆိုတဲ့ စကားအတိုင်း အကြီးဆုံးတွေက မောင်နှမတွေထဲမှာ မိဘလို စံနမူနာ ထားစရာ ပုဂ္ဂိုလ်တွေလို ဖြစ်နေပါတယ်။ ဒါကြောင့်လည်း သူတို့က ဆရာကြီးဆန် နေကြတာပါ။ ပြီးတော့ သူတို့က ကြောက်တတ် စိုးရိမ်တတ်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ခုမှ မိဘ ဖြစ်ခါစ မိဘတွေဟာ သူတို့ရဲ့ သားဦးတွေ အပေါ် အစိုးရိမ်လွန်၊ ဂရုစိုက်လွန်တာကြောင့်ပါ။ ဖူးဖူးမှုတ် ခံနေရာကနေ နောက်ထပ် ကလေး ရလာရင် ထိုကလေးအပေါ် ဂရုစိုက်မှုတွေ ပြောင်းသွားတာကြောင့် မိဘတွေ အာရုံစိုက်မှုကို ဆုံးရှုံးရတဲ့ အပေါ်မှာလည်း သူတို့က မနာလိုတတ်ကြပါတယ်။

ဥာဏ်ကောင်း
 

စိတ်ပညာရှင် တချို့ရဲ့ အဆိုအရ အကြီးဆုံး ကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေး IQ က အငယ်တွေထက် ပိုသာကြောင်း သိရပါတယ်။ မွေးချင်း အစဉ်လိုက်မှာ ရှေ့ရောက်လေလေ IQ မြင့်လေလေ ဖြစ်ပါတယ်။ ဥပမာ- မွေးချင်း လေးယောက် ရှိရင် အကြီးဆုံးရဲ့ IQ က အငယ်ဆုံးထက် လေးမှတ်လောက် သာနေမှာပါ။ အကြီးဆုံးတွေက ဉာဏ်လည်းကောင်း၊ အလုပ်လည်း ကြိုးစားတာကြောင့် အောင်မြင်သူတွေ ဖြစ်တတ်ကြပါတယ်။ တစ်ဦးတည်းသော ကလေးကတော့ အောင်မြင်တဲ့ အကြီးဆုံးတွေနဲ့ မတူဘဲ အောင်မြင်တဲ့ သူဌေး ဖြစ်နိုင်ခြေ နည်းတာကိုလည်း သတိထားမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ဦးတည်းသော ကလေးဟာ သူနဲ့ ပြိုင်ရမယ့် မောင်နှမ မရှိတာကြောင့် အောင်မြင်ဖို့ တွန်းအား မရှိလို့ပဲ ဖြစ်ပါတယ်။
စေ့စပ် သေချာတဲ့ အလုပ်
 
အကြီးဆုံးတွေဟာ စေ့စပ် သေချာသူတွေ ဖြစ်လို့ အလုပ် လုပ်တဲ့အခါ အသေးစိတ် လုပ်ရပြီး စည်းကမ်း ရှိဖို့လိုတဲ့ အလုပ်အကိုင်တွေ ဖြစ်တဲ့ ငွေစာရင်းကိုင်၊ အင်ဂျင်နီယာ၊ IT ပညာရှင် စတာတွေနဲ့ သင့်တော်ပါတယ်။ ကိုယ်ပိုင် အလုပ် လုပ်ကိုင်ရင်လည်း အောင်မြင်မယ့် သူတွေပါ။

အလတ်

ကြားညပ်
 

အလတ်တွေဟာ မိသားစု တစ်ခုမှာ ကြားညပ်နေတတ်ကြပြီး တော်ရုံတန်ရုံ သိပ်ပြီး သတိထား မခံရပါဘူး။ အကြီးဆုံးကို ဦးစားပေးရသလို အငယ်ကိုလည်း အလိုလိုက် ရတာကြောင့် အလတ်တွေဟာ သည်းခံတတ်ကြပါတယ်။ ကိုယ့်အာရုံနဲ့ကိုယ် ဘာသိဘာသာလည်း နေတတ်ကြပါတယ်။

