Dec 24, 2011

ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်နှင့် ကမ္ဘာ့အရှည်ဆုံးတံတား



ကမ္ဘာ့ဈေးအကြီးဆုံး Burj al-Arab   ဟိုတယ်


ကမ္ဘာပေါ်မှာ ထူးခြားထင်ရှားတဲ့ ဟိုတယ် များစွာထဲကမှ ဈေးအကြီးဆုံး ဟိုတယ် အကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ အဲဒီဟိုတယ်က United Arab Emirates  မှ ပိုင်ဆိုင်သော ဒူဘိုင်းမြို့ရှိ Burj al-Arab  ဇိမ်ခံဟော်တယ် ဖြစ်ပြီး ကမ္ဘာပေါ်က ကြယ်ခုနှစ်ပွင့် အဆင့်ရှိ တစ်ခုတည်းသော ဟိုတယ် ဖြစ်တယ်လို့ သိရပါတယ်.. .. ပေပေါင်း ၁၀၅၃ပေ ( မီတာ ၃၂၁) အမြင့်ရှိပြီး တတိယမြောက် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်တစ်ခုလည်း ဖြစ်ပါတယ်.. ၄င်းဟိုတယ်ဟာ ပါးရှန်းပင်လယ်ကွေ့ရှိ ကမ်းခြေနဲ့ အနည်းငယ်လှမ်းတဲ့ ပင်လယ်ထဲက ကျွန်းကလေးပေါ်မှာ နောက်ဆုံးပေါ် နည်းပညာတွေသုံးပြီး တည်ဆောက်ထားတာဖြစ်ပြီး ဟိုတယ် ဆောက်လုပ်ထားတဲ့ ကျွန်းဟာလည်း သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျွန်းမဟုတ်ဘဲ လူတွေက မြေဖို့ဖန်တီးထားတဲ့ ၉၁၉ပေ ကျယ်ဝန်းတဲ့ ကျွန်းအတု ဖြစ်ပါတယ်.. ကမ်းခြေနဲ့ ၂၈၀ မီတာ (၉၂၀ပေ) ကွာဝေးတဲ့ ဟိုတယ်ရှိရာ ကျွန်းကလေးကို  သီးသန့်တံတားတစ်ခုနဲ့ ဆက်သွယ်ထားရှိပါတယ်..






Burj al-Arab  ဟိုတယ်

ဟိုတယ် အဆောက်အအုံကြီး တစ်ခုလုံးဟာ ဘေးနှစ်ဘက်ကို တောင်ပံဖြန့်ထားသော အာရေဗျ သင်္ဘောများရဲ့ ရွက်တိုင်ကြီးသဏ္ဍာန် တည်ရှိပြီး  v ပုံစံ အနေအထား အတိုင်းရှိပါတယ်. ဘေးဘက် တောင်ပံနဲ့ အဆောက်အဦးကြား နေရာလွတ်များ ရှိနေပြီး တောင်ပံကို ထူထဲခိုင်ခံ့သော မှန်ပြားများဖြင့် ပြုလုပ်ထားတဲ့ ဆန်းပြားလှတဲ့ ဒီဇိုင်းဖြစ်ပါတယ်.. အဆောက်အဦးအဖြစ် စတင်ဆောက်လုပ်ဖို့ ဖောင်ဒေးရှင်း ချကတည်းက စိတ်ချလုံခြုံမှု ရှိစေရန်အတွက် အောက်ခြေ ပေလေးဆယ်အနက်ထိ ကွန်ကရိတိုင်များ ထည့်သွင်းဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အတွင်း အချို့သော အပြင်အဆင်ရဲ့ ၈၀၀၀ စတုန်ရန်းမီတာဟာ ၂၂ကာရက် ရွှေတွေနဲ့ ပြုလုပ်တန်ဆာတင်ထားပြီး ၂၄၀၀၀ စတုရန်းမီတာကတော့ အမျိုး၃၀ကျော်တဲ့ မာဘယ်လ် ကျောက်ပြားများနဲ့ ပြုလုပ်ထားကြောင်း အံ့သြဖွယ်သိရပါတယ်..


