Mar 8, 2012

ဘ၀တစ်ကွေ့ 


ကျနော် ဒီအခန်းလေးထဲမှာနေပါတယ်....
ကျောင်းကပြန်ေ၇ာက်လို့ ဖြစ်ဖြစ် ခေါက်တုပ်ခေါက်...ပြန်လျှောက်ဖို့  လူသွားလမ်းလေးက ကုတင်ကြားမှာ ခြေတလှမ်းစားပဲရှိပါတယ်....
မှတ်မှတ်ရရ တိုင်ထွားကြည့် တော့  10*20 ပေ အခန်းလေးပါ.....

မိုးရာသီမရှိတဲ့  ဒီနိုင်ငံမှာ အများအားဖြင့် တော့  နှင်းစက်တွေက ဖုံးအုပ်ထားတယ်....
ပျင်းတယ်ဆိုတဲ့  စကားသံအောက်မှာတောင် လက်ဘက်ရည်ဆိုင်ထိုင်ဖို့ နေရာမရှိခဲ့ ..။
အပျင်းပြေလမ်းလျှောက်ဖို့ လည်း -၂၀ ကျော် အအေးဒဏ်ကို ကြံကြံခံဖို့  အားမရှိဘူး...။

အဆောင်တော့  အဆောင်ပါပဲ...။
တပ်မှာလို လူပျိုဆောင် အရာရှိရိပ်သာမဟုတ်...
အိမ်မှာလို ကိုယ်ပိုင်သီးသန့်  အခန်းငယ်လေးမဟုတ်တော့ ...။

တက္ကသိုလ်တော့  တက္ကသိုလ်ပါပဲ....။
မြန်မာနိင်ငံက တက္ကသိုလ် ကျောင်းဆောင်တွေလို ဂီတာတလက်နဲ့  အဆောင်ရှေ့ က သီးချင်းသံလုပ်လို့ မရ....။
တိတ်ဆိတ်ခြင်းဖြင့်  နိုင်ငံကြီးသားပီသပါဆိုတဲ့  ခေါင်းစဉ်အောက်မှာ ....
ကွန်ပျူတာ သုံးလိုပျင်းလာရင်တောင် ကုတင်လေးပေါ်လှဲပီး
လက်ကို နဖူးပေါ်တင်လို့  လွမ်းရတဲ့  အဖြစ်ခံစားချက်တွေက အရည်ထူလာကြပြီမဟုတ်လား...။
ထမင်းစားရင်တောင် ထမင်းဝိုင်းရယ်လို့ သီးသန့် မရှိ....
သူငယ်ချင်းတွေနဲ့ စုဖွဲ့ ပြီးစားတယ်...
တခါတလေ အိမ်ထမင်းအိမ်ဟင်းကို လွမ်းတာ ဖြစ်ရပ်ဆန်းကြယ်တော့  မဟုတ်နိုင်တော့ ပါဘူးလေ.....။

ကျောင်းကပြန်လာလို့  ပင်ပန်းဆင်းရဲ ဒဏ်ကြားမှာ
ဈေးဝင်...၀ယ်ခြမ်း ။အထုပ်အပိုးတွေဆွဲပြီး တ၀မ်းခါးအတွက် ချက်ပြုတ်ကြရပြန်တယ်....။
တခါတလေ ချစ်သူရောက်နေလို့  ဟင်းချက်တာကိုမေ့ ပြီး ဟင်းအိုး ထမင်းအိုးတူးတဲ့  သူငယ်ချင်းတွေလည်း တွေ့ ကြုံခဲ့ ဖူးတယ်...။
အချိန်ပေးချင်လို့  ခေါက်ဆွဲပြုတ်စားပြီး ပြောတဲ့ သူလည်းတွေဖူးတယ် ....
 PCO မဟုတ်တဲ့  ဖုန်းတွေနဲ့  မမေ့  မလျော့ ဖုန်းတွေဆက်ကြတာလည်းရှိကြတယ်.....
ဒါများ ငါတို့ တွေက မချစ်တက်ဖူးတဲ့ လားကွယ်...

အမြင်မတော်တာလေးတွေ တွေ့ တော့  အပြုသဘောဆောင်တဲ့  ဝေဖန်တာလေးတွေလုပ်ဖူးတယ်
ငြင်းကြခုန်ကြနဲ့  တိုင်းပြည်အတွက် ဆွေးနွေးခဲ့ ကြတယ်....

တချို့ ကလည်း ဒီနေရာ မှာ တိုးတက်ရာတိုးတက်ကြောင်းရှာသွားခဲ့ ကြတယ်..
တချို့ ကလည်း ဒီနေရာမှာ နှလုံးသားအောင်မြေစိုက်သွားကြတယ်
တချို့ ကလည်း ဒီနေရာမှာ အလံဖြူတွေပြသွားကြတယ်........
တချို့ ကလည်း ဒီနေရာမှာ နားကျည်းခြင်းတွေ စိုက်ပျိုးသွားပြန်တယ်..........
တချို့ ကလည်း ဒီနေရာမှာ ပျော်ရွှင်ခြင်းတွေရိပ်သိမ်းသွားပြန်တယ်.....
ဘာပဲဖြစ်ဖြစ်
ကျနော်တို့ ရဲ့ ငယ်ရွယ်ပျိုမြစ်ခြင်းတွေကို ဒီနိုင်ငံလေးမှာ စတေးလိုက်ခဲ ရတာတော့  အမှန်ပဲ ဆိုတာကတော့ .... (မင်းသန့် )

2 comments:

  1. ဟုတ်ပါ့ ဟုတ်ပါ့ သနားစရာလေးတွေရယ် .. :P

    ReplyDelete
  2. သြော် သနားစရာပါလားနော်.....တချို့ ကလည်း ဒီနေရာ မှာ တိုးတက်ရာတိုးတက်ကြောင်းရှာသွားခဲ့ ကြတယ်..
    တချို့ ကလည်း ဒီနေရာမှာ နှလုံးသားအောင်မြေစိုက်သွားကြတယ်
    တချို့ ကလည်း ဒီနေရာမှာ အလံဖြူတွေပြသွားကြတယ်........
    တချို့ ကလည်း ဒီနေရာမှာ နားကျည်းခြင်းတွေ စိုက်ပျိုးသွားပြန်တယ်..........
    တချို့ ကလည်း ဒီနေရာမှာ ပျော်ရွှင်ခြင်းတွေရိပ်သိမ်းသွားပြန်တယ်.....
    ဘာပဲဖြစ်ဖြစ်
    ကျနော်တို့ ရဲ့ ငယ်ရွယ်ပျိုမြစ်ခြင်းတွေကို ဒီနိုင်ငံလေးမှာ စတေးလိုက်ခဲ ရတာတော့  အမှန်ပဲ ဆိုတာကတော့ .... (မင်းသန့် )

    ReplyDelete