ပေါင်းသင်း ဆက်ဆံတတ်
 
အနေအေးတယ် ဆိုပေမယ့် ပေါင်းသင်း ဆက်ဆံရေးမှာတော့ အလတ်တွေက အတော်ကို ကျွမ်းကျင်ကြပါတယ်။ အကြီးလို သြဇာပြလို့ မရသလို အငယ်လို ချွဲလို့လည်း မရတာကြောင့် သူတို့ လိုချင်တာ ရဖို့ စေ့စပ် ညှိနှိုင်းခြင်း၊ ဆွေးနွေး တိုင်ပင်ခြင်း၊ မဟာမိတ်ဖွဲ့ခြင်း စတဲ့ နည်းဗျူဟာတွေ သုံးတတ်ကြပါတယ်။ မိသားစု ရန်ပွဲတွေမှာလည်း သူတို့က ဖျန်ဖြေရေး သမားတွေပါ။ နောက်ပြီး မိသားစုဝင်တွေရဲ့ ခံစားချက်ကို ရင်ဖွင့်ရာ ဟစ်တိုင်ကြီးလည်း ဖြစ်နေတတ်ပါတယ်။ အလတ် ဖြစ်တဲ့အလျောက် အလယ်အလတ် လမ်းစဉ်ကိုသာ လိုက်ကာ အစွန်း မရောက်တတ်ကြပါဘူး။ အရာရာကို ချင့်ချိန် တတ်ကြပါတယ်။
မိတ်ဆွေ အပေါင်းအသင်း
သူငယ်ချင်း အပေါင်းအသင်းတွေကတော့ အလတ်တွေ အတွက် အရမ်းကို အရေးပါ ပါတယ်။ မိသားစုနဲ့ မောင်နှမတွေဆီက မရတဲ့ အာရုံစိုက်ခံရမှုနဲ့ အသိအမှတ်ပြု ခံရမှု တို့ကို ချစ်သူနဲ့ သူငယ်ချင်းတွေ ဆီကနေ ရတတ်တာကြောင့်ပါ။ ချစ်သူနဲ့ သူငယ်ချင်းတွေ အပေါ် အရမ်းလည်း သစ္စာ ရှိကြပါတယ်။ အပေါင်းအသင်းကလည်းမင် ဆက်ဆံရေးကလည်း ကောင်းဆိုတော့ လူချစ်လူခင် များတတ် ပါတယ်။
နိုင်ငံရေးသမား
 

စကားပြော အတတ်ပညာနဲ့ စေ့စပ် ညှိနှိုင်းရေး ပညာတို့ကို ကျွမ်းကျင်တာကြောင့် နိုင်ငံရေး လုပ်ရင်တော့ အောင်မြင်မယ့်သူပါ။ စိတ်ပညာရှင်တွေရဲ့ လေ့လာချက် အရ အလတ်တွေဟာ ဝန်ကြီးချုပ် ဖြစ်နိုင်ခြေ အများဆုံး ရှိသူတွေလို့ တွေ့ရပါတယ်။
အငယ်ဆုံး