ဟိုတယ်တွင်း ခမ်းနားလှသောဧည့်ခန်း



ပင်လယ်ရှုခင်းကို လှမ်းမြင်ရတဲ့ အခန်း



Luxurious Bedroom

နန်းတော်ကြီးတမျှ ခမ်းနားလှပတဲ့ အိပ်ရာ

ရေချိုးခန်းရဲ့ ထည်ဝါခမ်းနားမှု



ဟိုတယ်အတွင်းအောက်ထပ် အဆင့်ဆင့် မြင်ကွင်း

Burj Al Arab
Burj Al Arab ဟိုတယ် စည်းဝေးခန်း
  
burj al arab panaromic suite 
burj al arab bath


ဟိုတယ်ရဲ့ စားသောက်ခန်း

Resplendent and Magnificent Dining Hall



ဟိုတယ်ရဲ့ ဓာတ်လှေခါး




၎င်း Burj al-Arab ဟိုတယ်မှာ သာမန်အခန်းဆိုတာ မရှိဘဲ.. အငယ်ဆုံးအခန်းပင်လျှင် ၁၆၉ စတုန်းရန်းမီတာ ( ၁၈၁၉ စတုရန်းပေ)  ကျယ်ဝန်းပြီး အကြီးဆုံးသော အခန်းမှာ ၇၈၀ စတုရန်းမီတာ ( ၈၃၉၆ စတုရန်းပေ) ကျယ်ဝန်းပါတယ်. ဈေးအနည်းဆုံး အခန်းပင်လျှင် တစ်ညကို ဒေါ်လာ ၁၀၀၀ မှ ဒေါ်လာ ၆၀၀၀ ခန့်ရှိပြီး ဈေးအကြီးဆုံး အခန်းမှာ တစ်ညလျှင် ဒေါ်လာ တစ်သောင်းခွဲ (၁၅၀၀၀) ကျော် ကျသင့်သောကြောင့် ကမ္ဘာပေါ်မှာ တည်းခိုနေထိုင်ဖို့ ဈေးအကြီးဆုံး ဟိုတယ် တစ်ခုဖြစ်ပါတယ်.  ဟိုတယ် အပေါ်ဆုံးထပ်မှာ တင်းနစ်ကွင်းတစ်ခု ပါရှိပြီး ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးပေါ်မှာ တင်းနစ်ရိုက်ရတဲ့ ခံစားချက်ကို ခံစားလိုသူများ သွားရောက် ကစားနိုင်ပါတယ်..  ဟိုတယ်ရဲ့ အောက်ထပ်မှာတော့ ပင်လယ်ရှုခင်းနဲ့ ရေသတ္တ၀ါတွေရဲ့ အလှကိုကြည့်ရှုခံစားနိုင်တဲ့ ပင်လယ်ရေအောက် စားသောက်ဆိုင်ကြီး ကိုလည်း ဖွင့်လှစ်ထားရှိပါတယ်။



