Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Mar 19, 2013

နောင်အနာဂတ်မျိုးဆက်တွေအတွက်. ထာ၀၇ငြိမ်းချမ်းေ၇းအမွေကို ပေးဆပ်ချင်တဲ့  အနာဂတ် ထာ၀၇အလင်း၇ှင်.












သူက . . ဖခင်ကောင်း . . စနစ်ဟောင်းကိုတော်လှန်နေသူ

သူက သာမန်ရိုးရိုးကြီးပဲ
သူက သာမန်ဦးလေးကြီးပဲ
သူက သာမန်နဲ့မတူတဲ့ စိတ်ထားတော့ရှိတယ်
ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်လို့
စနစ်ကောင်းတွေကို စတင်ခဲ့

မြေစမ်းခရမ်းပျိုးကာလပါ
အနည်းဆုံးတော့ တိုင်းပြည်ကိုစေတနာရှိတာ
သူ့မျက်လုံးတွေမှာပေါ်တယ်
သူ့အပြုံးတွေမှာပေါ်တယ်
သူ့လုပ်ရပ်တွေမှာပေါ်တယ်
သူ့မှာ အခက်အခဲတွေရှိတယ်
သူ့မှာအားနည်းချက်တွေရှိတယ်

သူက အသက်ကြီးနေပြီ
သူက ပါးရေနားရေတွန့်နေပြီ
သူ့မှာ မသန်စွမ်းတဲ့နှလုံးသားကို
ဘက်ထရီအကူအညီနဲ့ခုန်စေလို့
သူ့စိတ်ဖိစီးမှုကိုဘယ်သူကများ
စာနာနားလည်ပေးမလဲ

သူက လူလိမ်လို့အပြောခံရတယ်
သူက ရွှေပန်းနဲ့အကြိုခံရတယ်
သူက မျက်ရည်အကြိမ်ကြိမ်ကျတယ်
သူ့မိသားစုမှာ သူက ဖခင်ကောင်း
သူ့တိုင်းပြည်မှာ သူက ခေါင်းဆောင်ကောင်း
စနစ်ဟောင်းကို သူရဲဝံ့စွာတော်လှန်တယ်

သူက သာမန်လူသားတစ်ယောက်ပဲ
သူ့မှာ အစွမ်းထက်တန်ခိုးတွေမရှိဘူး
စေလိုရာစေ ဖြစ်စေရာဖြစ်
စနစ်ကို ချက်ချင်း ပြောင်းဖို့မလွယ်ဘူး
အရာရာကို အသိနဲ့သတိကို စုံတွဲလို့
ဒီမိုကရေစီကိုသူဖော်ဆောင်နေတယ်

သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ဒေါ်စုရှိတယ်

သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ပြည်သူတွေရှိတယ်
သူ့မှာ မြန်မာပြည်ကိုချစ်စိတ်ရှိတယ်
သူ့ရင်ခုန်သံဟာ တိုင်းပြည်အတွက် သွေးတစ်စက်
အဖက်ဖက်ကနေ သူကြည့်ရှာတယ်

မောနေပါပြီ
သူသွားနေတဲ့ခရီးတိုင်းမှာ တိုင်းပြည်အတွက်
မျက်နှာလည်းငုံ့ခဲ့ရ မျက်ရည်လည်းကျခဲ့ရ
ကလင်တန်ကို ရိုသေခဲ့ရ
အိုဘားမားကိုရိုသေခဲ့ရ
ယင်လတ်ကိုရိုသေခဲ့ရ
ဘယ်သူကများ ဒီအဖိုးအခကိုသိနိုင်မလဲ