ရဲရင့်စွန့်စား
 

အငယ်ဆုံး ကလေးတွေဟာ တစ်မိသားစုလုံးရဲ့ အချစ်ဆုံးလေးတွေ ဖြစ်ကြသလို အသွက်ဆုံး၊ အထက်ဆုံး၊ အရဲဆုံးလေးတွေလည်း ဖြစ်ကြပါတယ်။ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်ကြကာ မိသားစု အစဉ်အလာ ကနေ ထိုးဖောက်ခွဲထွက်ဖို့ ဝန်မလေးကြသူတွေလည်း ဖြစ်ပါတယ်။ အရဲစွန့်ရတဲ့ အလုပ်တွေကို နှစ်သက်ကြပါတယ်။ ဒါကြောင့်လည်း အားကစားမှာ ဆိုရင် စွန့်စားရတဲ့ အားကစားတွေ ဖြစ်တဲ့ လေထီးခုန်ခြင်း၊ ရေလွှာလျှောစီးခြင်း တို့ကို စမ်းလုပ်ချင်ကြတာပါ။ ဆန့်ကျင်ဘက် ဖြစ်တဲ့ ရှေးရိုးစွဲ အကြီးဆုံး တွေကတော့ ဂေါက်ရိုက်ခြင်း၊ ရေကူးခြင်းလို အားကစားတွေကိုသာ လုပ်ကြပါတယ်။ စွန့်စားရဲသူတွေ ဖြစ်တာကြောင့်လည်း ကမ
ာ့ စွန့်ဦး တီထွင်သူတွေ၊ ရှာဖွေ တွေ့ရှိသူတွေ အများစုက အငယ်ဆုံး မွေးချင်းတွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါး
 

အငယ်ဆုံးလေးတွေဟာ ကိစ္စရပ် အများစုမှာ အသက်အရွယ်၊ အင်အား၊ ကိုယ်လုံးကိုယ်ထည် ကွာဟမှု တို့ကြောင့် အကြီးတွေနဲ့ မယှဉ်နိုင်ကာ အနိုင် မရနိုင်ကြောင်း သိထားကြပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိပ်ဆုံးမှာ မရောက်တဲ့ အတွက် ဘာမှ မခံစားရသလို ဖိအားလည်း မများပါဘူး။ စိတ်သက်သက်သာသာနဲ့ ပေါ့ပေါ့ပါးပါးပဲ သဘောထားတတ်ကြပါတယ်။ ပြိုင်ဆိုင်လိုစိတ်၊ အနိုင်ရလိုစိတ် သိပ်မများကြပါဘူး။
ကြင်နာတတ်
 

အငယ်ဆုံးတွေဟာ အိမ်မှာ သူတို့ထက် ငယ်တဲ့သူတွေ မရှိတာကြောင့် သူတို့ သနားရမယ့်သူ၊ ကရုဏာ ထားရမယ့်သူ မိသားစုမှာ ရှိမနေပါဘူး။ ဒါကြောင့်လည်း အငယ်ဆုံး ကလေးတွေဟာ သူတို့ ကြင်နာလို့ရတဲ့ အရုပ်လေးတွေ၊ အိမ်မွေး တိရစ္ဆာန်လေးတွေကို အရမ်း ချစ်တတ်ကြတာပါ။ အငယ်ဆုံးတွေဟာ စိတ်ထား နူးညံ့ပြီး စေတနာကောင်းကာ ကရုဏာ ထားတတ်ကြသူများ ဖြစ်ပါတယ်။ ဘာသာရေး ကိုင်းရှိုင်းပြီး အလှူအတန်းလည်း ရက်ရောကြပါတယ်။

သရုပ်ဆောင်ပိုင်နိုင်
 

သွက်လက် ရဲတင်းသလို စိတ်ခံစားမှု ပြင်းထန်ကာ စိတ်ကူးယဉ်တတ်တာကြောင့်လား မသိ။ အငယ်ဆုံးတွေဟာ ရုပ်ရှင် သရုပ်ဆောင် လောကမှာ နေရာ ရနေကြတာ တွေ့ရပါတယ်။ ဂျူလီယာရောဘတ်နဲ့ ရိစ်ဝီသာစပွန်း တို့လို အော်စကာ သရုပ်ဆောင် မင်းသမီးတွေက အငယ်ဆုံးတွေပါ။
  




