ကျွန်တော့် အတွက်မေ့ မ၇တဲ့ ထိုည
ကျွန်တော်လူပျိုပေါက်အ၇ွယ်လောက်ကဖြစ်သည်။အဖေနဲ့ ကျွန်တော်ဆပ်ကပ်ပွဲအတွက်လက်မှတ်တန်းစီနေကြသည်။ အတော်ကြာစောင့် ဆိုင်းပြီးသည့် နောက်တွင်လက်မှတ်ပေါက်နဲ့ ကျွန်တော်တို့ ကြားမှာမိသားစုတစ်ခုသာကျန်တော့ သည်။
သည်မိသားစုကိုကြည့်ပြီး ကျွန်တော်ဘဘောကျနေမိသည်။ ကလေးချည်း၇ှစ်ယောက်ပါသည်။တစ်ယောက်မှ ၁၂ နှစ်ပြည့် သေးပုံမ၇။သူတို့ အသွင်အပြင်တွေကြည့် ၇ုံဖြင့် ပင်ငွေကြေးပြည့်စုံစုံထဲကမဟုတ်ကြောင်းသိနိုင်သည်။ အ၀တ်အစားတွေကအဖိုးတန်ထဲကမဟုတ်။သို့ သော်သပ်သပ်၇ပ်၇ပ်၇ှိသည်။ကလေးတွေ၇ဲ့ အမူအ၇ာကယဉ်ကျေးသည်။မိဘများနောက်မှာနှစ်ယောက်တစ်တွဲလက်ချင်းချိတ်ပြီးတန်းစီနေကြသည်။သို့ သော်နှုတ်ကမူညဘက်တွင်သူတို့ ကြည့် ၇မည့်ဆပ်ကပ်လူပြက်များ၊ဆင်လိမ္မာများနှင့် အခြားပြကွက်များအကြောင်းကိုအားတက်သေ၇ာပြောဆိုနေကြသည်။သူတို့ လေးတွေခမျာဆပ်ကပ်ပွဲတစ်ခါမှကြည့်ဖူးကြဟန်မတူ။သည်ညကတော့ သူတို့ ဘ၀မှာတကယ့်အမှတ်တ၇ညဖြစ်တော့ မည်ပုံမျိုး။
အဖေနှင့် အမေကအုပ်စုထိပ်မှဝမ်းမြောက်ဂုဏ်ယူသည့် အသွင်အပြင်များဖြင့် ၇ပ်နေကြသည်။ကလေးတွေ၏မိခင်က ခင်ပွန်းသည်၏လက်ကိုကိုင်လျက် သူ့ မျက်နှာကို၇ွန်း၇ွန်းစားစားကြည့်နေပုံမှာ"မေ့ချစ်သူလူစွမ်းကောင်းကြီး" ဟုနှုတ်ခွန်းဆက်နေသည့်အလားအထင်ကြီးမှု၊လေးစားမှု လက္ခဏ တွေအပြည့် ပါသည်။ခင်ပွန်းသည်ကလည်း "အားကိုးစမ်းပါ အချစ်၇ယ်"ဟု ခွန်းတုံပြန်နေသည့် နှယ်ဂုဏ်ယူသောအပြုံးနှင့်ချစ်ကြည်နူးစွာကြည့် နေသည်။
သည်အခိုက်လက်မှတ်ေ၇ာင်းနေသောအမျိုးသမီးက အဖေလုပ်သူအားလက်မှတ်ဘယ်နှစ်စောင်ယူမလဲဟုလှမ်းမေးလိုက်သည်။
"ကျွန်တော်ကလေးလက်မှတ် ၇ှစ်စောင်နဲ့ လူကြီးလက်မှတ်နှစ်စောင် လိုချင်ပါတယ်" ဟုသူကတက်တက်ကြွကြွပင်ဖြေလိုက်သည်။အမျိုးသမီးကလက်မှတ်ခနှုန်းထားကိုလှမ်းပြောလိုက်သည်။