သူ . . မောနေပါပြီ
အနာဂါတ်က မှောင်ပြပြ
တတ်စွမ်းသမျှ အလင်းပေးချင်တဲ့သူ
သူ့ပုံစံက လှောင်စရာကောင်းနေလို့လား
သူ့ မျက်ဝန်းတွေက မသမာမှုတွေလုပ်နေလို့လား
သူ့အပြုံးတွေက အရေခြုံတွေမို့လို့လား
သူ့မှာ သူမတတ်နိုင်တဲ့ တွန်းအားတချို့
သူ့မှာ သူကယ်ဆယ်နေရတဲ့ ဒုက္ခတချို့
သူ့မှာ သူ ထမ်းတင်နေရတဲ့ အနာဂါတ်တချို့
နံနက်ခင်းတိုင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့လို
ပျော်ရွှင်စွာ နေနိုင်ကြရဲ့လား

သူ . . လင်းစေချင်တယ်
အမှောင်တွေကို . . . ဖယ်ခွာချလို့
တိုင်းပြည်အတွက်ချစ်စိတ်
သူ့ နေ့ရက်တိုင်းအတွက် ထိပ်မှာ ရှိတယ်
သူ့လက်တစ်စုံဟာ တိုင်းပြည်အတွက်
သူ့ ခြေထောက်တစ်စုံဟာ တိုင်းပြည်အတွက်
အဖက်ဖက်ကနေ လေးစား
အကြွေးများနဲ့တိုင်းပြည်ကိုကယ်တင်
မြန်မာပြည်ရဲ့ အရှင်ပါ

သူဘယ်လောက်ထိ ဆက်လုပ်ခွင့်ရမလဲ
တစ်နှစ်. . .နှစ်နှစ်. . .သုံးနှစ် . . .
ဇရာက လုပ်နိုင်ခွင့်ကိုတားဆီးတယ်
ဖိအားက လုပ်ပိုင်ခွင့်ကို နှောင့်နှေးစေတယ်
ဘယ်တော့မှ စိတ်မပျက်ဘူး
ဘယ်တော့မှ လက်မှိုင်မချဘူး
သူချစ်တဲ့ပြည်အတွက်
စနစ်ဟောင်းကို ဦးဆောင်တော်လှန်နေတဲ့သူ ။

သက်တန့်ချို

Jan 11, 2013

လူတွေမှာ၇ှိတဲ့ အ၇ာ

ငါတို. ဆီမှာဘာတွေရှိလဲမေးရင်
အတ္တတွေနဲ့ ကစုန်ပေါက်နေတဲ့
ခရိုနီမြင်းတစ်ကောင်ရှိတယ်။
ကိုယ့်ဗုံကိုယ်တီး ကိုယ့်အမြီးကိုယ်ခါ
ကိုယ့်ဂီတကိုယ်မသိတဲ့ တစ်ကိုယ်ကောင်းသမားတွေရှိတယ်။
...
ကိလေသာရွာထိပ်က မည်းမည်းမြင်ရာထိုးဟောင်တက်တဲ့
သံသယခွေးဟောင်သံတွေလည်းရှိတယ်။
လက်မထပ်ရသေးတဲ့
ချစ်သူနှစ်ဦးရဲ့ အိပ်ရာဝင်ပုံပြင်တွေလည်းရှိတယ်။
ကဗျာဆရာဆိုတာ ရင်ဘတ်မလုံဘူးတဲ့...
ဟုတ်မှာပါ...
ခေတ်ကြီးရဲ့ရှိုက်ထုတ်လိုက်သမျှ သက်ပြင်းတွေထဲ
စကားလုံးတွေဟာ...
သူ့အလိုလို
...ကျ...ကွဲ...လို့........

Jan 30, 2012

From my friend!

To survive in life is a task that must be done!
Don't give up on something untill you make your last attempt,
and don't make your last attempt untill you succeed.
                                                                               Omorodien Gabriel


Jan 9, 2012

မိန်းကလေးများ(သို့ ) မွန်မြတ်သောမိခင်ဖြစ်ခွင့် ၇ှိသူများအတွက်..ဖတ်သင့် သည့် ကဗျာလေးပါ. ((မွန်မြတ်သောမိခင်တစ်ဦးမှကူးယူဖော်ပြထားခြင်းဖြစ်သည်.!)) .

