"စုပေါင်းစွမ်းအင်" ဆိုတာ..သူအလိုလို၇လာတာမျိုးတော့မဟုတ်ဘူး။ တမင်ဖန်တီးယူ၇တဲ့ ဖြစ်စဉ်ပါ။
ဒီလို ဖန်းတီးနိုင်ဖို့ ပထမဆုံးနှလုံးသွင်း၇မှာကတော့ ..
** "လူတိုင်းလူတိုင်း သူ့ အဆင်း၊သူ့ အလင်းနဲ့ ၇ှိပါလား.."** ဆိုတာကိုပါပဲ။
မတူခြားနားမှု ( Diversity) ကိုအသိအမှတ်ပြုနိုင်ဖို့ ဖြစ်ပါတယ်။
...............................................................................................................
တောင်ကြီးသုံးလုံး
"စုပေါင်းစွမ်းအင်" ရဖို့ ကြိုးစား၇တဲ့ လမ်းမှာတောင်ကြီးသုံးလုံးကာဆီးနေတာကိုအထူးသတိပြုဖို့ လိုပါတယ်။
ဒီတောင်တွေကိုမကျော်ဖြတ်နိုင်၇င် စုပေါင်းစွမ်းအင် ကိုဘယ်လိုမှဆုပ်ကိုင်နိုင်မှာမဟုတ်ဘူး။
(၁) ပထမတောင်ကြီးကတော့ "မာန" ဆိုတဲ့ တောင်ကြီးပါ.
မတူခြားနားမှုကိုအထင်အမြင်သေး၇ာက ကိုယ်ကိုကိုယ်သူများထက်ခေါင်းတစ်လုံးမြင့် သူလို့ 
အထင်ေ၇ာက်လာတဲ့  "ဘ၀င်" စိတ်ဖြစ်ပါတယ်။ အဲဒီဘ၀င်ခံနေတော့ သူများ၇ဲ့ ခံစားမှုကိုမစာနာတတ်
သလို သူများ၇ဲ့  အတွေးအမြင်တွေကိုလည်းစိတ်မ၀င်စားတတ်တော့ ဘူး။
" အမှန်တ၇ားအားလုံးငါ့မှာ၇ှိနေပြီ"ဆိုပြီး..ကိုယ်အသိစိတ်ကို..ကိုယ်ဘာသာတံခါးပိတ်နေတော့ တယ်"
(၂) ဒုတိယတောင်ကြီးကတော့  "ဂိုဏ်းဂဏစိတ်"စိတ်ဆိုတဲ့တောင်ကြီးပါ
ကိုယ်နဲ့ အမြင်တူ၊ အတွေးတူ ၊ ယုံကြည်ချက်တူသူငယ်ချင်းသာ အဖတ်လုပ်ပြီး လောကကြီး နဲ့ အဆက်ပြတ်နေတာဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ ကိုယ့်အစုအဝေးကိုသာ ကမ္ဘာကြီးထင်နေတတ်ပေမဲ့
တကယ့်တော့ စိတ်ကူယဉ်ဂိုဏ်းလေးတစ်ခုထက်မပိုပါဘူး။ အုပ်စုစွဲ ၊ဂိုဏ်းဂဏစွဲကခံနေတော့ သူများအမြင်
သူများအတွေးတွေကိုဘယ်လက်ခံစဉ်းစားနိုင်မှာလဲ။
"ငါနဲ့ မတူ ငါ၇န်သူ" ဆိုတဲ့အစွဲနဲ့ ပုတ်ခတ်စော်ကားတဲ့တုံ့ ပြန်နည်းကလွဲလို့သူတို့ ဘာမှမလုပ်တတ်ကြဘူး။
(၃) နောက်ဆုံတောင်ကြီးကတော့  "အာဃာတ" ဆိုတဲ့ တောင်ကြီးပါပဲ
အခုအခံအစွဲအလမ်းတွေကိုမွေးထုတ်လိုက်တဲ့ အမုန်းမီးဖွားတွေဖြစ်ပါတယ်။
ဒီလိုလူမျိုးတွေဟာ..အတိတ်၇ဲ့ အကျဉ်းသားတွေဖြစ်တတ်သလို၊ အမုန်းနဲ့ လောင်မြိုက်ခံနေ၇၇ှာ
တဲ့ သူတွေလည်းဖြစ်ပါတယ်...။
No comments:
Post a Comment