Nov 25, 2011

ဘာကြောင့် လဲ

ကျွန်တော်သူငယ်ချင်းတစ်ယောက်မှာ..မွေးကတည်းကလက်နှစ်ဖက်ပါမလာဘူး။  
ဒါပေမဲ့ သူက"ငါမှာဘာကြောင့် လက်နှစ်ဖက်မပါ၇တာလဲ"  ဆိုတဲ့ မေခွန်းမျိုးမမေးခဲ့ ဘူး။
     သူမေးတာက   "ငါခြေထောက်တွေနဲ့ ဘာလုပ်နိုင်မလဲ"....
သူ့ ခြေထောက်ကိုသုံးပြီး...တူနဲ့  အစားစားနိုင်တာကိုကျွန်တော်မြင်တော့ ..
  "" လူကောင်းနီးပါးလုပ်နိုင်တာပဲ"" လို့ အံ့အားသင့် ခဲ့ ၇တယ်၊။


    ကြွေကွဲစ၇ာအဖြစ်ဆိုးနဲ့ ကြုံတဲ့ အခါ...ဒါမှမဟုတ်အားလုံးဆုံး၇ုံးသွားတဲ့ အခါ...ဒါမှမဟုတ်ချစ်သူကကိုယ်ကို
စွန့် ခွာသွားတဲ့ အခါ  ကျွန်တော်တို့ အများဆုံးမေးတဲ့ မေးခွန်းက...
  ""ဘာကြောင့် လဲ""
  "" ဘာကြောင့် ငါကိုမှ................""
  ""ဘာကြောင့် ခုချိန်မှ........""
   ""ဘာကြောင့် လဲ"" ဆိုတဲ့ မေးခွန်းတွေမေးခြင်းဟာ..ကျွန်တော်တို့ ကို၇ူးသွပ်သွားစေနိုင်ပါတယ်....
များသောအားဖြင့် ..ဘာကြောင့် လဲ  ဆိုတဲ့ မေခွန်းအတွက်..အဖြေမ၇ှိပါ...။  ဒါကြောင့် ဘာကြောင့် ဘာကြောင့် လဲဆိုတာကအေ၇းမပါဘူး.....
လောကမှာအကျိုး၇ှိအောင်နေတတ်သူတွေက..."ဘာ''ဆိုတဲ့ မေးခွန်ကိုသာမေးတတ်ကြတယ်.။
''ဒီကိစ္စမှာငါဘာလုပ်နိုင်မလဲ''
''ဒီဖြစ်၇ပ်မှာ..ငါဘာသင်ခန်းစာ၇လိုက်သလဲ""
    အခြေအနေ  က  တကယ်ကိုမျော်လင့် ချက်ကင်းနေတဲ့ အခါသူတို့ က" အခြေအနေ တွေပြန်ကောင်းလာ
အောင်..နောက်  ၂၄ နာ၇ီအတွင်းမှာငါဘာလုပ်နိုင်သလဲ""


PS;  အပျော်ရွင်ဆုံးလူတွေဟာ...ဘ၀မှာမျှတမှု၇ှိသလား..မ၇ှိဘူးဆိုလားဆိုတာကိုဂ၇ုမစိုက်ဘူး...
        သူတို့ မှာ၇ှိတာနဲ့ အတတ်နိုင်ဆုံး၇အောင်လုပ်တယ်။။
        ဘ၀မှာမျှတမှု၇ှိသလား...၇ှိချင်မှ၇ှိမယ်..။
       ဒါပေမဲ့ဘာကြောင့်မမျှတ၇သလဲဆိုတဲမေးခွန်းကအေ၇းမပါဘူး။