 အိမ်ကလေး
မောင်ရေ..
ရင်ထဲ က ကဗျာလေး
ဆုံးအောင်ဖတ်ပေးပါ…

မနက်လင်းတိုင်း အိပ်ရာထ
အိပ်မောကျနေတဲ့ မောင်မသိအောင်
ခြေလှမ်းဖွဖွလေး လှမ်းရင်း
သမီးလေး ရင်ဘတ်ပေါ်ကို စောင်လေး တင်ပေးရတိုင်း
ကျမ ကျေနပ်ပြုံးလေး မောင်မမြင်ပေမဲ့
အမြဲတမ်းပြုံးနေဦးမယ်..

မနက်စာကို တကုတ်ကုတ်ချက်နေတဲ့
ကျမကို ခါးလေးတို့ ပီးစတတ်တဲ့
သားလေးကို နမ်းရှိုက်လိုက်တိုင်း
မောင့်နဲ့တူတဲ့ သားလေးအတွက်
ကျမ ဂုဏ်ယူမိတာ…..

အိပ်ခန်းထဲ က သမီးလေး ရယ်သံလွင်လွင်လေးကြားရင်
ပြေးမကြည့်ပေမဲ့ မောင့်ရင်ခွင်မှာ
ပျော်နေတဲ့ သမီးလေး ကလည်း
ကျမ ဘ၀ရဲ့လေပြေလေညှင်းလေးပါ…

မောင်ရေ… ဆိုတဲ့
ကျမအသံကို မကြားရမခြင်း
ထွက်မလာသေးတဲ့ အဲဒီ သားအဖကို
ရူးမတတ်ချစ်ခဲ့တာ…
ရေချိုးရင်ကြာတတ်တဲ့ သားငယ်လေးကို
သတိပေးရတာ..
ကျမ လိုလိုချင်ချင် လုပ်ခဲ့တဲ့ အလုပ်တွေပါ…

သားလေး ထမင်းဘူးကို
ဂရုတစိုက်ဖွင့်ကြည့်တတ်တဲ့ မောင်က
ကျမဘ၀ရဲ့ လိုအပ်ချက်လေးပါ..

အလုပ်မသွားခင် သမီးနဲ့ ကျမ ကို
တယုတယ နမ်းတဲ့ မပျက်ကွက်မှုလေး…
ကို ကျမ မက်မောခဲ့တယ်…

မောင်ရေ…
အင်မတန်ပြည့်စုံလွန်းတယ်…

ညနေစောင်းလို့ သားလွယ်အိပ်လေး လွယ်ကာ
သားငယ်ကို သူရဲကောင်းကြီးလိုကြည့်
သားငယ်ပြော သမျှ အံသြပြနေတာ
သားနဲ့ သမီးရဲ့ လူစွမ်းကောင်းကြီးပါ…

တော်တီတော်တဲ့ လမ်းလျှောက်လို့ မောင့်ကိုပြေးကြိုတာက
အိမ်ရဲ့ ဆည်းလည်း ချစ်စရာ
သမီးလေးရဲ့ ဆန္ဒတစ်ခုပဲဟာ….

ညနေစာ ထမင်းဝိုင်းလေးမှာ
ကျမတို့မိသားစုလေး နွေးနွေးထွေးထွေး..
တကယ့်ကို ပျော်စရာလေးပါ..

စာကြည့်ချိန်မှာ….
သားငယ်ကို ဆရာလုပ်နေတာကလည်း
ကြည်ညိုစရာပါမောင်..
.
ပုံပြင်ကိုစီကာပတ်ကာပြော
သားနဲ့ သမီးအိပ်ပီဆိုမှ
အလုပ်က ပင်ပန်းသမျှ ကျမနဲ့ မျှဝေခံစား
တစ်ခါတစ်လေ တော့ လူမဆန်တဲ့
လူတွေကြား မောင်လဲတစ်နေ့ တခြား
ဆံပင်တွေဖြူလို့ အိုမင်းလာခဲ့ပီ…

သားလေးနဲ့ သမီးကြားမှာ မောင်ဝင်အိပ်သွားတိုင်း
မောင့်ကို ဦးချ ပြီးမှ…
ကျမ အိပ်ရာဝင်ခဲ့တာ….

