Dec 5, 2011

ဦးတည်ရာလမ်းမှာ ရောမမြို့ပဲရှိတာ မဟုတ်ဘူး..


**Micrel (麦瑞·格丽丝)ဟာ (၁၃)နှစ်အရွယ်မှာ ထူးချွန်တဲ့ဆရာဝန်တစ်ဦး ဖြစ်ချင်ခဲ့တယ်။ (**နာမည် ဘာသာပြန် မှားကောင်းမှားနိုင်ပါတယ်)

အဲဒီနှစ်က ခရစ္စမတ်နေ့မှာ Micrelတစ်ယောက် ကုတင်ခေါင်းရင်းထက် ခြေအိတ်လေးချိတ်တင်ပြီး ပြည့်စုံတဲ့ လူရိုးစုပုံစံငယ်တစ်ခု ပိုင်ဆိုင်ရဖို့ ဆုတောင်းနေခဲ့မိတယ်။

ပြင်ဆင်ပြီးတဲ့ လူရိုးစုပုံစံတစ်ခုကို အဖေယူပြန်လာခဲ့တယ်။ ဒါပေမယ့် အဖေဟာ လူရိုးစုကို Micrelရဲ့ခုတင်ခေါင်းရင်းထက်က ခြေအိတ်ထဲ ထည့်မပေးဘဲ အိမ်ထဲက ဖယောင်းရုပ်တွေထားတဲ့ အခန်းထဲထည့်ခဲ့တယ်။

ဒီအရိုးစုရဲ့အရိုးတွေဟာ သံမဏိသတ္တုတွေနဲ့ ချိတ်ဆက်ထားတဲ့ လူရိုးစုဖြစ်တယ်။ အချိန်နှစ်ပတ်ထဲနဲ့အရိုးစုတွေကို ပုံစံမပျက် Micrel ဖြုတ်နိုင်၊ တပ်နိုင်ခဲ့တယ်။

Micrelဟာ အမြဲတမ်း လက်ထဲမှာ အရိုးစုတစ်ခု ကိုင်ထားရတာကို နှစ်သက်သူဖြစ်တယ်။ ဒါကြောင့်လည်း သူ့မှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ရတယ်။ ကလေးတွေထဲမှာ ဒီလို ကြက်သီးထစေတဲ့အရာကို နှစ်သက်တဲ့လူတွေ ရှားတယ်။ ထူးဆန်းတဲ့ သူ့အပြုအမှုကြောင့် သူငယ်ချင်းတွေ ရှောင်ခဲ့ကြတာဖြစ်တယ်။

The Johns Hopkins ဆေးတက္ကသိုလ်ကို သူဝင်ခွင့်ရတဲ့အချိန် ကုသမှုမှာ အတွေ့အကြုံ မရှိသေးပေမယ့်ရောဂါအခြေအနေတွေ လေ့လာဆန်းစစ်ရာမှာ သူ့အရည်အချင်းက ဆေးတက္ကသိုလ်(၄)နှစ်တက်ခဲ့တဲ့ ကျောင်းသားတွေထက် သာခဲ့တယ်။

သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းကြောင့် The Johns Hopkins ဆေးတက္ကသိုလ်က ပါမောက္ခတွေနဲ့အတူ သင်ခန်းစာတွေကို လေ့လာနိုင်တဲ့ ကျောင်းသားသစ်တစ်ဦးအဖြစ် သူ့ကိုလက်ခံခဲ့တယ်။ ဆေးတက္ကသိုလ်လက်အောက်ခံ ဆေးခန်းတွေမှာ ကုသလေ့လာဖို့၊ အတွေ့အကြုံယူဖို့ သူ့ကိုလက်ခံခဲ့ကြတယ်။

ဆေးတက္ကသိုလ်ရဲ့ ဒုတိယပါမောက္ခချုပ်က "ဘာဖြစ်လို့ မရ ရမှာလဲ? "ရောမ"ကိုရောက်ဖို့ သူဒီလောက်ထိ ကြိုးစားထားခဲ့ပြီးပြီ။ သူ့တိုးတက်မှုတွေ မြန်ဆန်အောင် ငါတို့စမ်းကြည့်သင့်တယ်" လို့ ပြောခဲ့တယ်။