ဂုဏ်အင်္ဂါ၇ပ်

မှန်ထဲမှာကိုယ်ကိုကိုယ်ကြည့် ပြီး..ဒီလိုပြောခဲ့ ဘူးသလား...
  "ငါ၇ဲ့မျက်နှာကဒါမျိုးမဟုတ်၇င်...ကိုယ်လုံးကဒါမျိုးမဟုတ်၇င်..နှာခေါင်းကဒါမျိုးမဟုတ်၇င်ကောင်းမှာပဲ"
ကိုယ်ဘ၀ကိုပြန်တွေးပြီးဒီလိုပြောခဲ့ ဖူးသလား..
"ဘာကြောင့်များတစ်ခြားသူတွေကသိပ်ပြီးပါ၇မီထူးနေကြ..ဦးနှောက်တွေကောင်းပြီးထက်မြက်နေကြတာလဲ"
"ငါသူတို့ လို စိတ်ချမ်းသာမှူ၇အောင်ဘယ်လိုလုပ်နိုင်မလဲ"
ကျွန်တော်တို့ အတော်များများဒီလိုအတွေးမျိုးတွေ၇ှိကြပါတယ်...
ဒါပေမဲ့ ဒီနေမှာ...အလွန်အေ၇းကြီးတဲ့ အချက်က...
၇ုပ်ချောတာ..ဥာဏ်ကောင်းတာတွေထက်....ကျွန်တော်တို့တန်ဖိုးအထားဆုံးအ၇ည်အချင်းတွေကတော့ ..
၇ိုးသားခြင်း၊သတ္တိ၇ှိခြင်း၊ဇွဲ၇ှိခြင်း၊စိတ်ထားမွန်မြတ်ခြင်းနဲ့ မိမိကိုယ်မိမိနှိမ့်ကျခြင်းတို့ ပဲဖြစ်တယ်..
အေဘ၇ာဟမ်လင်ကွန်း၊မာသာထ၇ီဇာနဲ့ မဟတ္တမဂန္စီတို့လိုသမိုင်းမှာလူကြည်ညိုလေးစားခံစား၇သူတွေဟာ
၇ုပ်လည်းမချောကြပါဘူး၊ ဥာဏ်လည်းအထူးကောင်းသူတွေမဟုတ်ကြပါဘူး။
  ကိုယ်ကိုကိုယ်၇ိုးသေလေးစားမှုနဲ့တခြားသူတွေကကိုယ်ကို၇ိုသေလေးစားဖို့အတွက်ဥာဏ်ပညာထက်မြတ်
ထူးချွန်နေဖို့ ဒါမှမဟုတ်စူပါမော်ဒယ်လ်ဖြစ်နေဖို့ မလိုပါဘူး..
   ကိုယ်ပိုင်၇ိုးသားမှု၊ဆုံးဖြတ်နိုင်မှု၊စိတ်ထားမွန်မြတ်မှု.၊ကိုယ်ကိုကိုယ်နှိမ်ချနိုင်မှုနဲ  သတ္တိ၇ှိမှုတို့ ကို 
  ကိုယ်ဘာသာကိုယ်ပြုစုပျိုးထောင်ဖို့ ပဲဖြစ်ပါတယ်။
   ဒါကိုဂုဏ်အင်္ဂါ၇ပ်လို့ ခေါ်ပါတယ်....


PS;  ကိုယ်ကိုကိုယ်ဘယ်လိုသဘောထားတယ်....ဆိုတာကိုယ့် လက်ထဲမှာပဲ၇ှိပါတယ်....


အခက်အခဲတွေနဲ့ ကြုံတဲ့ အခါ...

အခက်အခဲတွေနဲ့ ကြုံတဲ့ အခါ......
                                               ကိုယ်လုပ်နိုင်တာကတော့.မျက်လုံးစုံပိတ်မအိပ်ခင်မှာ..အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ပါပဲ.။
  မနက်ဖြန်...သူဘာသာသူဖြစ်သွားလိမ့် မယ်...

ကျွန်တော်တို့ ...

တချို့ကိစ္စ.......ကျွန်တော်တို့ နားမလည်နိုင်ခဲ့ဘူး။
တချို့လူ .........ကျွန်တော်တို့ မခန့်မှန်းတတ်ခဲ့ဘူး။
တချို့ခုတုံး....... ကျွန်တော်တို့ မကျော်ဖြတ်နိုင်ခဲ့ဘူး။
တချို့ဒဏ်ရာ.......... ကျွန်တော်တို့ ကုသမပျောက်နိုင်ခဲ့ဘူး။
တချို့နာကျင်မှု ...... ကျွန်တော်တို့ ခံနိုင်ရည်မရှိခဲ့ဘူး။
တချို့ခံစားချက်....... ကျွန်တော်တို့ ဖွင့်ပြောပြမတတ်ခဲ့ဘူး။
တချို့အချစ်......... ကျွန်တော်တို့ ဘယ်တော့မှ မရနိုင်ခဲ့ဘူး။
တချို့စိတ်ကူး.....ကျွန်တော်တို့ လက်တွေ့အ
ကောင်အထည်မဖော်နိုင်ခဲ့ဘူး။ 
တချို့ပိုင်ဆိုင်မှု....... ကျွန်တော်တို့ တန်ဖိုးမထားတတ်ခဲ့ကြဘူး။  