မောင်ရေ…
ငေးကြည့်နေရင်းတွေးမိတယ်...
သီတာရေကြည်လေး တွေ က
မောင့်ရင်ကို အေးမြစေချင်ပါရဲ့....
ငြိမ်းချမ်းတဲ့ ဘ၀လေး ကျမတော့ နေသားတကျပါ...
….
ဒီလိုဘ၀လေး မောင်ကိုကျမပေးနိုင်ပါ့မလား…



မိန်းမသား ဖြစ်ရတာ ကျမသိပ်ကို ဂုဏ်ယူမိတယ်...ဘာလို့လဲ ဆိုတော့ မိန်းမသားတိုင်းဟာ မွန်မြတ်သော မိခင်ဖြစ်ခွင့်ရှိလို့ပါပဲ...
                                                               မွန်မြတ်သောမိခင်တစ်ဦးမှကူးယူဖော်ပြထားခြင်းဖြစ်သည်.!          

ဂျိုးဖြူငှက်သို့ ............

# ဆုံးစမမြင်
  ကောင်းကင်ပြင်ဝယ်
  တိမ်သွင်မြင့် မား
  မိုးယံကြားမှ
  သွားလာတေးကြူ
  သင်ဂျိုးဖြူ ။  ။

# မြေပြင်အ၀ှမ်း
   တေးသံလွမ်းစေ
  ငြိမ်းချမ်းစေဟု
  အဆွေခင်ပွန်း
  မယွင်းမေတ္တာ
  ဓွန့် ၇ှည်ကြာ၇န်
  သင့် တာသင့် ဝန်
  ကျေပွန်ဆောင်၇ွက်
  အသင်ငှက်ငယ်။ ။

# သင့် စွမ်းသင့် အား
  သင့် တေးသွားဖြင့် 
  စစ်မီး၇န်များ ငြိမ်းစေသော်။ ။

#သင်ပျံသန်း၇ာ
  မြေကမ္ဘာ၀ယ်
  သာယာချမ်းမြ  ၇ှိစေသော်...။။

သားကောင်းတမန်

#မေ၇ှးမနှောင်း
 အတွေးပြောင်းနွဲ့ 
 ဆွေးလောက်ပါ၇ဲ့ 
 အဝေးေ၇ာက်ငှက်ငယ်၇ယ်။

#ဘယ်သောင် ဘယ်ကမ်းဆီသို့ 
  မျော်မှန်းကာ မ၇တယ်
  တိုင်းပြည်၇ဲ့  တာဝန်
  ကျေပွန်စွာထမ်း၇ွက်ဖို့ အေ၇း
  အမိမြေ နှင့် ချစ်သူပစ်ကာ
  သွားခဲ့ အဝေး......။

# သြော်......
  အလွမ်း၇ယ် မပြေ
  နွမ်းငယ်စွာ ငေးလို့ ၇ယ်
  မြတ်ေ၇ွတိဂုံ မော်ကာဖူးချင်လည်း
  မဖြစ်နိုင် စိတ်မှာမောလှတယ်
  အား၇ယ်ငယ်ငယ်..။

# တိုင်းတပါးမှာကွယ်
  ခြားနားတဲ့  ယဉ်ကျေးမှုအလယ်
  အနေမပျော်ေ၇ွှပေါ်မြတင်လည်း
  အဘယ်မှာ အဆွေးတို့ ပြေမယ်။

#တိုင်းပြည်နဲ့ လူမျိုးအပေါ်ဝယ်
  မြူမှုန်ထိပါး မခံနိုင်တယ်
ေ၇ှ့ ဘက်တန်း ခံစစ်သဖွယ်
  တို့ သားကောင်း တမန်တွေ၇ယ်
  ကာကွယ်မှု ပေးကြစို့ ..
  တိုင်းပြည်နဲ့ လူမျိုးအတွက်...
  ဘယ်နေ၇ာဘယ်ေ၇ာက်ေ၇ာက်..ကြိုးစားကြပါစို့ ....။



စည်းလုံးမှု၇ဲ့ စွမ်းအား....