ဇနီးသည်ကသူခင်ပွန်း၏လက်ကိုလွတ်ချလိုက်ပြီးခေါင်းလည်းငုံသွားသည်။အမျိုးသား၏နှုတ်ခမ်းတွေတဆတ်ဆတ်တုန်လာသည်။သူေ၇ှ့သို့ အနည်းငယ်တိုးကာ 'ဘယ်လောက်ဗျ' ဟုမေးလိုက်သည်။လက်မှတ်ေ၇ာင်းသောအမျိုးသမီးကဈေးနှုန်းတွေထပ်ပြောသည်။အဖေလုပ်သူမှာပိုက်ဆံအလုံအလောက်မပါ။သို့ သော်သည်အချိန်ကျမှသူနောက်ဘက်လှည့် ကာကလေးတွေကိုအဖေမှာပိုက်ဆံအလုံအလောက်မပါလို့ သည်ညဆပ်ကပ်ကြည့် နိုင်မှာမဟုတ်ဘူးဟုသူဘယ်လိုပြောထွက်နိုင်ပါမည်နည်း။
ဖြစ်ပျက်ပုံအလုံးစုံကိုမြင်ကာကျွန်တော်အဖေကအကျီင်္အိတ်ထဲကဒေါ်လာ ၂၀ ထုတ်လိုက်ပြီးနောက်မြေကြီးပေါ်အသာပစ်ချသည်။ထို့ နောက်အဖေပဲသည်ပိုက်ဆံကိုပြန်ကောက်ကာကလေးများဖခင်ပခုံးကိုသွားပုတ်ပြီးပြောသည်။"ဒီမှာခင်ဗျ၊စောစောကခင်းဗျားအိတ်ထဲကထွက်ကျသွားတယ်"
အဖေဘာလုပ်သည်ဆိုတာ ထိုလူကောင်းစွာနားလည်လိုက်ပါသည်။ ဘယ်သူ့ ဆီမှာမှသူလက်ဖြန့် တောင်းခံခဲ့ သည်တော့ မဟုတ်။သို့ သော်သည်လိုအသည်းအသန်အေ၇းတကြီးအချိန်၊ဖခင်တစ်ယောက်အနေနှင့် အ၇ှက်ကြီး၇ှက်၇မည်အဖြစ်မျိုးကြုံ၇အံ့ဆဲဆဲအချိန်တွင်မမျှော်လင့် ဘဲပေါ်ပေါက်လာသည့် အတွက်သည်အကူအညီအတွက်သူတကယ်ပဲ ကျေးဇူးတင်သွားခဲ့ သည်။ အဖေ့ မျက်လုံးအစုံကိုသူစူးစိုက်ကြည့် ပြီး. ဒေါ်လာ၂၀ကိုင်ထားတဲအဖေလက်လေးကိုဖျစ်ညှစ်ဆုပ်ကိုင်ပြီး..တုန်ယင်သောနှုတ်ခမ်းဖြင့် ကျေးဇူးတင်စကားဆိုသည်။"ကျေးဇူးတင်ပါတယ်ဗျ.တကယ်ကိုကျေးဇူးပါပဲခင်ဗျ၊
ကျွန်တော့် အတွက်ေ၇ာကျွန်တော့်မိသားစုအတွက်ပါအဖိုးမဖြတ်နိုင်ဘူးခင်ဗျ"ဟုပြော၇င်းသူ့ ပါးပြင်ပေါ်ကမျက်၇ည်တစ်ပေါက်လိမ့် ဆင်းကျလာသည်။
အဖေနှင့် ကျွန်တော်ကားဆီသို့ ပြန်လှည့်ကာအိမ်သို့ ပြန်ခဲ့ သည်။ အဲသည်ညဆပ်ကပ်ပွဲသို့ ကျွန်တော်တို့ မေ၇ာက်ခဲ့ ပါ။သို့ သော်အဲသည်ညသည် အချည်းနှီးညတော့ လုံးဝမဟုတ်ခဲ့ ပါ။
"လူကောင်းတစ်ယောက်၇ဲ့ ဘ၀မှာအကောင်းဆုံးအစိတ်အပိုင်းဆိုတာ
မကြီးကျယ်တဲ့ ၊အမည်မဖော်တဲ့ ၊အမှတ်တ၇ပြုမနေတဲ့ အကြင်နာ၊မေတ္တာ အပြုအမူလေးများပါပဲ"