ရင့်ကျက်တယ်ဆိုတာ...

ရင့်ကျက်တယ်ဆိုတာ စိတ်အိုသွားတာမဟုတ်ဘူး။ ရင့်ကျက်တယ်ဆိုတာ ငိုချင်သည့်တိုင် အပြုံးကို ထိန်းထားနိုင်တာဖြစ်တယ်။
 

Nov 24, 2011

ခံယူချက်..


''ငါဟာ..ကိုယ်အားကိုယ်ကိုးနိုင်တဲ့သူတစ်ယောက်ဖြစ်၇မယ်ဒါဟာငါဘ၀မှာအေ၇းကြီးဆုံး..အခြေခံအကျဆုံး
 ဆုံးဖြတ်ချက်ဖြစ်တယ်
ငါလိုချင်တဲ့ ပညာကိုကိုယ်အားကိုယ်ကိုးပြီး၇ှာနိုင်၇မယ်..မြင့် မြတ်တဲ့ အမှန်တ၇ားကိုသိနိုင်သူဖြစ်၇မယ်
ငါလိုချင်တဲ့ဝင်ငွေကိုကောင်းတဲ့ နည်းနဲ့ လုံလောက်အောင်၇ှာနိုင်သူဖြစ်၇မယ်..
ငါလုပ်တဲ့ အလုပ်ဟာလူအသိုင်းအ၀ိုင်းထဲကိုအကျိုးပြုတဲ့ အလုပ်ဖြစ်၇မယ်။ငါအသိုင်းအ၀ိုင်းထဲမှာငါယူသင့်တဲ့ တာဝန်ကိုယူတဲ့ သူဖြစ်၇မယ်
ငါကိုယ်ငါလေးစားတဲ့ သူဖြစ်၇မယ်..
ငါ၇ဲ့ ကိုယ်ကျင့် သိက္ခာကိုလူအများလေးစားနိုင်၇မယ်..
ငါ၇ဲ့ ၇ိုးသားမှု..ဖြောင့် မတ်မှုကိုအစစ်ဆေးခံနိုင်တဲ့ သူဖြစ်၇မယ်..''
အဲဒီလို၇ည်၇ွယ်ချက်ကိုပြတ်ပြတ်သားသားထားနိုင်၇င် ဘယ်သူမဆိုအောက်တန်းကျတဲ့ မဖြစ်တော့ ဘူး..
ဂုဏ်သိက္ခာ၇ှိတဲ့ သူပဲဖြစ်မယ်..
                                                                                                                                         2907