ဆေးရုံကခွဲစိပ်မှုတစ်ခုမှာ အကူလက်ထောက်အဖြစ် Micrel ပါဝင်ခဲ့တယ်။ ဒါပေမယ့် သွေးကိုမြင်တာနဲ့ မူးလဲတတ်မှန်း သူ့ကိုယ်သူ သတိထားလိုက်မိတယ်။ ဆရာဝန် ခွဲစိပ်လိုက်တဲ့နေရာမှာ သွေးတွေစိမ့်ထွက်လာတာကို မြင်ရင် သူ့ခြေတွေ၊ လက်တွေ အေးခဲသွားပြီး ခေါင်းမူးလာတတ်တယ်။ ဆရာဝန်ပြောတာကို သေသေချာချာ နားမထောင်မိခင်မှာ ကြမ်းပြင်ပေါ် သူလဲကျသွားတတ်တယ်။

ဒီလိုအခြေအနေမျိုးနဲ့ ဒီဆရာဝန်အလုပ်ကို ရပ်တန့်လိုမဖြစ်ဘူးဆိုပြီး Micrelဟာ တစ်ယောက်တည်း လက်တွေ့ခန်းထဲမှာ ဖားခွဲလိုက်၊ ကြွက်ခွဲလိုက်နဲ့ စမ်းသပ်ကြည့်ခဲ့တယ်။ မျက်မှန်နက်ကြီးကိုတပ်ပြီးနီရဲတဲ့သွေးတွေ မတွေ့အောင် စမ်းသပ်ခဲ့ပေမယ့် သူမအောင်မြင်ခဲ့ဘူး။ စိမ်းရွှင်ရွှင် သွေးနံ့ကိုရတာနဲ့ သူ့ရဲ့ခေါင်းမူးတဲ့ဝေဒနာက စလာပြန်တယ်။

သွေးတွေမြင်ရဖို့၊ မခွဲစိတ်ရဖို့ ကျောင်းကသူ့ကို ကိုယ်တွင်းရောဂါဆေးပညာဖက် ပြောင်းဖို့ အကြံပေးခဲ့တယ်။ ဒါပေမယ့် ကိုယ်တွင်းရောဂါမှာလည်း ခွဲစိပ်ရတဲ့အချိန်ခါရှိမှန်း လူတိုင်းမေ့နေကြတယ်။

ခွဲစိပ်မှုတစ်ခုမှာ ထပ်မူးလဲခဲ့တဲ့ Micrelဟာ သူ့အနာဂတ်လမ်းကို သူ မဖမ်းဆုပ်နိုင်ခဲ့တော့ဘူး။ အဲဒီလိုနဲ့ ကျောင်းနားပြီး သူအိမ်ပြန်ခဲ့တော့တယ်။ အိပ်ခန်းထဲမှာ တစ်နေကုန်ထိုင်ပြီး သူစိတ်ဓာတ်ကျနေခဲ့တယ်။ ကိုယ့်ကိုယ် အဆုံးစီရင်ဖို့ထိ သူတွေးခဲ့မိတယ်။

Micrelကိုချစ်တဲ့ အဘွားက ဒီ့အတွက် စိုးရိမ်ပူပန်ခဲ့ရတယ်။ Micrelနဲ့တွေ့ပြီး သေချာဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီနေ့ညနေက အဘွားဟာ "ကမ္ဘာ့ရူခင်း" ပုံတွေကိုရှာပြီး Micrel အခန်းထဲရောက်လာခဲ့တယ်။ အဲဒီနောက် လှပတဲ့ရူခင်းပုံတွေ တစ်ပုံပြီးတစ်ပုံ Micrel ကိုပြလိုက်တယ်။

အဘွားရဲ့လုပ်ရပ်ကို Micrel နားမလည်ခဲ့ဘူး။ နောက်ဆုံးပုံကို ပြပြီးနောက် အဘွားဟာ Micrelရဲ့ လှပတဲ့ ရွှေရောင်ဆံပင်တွေကို ပွတ်သပ်ပေးရင်း "သမီး... ဒီလောကမှာ "ရောမမြို့"ပဲ ရှိတာမဟုတ်ဘူး။ သမီးသာ စိတ်ပါတယ်ဆိုရင် ရောမလိုလှတဲ့၊ ရောမထက်လှတဲ့ နေရာတွေကိုလည်း သမီးရောက်နိုင်ပါတယ်"