* အေ၇ာင်အသွေးစုံတဲ့ ပန်းဥယာဉ်ဟာ
  ပန်းတစ်ပင်ကြောင့် လှနေတာမဟုတ်ဘူပေါ့ ။
--၇နံ့သင်းထုံ ပန်းပွင့် အစုံစုံစည်းကာမှ
  ၇ှုမငြီးတဲ့ ပန်းခင်းကြီးတစ်ခု
  ဖြစ်လာ၇တာပေါ့ ။
*အနုပညာမြောက်တဲ့ ပန်ချီကားတစ်ချပ်ကို
  စုတ်ချက်တွေနဲ့ ဆေးချယ်ထားသတဲ့ ။
--ဒါဟာ...                                              
ေ၇ာင်စဉ်အသွယ်သွယ် ချယ်ကာမှုန်းမှ
   အလှဆုံးပန်းချီကားတစ်ချပ်
  ဖြစ်လာတာမဟုတ်ဘူးလား။

*ဒီလိုဘဲလေ                          
  စာတစ်လုးံနဲ့ စာစီစာကုံးမဖြစ်သလို
  စာတစ်ကြောင်းနဲ့ လည်း
  ကဗျာကောင်းတစ်ပုဒ် မဖြစ်နိုင်ဘူးပေါ့ ။

*ညီနောင်တို့ေ၇....
  လောကကြီးကိုလည်း၇ူစမ်းပါဦး..
  အစုအဝေးနဲ့ နေတဲ့ ပျားအိမ်ကနေ...
  ချိုမြိန်တဲ့ ပျား၇ည်ကို၇နိုင်သလို
  'ခြ' ကောင်းလေး၇ဲ့ တောင်ပို့ တွေဟာလည်း
  ခိုင်မြဲတဲ့ စည်းလုံးမှု စွမ်းအားကိုပြသနေလေ၇ဲ့ ။
* ဒီပမာကိုပုံတူပြုလို့ 


တို့ ညီအစ်ကိုမောင်နှမ  သွေးချင်းတွေ                     
  ၇ိုင်းပင်းလို့ ကူညီ....                              
  တူညီတဲ့ စိတ်ထား....                       
  တစ်ယောက်အမှားကိုတစ်ယောက်ကခွင့် လွတ်
  တစ်ဦးအမှားကို တစ်ယောက်ကခွင့် လွတ်
  တစ်ဦးကိုတစ်ဦးကချစ်ခင်မြတ်နိုး
  တစ်ယောက်အကျိုးကိုတစ်ယောက်ကသယ်ပိုးလို့ 
....တို့ ဝန်းကျင်  တို့ နိုင်ငံအေ၇း..
  သာယာစိုပြေအောင်ဖန်တီးပေးဖို့ ၇ာ
  ဒို့ အေ၇း ၊ ဒို့ တာဝန်ဖြစ်တာမို့ 
  ကျေပွန်အောင်  မနှေးဆောင်၇ွက်လို့ ..

  ဒို့ နေ၇ာ.၊ ဒို့ ကမ္ဘာမြေ အလှကြွယ်အောင်..
  ၇ည်၇ွယ်ကာ  စေတနာထား
  စည်းလုံးမှု၇ဲ့ စွမ်းအားနဲ့                              
  တာဝန်ကိုယ်စီ ထမ်း၇ွက်ကြပါစို့ ။
                                                                                                                                      2012
 What ever you think about our country, what ever you tell about our country ...
        Myanmar is Myanmar! We will do the best for our country!