ကျေးဇူးတင်တတ်တဲ့ စိတ်

...လူတိုင်းမှာကျေးဇူးတင်တတ်တဲ့ စိတ်၇ှိဖို့ လိုတယ်.။ အမှန်တော့ တစ်ဦးပေါ်တစ်ဦးတိုက်၇ိုက်ဖြစ်စေ..သွယ်ဝိုက်
ပြီးတော့ ဖြစ်စေ   တစ်ဦးကျေးဇူး  တစ်ဦးမှာ ဆိုတာ၇ှိနေပါတယ်။ 
၇ှိနေတာကိုမြင်အောင်ကြည့် တတ်ဖို့ လိုတယ်...။တစ်ချို့ ကျေးဇူးတွေကအင်မတန်သိမ်မွေ့ လို့ တော်တော်နဲ့ 
မမြင်နိုင်ဘူး...။  ကြည့်တတ်၇င်၇န်သူတောင်မှ  ကျေးဇူး၇ှိတယ်။ သူကြောင့် ကိုယ်မှာအများကြီး၇င့် ကျက်
လာတယ်..။တိုးတက်လာတယ်။ခံနိုင်၇ည်ပို၇ှိလာတယ်။ 
           အခက်အခဲတွေ ဒုက္ခတွေဟာကိုယ်ကို့ ကို၇င့် ကျက်အောင်လုပ်ပေးတယ်..။ ကိုယ့် ကို အပြစ်တင်ဝေဖန်
တဲ့ လူတွေကအစ  အမှန်တော့ကျေးဇူး၇ှင်ပါပဲ။အကူအညီပေးတဲ့ သူဆို၇င်တော့ အထူးပြောဖွယ်မ၇ှိဘူး။
အင်မတန်ကျေးဇူးကြီးပါတယ်.. 
                                                                                                                                                    2907



                                                                                                                        

..........

တစ်သက်သာအတွင်း   မိမိဘ၀ကို  တည်ဆောက်၇န်  အခွင့် အလမ်းတစ်ကြိမ်သာ၇သည်  မဟုတ်။
ဘ၀သက်တမ်း  မပြီးဆုံးမချင်း  အကြိမ်ကြိမ်တည်ဆောက်ခွင့် ၇ှိပါသည်...
 

Nov 23, 2011

"လူ"

--- လောကဇာတ်ခုံဗီဒီယိုပိတ်ကားပေါ်
     ၇ီ..ငို...ပြုံး.....လူအကုန်လုံး
     ဟန်ဆောင်မျက်နှာဖုံးတွေကိုယ်စိနဲ့ ။
---"အူဝဲ..အူဝဲ" အ၇ွယ်ထဲကစ
   လူထဲသူထဲေ၇ာက်ချိန်ထိ
   ပကတိ၇ိုးသားဆဲပါ...မလိမ်မညှာတတ်ခဲ့ ဘူး.
---အခုတော့ ငါ..ဟိုလူလိမ်..ဒီလူညှာ
    တစ်ခါတစ်ခါ..ငါကိုယ်ငါတောင်ဟန်ဆောင်
   "အတ္တ" ဆိုတဲ့ အကောင်..ငါ့ဆီမှာအတောင်ပေါက်ခဲ့ ပြီ
---ကြောင်တောင်တောင်အလုပ်ကိုယ်စီနဲ့ 
    အယောင်ဆောင်အ၇ုပ်ကောင်တွေလည်း...ပတ်ဝန်းကျင်ထဲပြည့် နှက်
   တစ်ချို့ ကဘ၀တွေခါးသက်..
    တစ်ချို့ ကလောဘတွေလွမ်းခြုံ
    တစ်ချို့ က...တစ်ချို့ က..တစ်ချို့ က...မာနတွေခေါင်ခိုက်
   ဘ၀အမှောင်တိုက်ထဲစ၇ိုက်အမျိုးမျိုးနဲ့ မိုက်မဲ။
---ဒီလို နဲ့ ပဲ...လူထဲကလူ
  ဘ၀အပူထဲကမေ၇ှာင်၇ှားနိုင်သေ၇ွ့ တော့ 
  ပုထုဇဉ်လူသား..ငါ...ဟန်ဆောင်သွားပါ၇စေ...
 လောကဇာတ်ခုံပေါ်ကြုံတဲ့ အခန်းမှာပျော်သလိုသ၇ုပ်ဆောင်
  အပုပ်ကောင်ငါကိုယ်ထဲမှာ...အတ္တတွေထည်လဲသုံးစွဲခွင့် ပေးပါ...

                                                                                                              2907


my AutoCAD Design of Concorde plane!




Concorde


Features of  the Concorde that other aircraft do not have:

As any aircraft approaches the speed of 

sound (1100 ft/s, 343 m/s), the air pressure 

builds up in front of the aircraft, forming a 

"wall" of air. To punch through that wall of 

air, planes must be streamlined.