အဘွားရဲ့နွေးထွေးကြင်နာတဲ့ အကြည့်ကြောင့် Micrel ရုတ်တရက် ငိုချမိတယ်။

မျက်ရည်တွေက Micrelရဲ့ အရင်တုန်းက စိတ်ကူးအိပ်မက်တွေကို တိုက်စားသွားခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ရည်မှန်းချက်နဲ့ ကိုယ်လွဲချော်သွားတဲ့အခါ ဒါမှမဟုတ် အကောင်အထည် မဖော်နိုင်တော့တဲ့အခါ အတင်းအကျပ်စေခိုင်းခြင်းက ကိုယ့်ကိုယ်နစ်တာဖြစ်မှန်း သူသိလိုက်တယ်။ ဦးတည်ရာမမှန်ရင် လမ်းတစ်ဝက်မှာရပ်ပြီး နောက်ဦးတည်ရာအသစ်တစ်ခုကို ပြောင်းလဲစတင်ဖို့ သူနားလည်လိုက်တယ်။

Micrelအဘွားရဲ့ လှပတဲ့ရူခင်းပုံတွေကို ကျွန်တော်တို့ကျေးဇူးတင်ရမယ်။ အဲဒီညနေခင်းက နေရောင်ခြည်နဲ့ နွေးထွေးနေတဲ့ ညနေခင်းလေးဖြစ်တယ်။

Micrelတစ်ယောက် နောက်ကျောင်းတစ်ကျောင်းကို ထပ်ရွေးလိုက်တယ်။ ဘွဲ့ရပြီးနောက် သတင်းစာတစ်စောင်မှာ ကမ္ဘာ့ကို ကယက်ရိုက်နေတဲ့ Barbieရုပ်အကြောင်း ဆွေးနွေးထားတာကို သူဖတ်လိုက်ရတယ်။ Barbieရဲ့ ပရိသတ်တွေက Barbieရဲ့ ခန္ဓာကိုယ်ဟာ ပျော့ပျောင်းမှုမရှိဘူး၊ တောင့်ခဲနေတယ်၊ လှုပ်ရှားလို့ရတဲ့ အကြောအဆစ်တွေ နည်းတယ်။ မျက်လုံး သိပ်မကြီးဘူး။ လူနဲ့ခပ်ဆင်ဆင်နီးပါးတူလာဖို့ မျှော်လင့်ထားတာတွေ ဝေးပြီလို့ ပြောထားကြတယ်။


လူခန္ဓာကိုယ်ဖြစ်လာအောင် အရိုးတွေနဲ့ တည်ဆက်ထားတဲ့ အရိုးစုပုံစံကို Micrel ပြန်မြင်ယောင်လာမိတယ်။ အရင်တုန်းက သူသိနားလည်ခဲ့တဲ့ အသိပညာတွေကို Micrel ပြန်သတိရလာမိတယ်။ အဲဒီနောက် Mixko ကုမ္ပဏီထဲ သူဝင်လိုက်ပြီး ကမ္ဘာ့အချစ်တော် ဘာဘီရုပ်လေးကို လူတွေနဲ့ပိုတူအောင် လှုပ်ရှားနိုင်တဲ့ အရိုးအဆစ်တွေ ထီထွင်ပေးလိုက်တယ်။ ဘာဘီအရုပ်ရဲ့ နဖူးနဲ့မျက်လုံးကို ပိုကျယ်စေပြီး
ပိုသွက်လက်အောင် လှုပ်ရှားနိုင်တဲ့နေရာတွေ ပိုထည့်ခဲ့တယ်။

အရင်က သွေးမြင်တိုင်း မူးလဲတတ်တဲ့ ဆေးပညာကိုသာ ခေါင်းမာမာနဲ့ ဆက်ရွေးခဲ့ရင် ဒီကနေ့မှာ ဘာဖြစ်လာခဲ့မယ်ဆိုတာကို Micrel မတွေးတတ်ခဲ့ဘူး။ ဘာမှ ဖြစ်မလာနိုင်သလို အဝေးက သူတမ်းတခဲ့တဲ့ ရောမကိုလည်း ဘယ်တော့မှ ရောက်နိုင်ခဲ့မှာ မဟုတ်ဘူး။

တကယ်တော့ အဘွားပြောတာ မှန်ခဲ့ပါတယ်။ လောကမှာ လှပတဲ့ရောမမြို့တစ်မြို့ပဲရှိတာ မဟုတ်ပါဘူး။ ဦးတည်ရာလမ်းမှာလည်း ရောမမြို့တစ်မြို့ပဲ ပန်းတိုင်ရှိတာ မဟုတ်ပါဘူး။ ရောမထက်လှတဲ့၊ ရောမမြို့နီးနီးလှတဲ့အရာတွေ အများကြီးရှိပါသေးတယ်။

                                                နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:

Post a Comment