                                                  it is our country -Myanmar               
                                                         it is our country -Myanmar
 it is our country -Myanmar
                                                   it is our country -Myanmar
                                                           it is our country -Myanmar!
                                                     it is our country -Myanmar!
                                            it is our country -Myanmar!
                                            it is our country -Myanmar!
it is our country -Myanmar!
we are kindness Myanmar People!
                               we are kindness Myanmar People!
 one of Myanmar famous culture in the world!
it is our country -Myanmar!
our great White Elephant!
                                                  our beautiful Myanmar girl with traditional dress!
our beautiful Myanmar girl with traditional dress! 
 our beautiful Myanmar girl with traditional dress!  
                                            our beautiful nature!
                                                      our beautiful nature!
                                                      our beautiful nature!
                                                         our beautiful nature!
                                                      our beautiful nature!
                                        And we have an army that protect our country!
                                          And we have an army that protect our country!
                                            And we have an army that protect our country!
 

 Excellent in everything we do!



Dec 21, 2011

မနေ့က ကျနော်တို့ပခုံးပေါ်မှာ ကြယ်တစ်ပွင့်တိုးတယ်

အမှတ်တမဲ့နဲ့
ကျနော်တို့အတွက် ဘူတာတစ်ခု
၈..နှစ်အပြီးမှာ
ဆိုက်ရောက်လာတယ်


အိမ်ပြန်ချိန်မသိ
နားချိန်မရှိတဲ့ နေ့ရက်များ
ပြက္ခဒိန် ၈..ခုစာ ပြာဖြစ်ခဲ့ကြ
ကြမ်းတမ်းတဲ့ ခရီးလမ်းမှာ
တစ်ကိုယ်တည်း ပျော်မွေ့ခဲ့ကြ
ယုံကြည်ချက်တစ်ခုအတွက်
လူမုန်းများလဲ
အစိမ်းရောင်ကိုပဲ ချစ်တတ်ခဲ့တယ်