ဟိုတယ်ရဲ့ တင်းနစ်ကွင်း


Burj Al Arab's underwater restaurant 
ဟိုတယ်ရဲ့ ရေအောက်စားသောက်ဆိုင်
~~~~~~~~~~~~~~~~~~~~~~~~~~~~

ကမ္ဘာ့အရှည်ဆုံးတံတား

Image

ပင်လယ်ကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ တရုတ်ပြည်ရှိ The Qingdao Haiwan Bridge ကမ္ဘာ့အရှည်ဆုံး တံတားကြီးဟာ ၂၆.၄ မိုင်ရှည်လျားပြီး ၄နှစ်ကြာမျှ တည်ဆောက်ခဲ့ရကာ  စတာလင် ပေါင် ၅.၅ ဘီလီယံ ကုန်ကျတယ်လို့ သိရပါတယ်.. မကြာခင်ရောက်လာတော့မဲ့ နှစ်သစ်ကူးမှာ လုပ်သားပြည်သူများ အသုံးပြုဖို့ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်.. ဒီတံတားကြီးဟာ အစောပိုင်းက ကမ္ဘာပေါ်မှာ အရှည်ဆုံးတံတားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အမေရိကန်နိုင်ငံ လူဝီ စီနီးယား ပြည်နယ်က the Lake Pontchartrain Causeway  တံတားကြီးထက်ကို သုံးမိုင် ပိုပြီး ရှည်လျားတာကြောင့် ကမ္ဘာ့အရှည်ဆုံး တံတားသစ် ဖြစ်လာပါတယ်..

Image



Image

ပြည်နယ်၂ခုကို ဆက်သွယ်ထားတဲ့ ၁၆၄၈၀၅ မီတာ( ပေ ၅၄၀၇၀၀) အရှည်ရှိတဲ့ တံတားကြီးဟာ ပြည်နယ်နှစ်ခုရဲ့ ခရီးသွားလာချိန်ကို မိနစ် ၃၀ခန့် လျော့ချပစ်စေတယ်လို့ သိရပါတယ်.. ယာဉ်ကြောရှုပ်ထွေး ကြပ်ညပ်လွန်းတဲ့ စက်မှုမြို့တော်ကြီး နှစ်ခုဖြစ်သော ရှန်ဟိုင်းနဲ့ နင်းပေါ မြို့ကြီး နှစ်ခုကြားကို ခရီးသွားလာမှု လွယ်ကူအောင် ဖောက်လုပ်လိုက်တာ ဖြစ်ပြီး တံတားကြီးဟာ ခြောက်လမ်းသွား လမ်းမကြီးလည်း ဖြစ်ပါတယ်.. စီးပွားရေးအရ အရေးပါတယ်လို့ ဆိုပါတယ်...  တံတားပေါ်မှာ တစ်နာရီကို မိုင်ခြောက်ဆယ်နှုန်း မောင်းနှင်ခွင့် ပြုထားတယ်လို့ သိရပါတယ်.. တံတားကြီးဟာ အောက်ခံ ကွန်ကရိ ထောက်တိုင် တံတားဖြစ်ပြီး အချို့နေရာမှာတော့ ကြိုးတံတားအဖြစ် နှစ်မျိုးလုံး တွေ့ရပါတယ်..

Image
တံတားကြီးကို ပြည်ပ နည်းပညာ အကူအညီမပါဘဲ တရုတ်အင်ဂျင်နီယာများက ဒီဇိုင်းဆွဲပြီး ဆောက်လုပ်ခဲ့တယ်လို့ သတင်းတွေထဲကအတိုင်း ပြောပါတယ်..း) တံတားကြီးမှာ အခန်းပေါင်း ၅၂၀၀ကျော် ပါဝင်ပြီး ကမ္ဘာ့စံချိန်သစ်တင်တဲ့ အရှည်ဆုံးတံတားကြီး ဖြစ်တာကြောင့် တရုတ်တို့ဟာ အလွန်ဘဲ ဂုဏ်ယူ ၀ံ့ကြွားနေကြပါတယ် ပြီးတော့လည်း ကမ္ဘာ့အရှည်ဆုံးတံတား ၁၀ ခု စာရင်းမှာ တရုတ်နိုင်ငံက တံတားဟာ ၇နေရာ ပါပြီး ၂ခုတည်းသာ အမေရိကန်မှာ ရှိတာဖြစ်ပါတယ်.. တစ်ခုကတော့ ထိုင်းနိုင်ငံက ၇၉၃၃၂ မီတာ ရှည်တဲ့ Weinan Weihe Grand Bridge တံတားဖြစ်ပါတယ်..

ပင်လယ်ကိုဖြတ်ကာ တံတားဆက်သွယ်ထားသော မြို့ကြီးနှစ်ခု

No comments:

Post a Comment