Streamlined design

Needle-like fuselage

Swept-back delta wing

Movable nose

Vertical tail design

The long, narrow shape of the 

Concorde reduces the drag on the 

plane as it moves through the air.


concorde

 


                                   History:


9 of March 1959 - Thinking of commercial 

supersonic planes - Great Britain  


17 of August1962 –(Handley Page) HP-115 

tests a supersonic wing - Great-Britain


31 of December 1968 – The Soviets create  
 

the Tupolev TU-144, nicknamed Concorde, 

is the first supersonic commercial plane to fly


. It flew for 38 minutes.


2 of March 1969 -Toulouse, Concorde 001 


takes off.


9 of April of 1969 - Up to Concorde 002.
 

of October 1969 – Concorde 001 crosses 

sound barrier - Toulouse .

18 of February 1973- The TU-144 where 

withdrawn from any further flights with no 

reason given, after two of them crashed.







21 of January 1976 –First comercial flight for 

the concord.

23 of July 2000 - British Airways discloses 

that cracks had been found in the wings of all 

seven of its Concorde jets. Air France makes 

a similar disclosure the following day, having 

found cracks in four of its six Concordes.

25 of July 2000-  An Air France Concorde 

flying to New York crashes outside Paris 


 shortly after takeoff, killing all 113 people on 


board and four people on the ground.
.


A Boeing 747 aircraft cruises at about 560  

mph (901 kph, or Mach 0.84) at an altitude of 
 

35,000 ft (10,675 m). In contrast, the 

Concorde cruises at 1,350 mph (2,172 kph, or  

Mach 2) at an altitude of 60,000 ft (18,300 

m).

The Concorde is limited in setting, it can 

 only 

take 100 passengers while a Boeing 747 can 

take up to 416 passangers.

The Concorde has not video capabilities 

because it was thought too heavy, however 

the Boeing 747 does have it. 


The wing of the Concorde is thin, swept 

back and triangular.

There is no space between the fuselage and 

the wing of the Concorde.

The Concorde's wing is called a delta-wing 

design and does the following:


Reduces drag by being thin and swept back (55 

degrees with the fuselage)

Provides sufficient lift for takeoff and landing at 

subsonic speeds

Provides stability in flight so that no horizontal 

stabilizers are needed on the tail

 

The Concorde has a longer, needle-shaped nose 

compared to most commercial jets:

The nose helps penetrate the air, and can 

be tilted down upon takeoff and landing 

(13 degrees) so that the pilots can see the 

runway.

Also, the Concorde's nose has a visor to 

protect the windshield when flying at 

supersonic speeds.  


The Concorde's engines are attached directly 

to the underside of the wing without engine 

struts. This design reduces air turbulence and 

makes for a more stable engine.

At supersonic speeds, engine struts would 

be overstressed and likely to break.

The Concorde's engines use afterburners to 

gain additional thrust to reach supersonic 

speeds.

Afterburners mix additional fuel with the 


exhaust gases from the primary combustion 


chamber and burn it to get more thrust.
 

Main and auxiliary fuel tanks

The Concorde has 17 fuel tanks that can hold a 


total of 31,569 gallons (119,500 liters) of kerosene 


fuel.

The Concorde also has three auxiliary or trim fuel 

tanks that are use to maintain center of gravity equal 


to center of lift.

High-reflectivity Paint

Because the Concorde moves faster than sound, the 


air pressure and friction (collision with air molecules) 


really heat up the plane. The temperature of the 


aircraft's skin varies from 261 degrees Fahrenheit 

(127 degrees Celsius) at the nose to 196 F (91 C) at the 

tail.

To help reflect and radiate this heat, the Concorde has 


a high-reflectivity white paint that is about twice as  
 
reflective as the white paint on other jets.

To minimize the stress on the aircraft, the Concorde 


is made of a special aluminum alloy (AU2GN) that is 

lightweight and more heat-tolerant than titanium. 

                                                                         2907