ခါးသက်တဲ့ မုန်တိုင်းတွေနဲ့ ကြုံလေတိုင်း

ကျလုလု မျက်ရည်

ရှိုက်သံမဲ့ ငိုကြွေးရခြင်းတွေ

ကျနော်တို့လဲ လူပါပဲ

နှလုံးသားနဲ့ တည်ဆောက်ထားတယ်

အများအတွက် သေနတ်ကိုင်တဲ့လက်

စိတ်အဆာပြေရုံ

ဘယ်တုန်းကမှ လူမသတ်ခဲ့ဘူး



ငါးခုံးမတစ်ကောင်ကြောင့်

တစ်လှေလုံးပုပ်ဆိုသလို

သစ်တစ်ပင်မကောင်းရုံနဲ့

တစ်တောလုံးပြုတ်ရတဲ့အဖြစ်မျိုး

ကျနော်ရင်နာလို့ မဆုံးပါဘူး လောကကြီးရယ်

မတရားဘူးလို့ ဟစ်ကြွေးချင်ပေမယ့်

ဘယ်သူကရော နားထောင်ပေးလို့လဲ

ကျနော်တို့ရဲ့ သွေးတွေ ချွေးတွေ

ဘယ်သူကရော မြင်ပေးလို့လဲ

အများအတွက် ကိုယ့်ကိုယ်ကိုယ်တူးဆွ

အသက်ကို မြေမှာချခဲ့တာတောင်

ဘယ်သူကများ အသိအမှတ်ပြုလဲ





အဲ့ဒီလိုနဲ့

မသိလိုက် မသိဖာသာ

ကျနော်တို့ တစ်ဖြုတ်ဖြုတ်ကြွေကျသွားခဲ့ရတာ







ဖေဖေ မေမေ
မောင်နှမတွေနဲ့ မိသားစုရဲ့ ဟိုးအဝေးမှာ

မိုးဒဏ်လေဒဏ် ဥတုဒဏ်ကြား

ရင်ဘတ်တစ်ခုလုံး အသားမာတက်

နှလုံးသားတွေ ကျွဲပခုံးထခဲ့ရတယ်



ပြောစမ်းပါဦး လောကကြီးရယ်

မြေမှာ ကြွေဆင်းဖို့သက်သက်တော့

ကျနော်တို့တွေ လင်းလက်မပြခဲ့ဘူး

ပခုံးပေါ်က ကြယ်ဆိုတာ

ကျနော်တို့ သွေးနဲ့ ဖွဲ့စည်းထားတာ

စကားလုံးပေါင်းများစွာ

လက်ညှိုးပေါင်းများစွာ

သူတို့နားမလည်တဲ့ ကျနော်တို့ဆိုတာ

သွေးတစ်စက်နဲ့ ဖြစ်တည်လာတဲ့

ကြယ်တစ်ပွင့်ကိုပဲ ပိုမြတ်နိုးတယ်



ရတယ်

စိန်ခေါ်မှုတွေကြား

မုန်းတီးသူတွေကြားမှာ

ကိုယ့်ကိုယ်ကိုယ် တည်ဆောက်

ယောက်ျားဆိုတာ ဘယ်တော့မှ ဒူးမထောက်ဘူး



ဒီလိုနဲ့

ထိုးနှက်ချက်တွေနဲ့အတူ

အစိမ်းရောင်ကို မုန်းတဲ့လူတွေရှေ့

မနေ့က ကျနော်တို့ပခုံးပေါ်မှာ ကြယ်တစ်ပွင့်တိုးခဲ့ပြီ မေမေ ..။







ဇော်။
(ကျွန်တော်တို့အိမ်)
www.latlatzaw.blogspot.com


Nov 23, 2011

"လူ"

--- လောကဇာတ်ခုံဗီဒီယိုပိတ်ကားပေါ်
     ၇ီ..ငို...ပြုံး.....လူအကုန်လုံး
     ဟန်ဆောင်မျက်နှာဖုံးတွေကိုယ်စိနဲ့ ။
---"အူဝဲ..အူဝဲ" အ၇ွယ်ထဲကစ
   လူထဲသူထဲေ၇ာက်ချိန်ထိ
   ပကတိ၇ိုးသားဆဲပါ...မလိမ်မညှာတတ်ခဲ့ ဘူး.
---အခုတော့ ငါ..ဟိုလူလိမ်..ဒီလူညှာ
    တစ်ခါတစ်ခါ..ငါကိုယ်ငါတောင်ဟန်ဆောင်
   "အတ္တ" ဆိုတဲ့ အကောင်..ငါ့ဆီမှာအတောင်ပေါက်ခဲ့ ပြီ
---ကြောင်တောင်တောင်အလုပ်ကိုယ်စီနဲ့ 
    အယောင်ဆောင်အ၇ုပ်ကောင်တွေလည်း...ပတ်ဝန်းကျင်ထဲပြည့် နှက်
   တစ်ချို့ ကဘ၀တွေခါးသက်..
    တစ်ချို့ ကလောဘတွေလွမ်းခြုံ
    တစ်ချို့ က...တစ်ချို့ က..တစ်ချို့ က...မာနတွေခေါင်ခိုက်
   ဘ၀အမှောင်တိုက်ထဲစ၇ိုက်အမျိုးမျိုးနဲ့ မိုက်မဲ။
---ဒီလို နဲ့ ပဲ...လူထဲကလူ
  ဘ၀အပူထဲကမေ၇ှာင်၇ှားနိုင်သေ၇ွ့ တော့ 
  ပုထုဇဉ်လူသား..ငါ...ဟန်ဆောင်သွားပါ၇စေ...
 လောကဇာတ်ခုံပေါ်ကြုံတဲ့ အခန်းမှာပျော်သလိုသ၇ုပ်ဆောင်
  အပုပ်ကောင်ငါကိုယ်ထဲမှာ...အတ္တတွေထည်လဲသုံးစွဲခွင့် ပေးပါ...

                                                                                                              2907