Feb 25, 2012
Feb 23, 2012
မေမေ့အ၇ိပ်စစ်..
မေမေ့အ၇ိပ်စစ်..
အိမ်အပြင်ကမ္ဘာအားငေးကြည့်၇င်း.၇င်ခုန်သံလေးကျွန်တော်ကြားယောင်ဆဲ
သိတတ်စမို့ ..မိုးသားကောင်းကင်ထဲ...အတောင်ပံဖြန်ကျက်သွားချင်တယ်
အယောင်ဆောင်ကြင်နာမှုများအလယ် ပျော်၇ွင်မိုက်မဲအိပ်မက်နေဆဲ
နွေးထွေးလှတဲ့ အမေ့ အ၇ိပ်ကို ကျွန်တော်ကျောခိုင်းခဲ့ ပါတယ်
ပူလောင်မှုထဲတိုးဝင်လျောက်မယ် ဒဏ်၇ာတွေနဲ့ ပျော်တတ်လာခဲ့ 
အားလုံးဆုံး၇ှုံး ၇ှုံးနိမ့် သွားချိန်မှာ အမေ့ ကိုတမ်းတမျက်၇ည်ဝဲ..
အချိန်လွန်ကာမှနောင်တတွေ ၇င်ကိုနာကျင်ချေမွနေဆဲ
အားလုံးမောင်းထုတ်ဟားတိုက်လိုက်ချိန်မှာ..အမေ့ ဟာအပြုံးနဲ့ ဆီးကြိုတယ်..
အဆုံးအစမဲ့ ပေးဆပ်ခြင်း အေးမြတဲ့ အ၇ိပ်စစ်တစ်ခု
နူးညံ့တဲ့ အမေ့ ၇င့် ထဲ ပြန်ခိုလှုံခွင့် ၇ချင်တယ်
ဘ၀နဲ့ ၇င်းပြီး၇ုံးနိမ့် သွားချိန်မှာ..အမေဟာကျွန်တော့်ဘက်အမြဲနေခဲ့ တယ်.....
မေမေကိုအ၇မ်းလွမ်းမိပါတယ်..
(အဝေးေ၇ာက်သားလေး)

Feb 19, 2012
ချစ်သူ၇ဲ့ မှာတမ်း..
ချစ်ဆုံးမှ.....
Date(2 Valentine day+5)
ချစ်သူ....မင်း၇ဲ့ နွေးထွေးပြီးကြင်နာတတ်တဲ့ မေတ္တာစိတ်တွေကို တစ်လောကလုံးအတွက်..မျှဝေပေးနိုင်တယ်.နော်.
ချစ်သူ....မင်း၇ဲ့  ကြီးမားလားတဲ့ က၇ုဏစိတ်တွေကို စိတ်အားငယ်ပြီးနွမ်းပါးနေတဲ့လူတွေအတွက်ပေးနိုင်တယ်နော်
ချစ်သူ...မင်း၇ဲ့ အများအကျိုးသယ်ပိုးချင်တဲ့ အိမ်မက်လေးကိုအကောင်အထည်ဖော်ဖို ပါ၇မီဖြည့်ဖက်လေးဖြစ်အောင် အစစအ၇ာ၇ာကြိုးစားပေးပါမယ်နော်...
ချစ်သူ...မင်း၇ဲ့ လေးနက်ပြီးသစ္စာ၇ှိတဲ့ ချစ်ခြင်းကိုတော့ ..ချစ်ဆုံးတစ်ယောက်ပဲပိုင်ဆိုင်ပါ၇စေနော်..
ချစ်ဆုံးသို့ ...Date(2 Valentine day+5)
Feb 18, 2012
သင်ယူခြင်းအတွက်.....
အောင်မြင်မှုရရှိခဲ့သူတွေရဲ
သင်ယူနေတဲ့ အချိန်မှာ..အေ၇းပါတဲ့ အချက်တွေကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြ င်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအား နှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေ တယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်ေ န့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခု လက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
copy from internet!
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြ
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်န
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေ
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်ေ
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခု
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင်
copy from internet!
မေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာ
တစ်ခါက ကလေးငယ်တစ်ဦးသည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ကံအဆိုးဆုံး ကလေးဟု
ထင်နေသည်။ အကြောင်းမှာ သူတွင် ကျောရိုးနာ ရောဂါကြောင့် ခြေထောက်
မသန်မစွမ်း ဖြစ်ခဲ့ရပြီး သွားများလည်း အထပ်ထပ် မညီမညာ
ပေါက်နေသောကြောင့်ဖြစ်သည်။ သူသည် အခြားကလေး သူငယ်များနှင့် ပျော်ပါး
ဆော့ကစားခြင်း မရှိဘဲ တဦးတည်း ထီးထီးနေတတ်သည်။ ဆရာ စာမေးတိုင်းလည်း
ပြန်ဖြေခြင်း မရှိ ခေါင်းငုံ့ကာ နေတတ်သူဖြစ်သည်။
တစ်ခုသော နွေဦးပေါက်တွင် သူ၏ဖခင်သည် အိမ်နီးချင်း မိတ်ဆွေထံမှ ရခဲ့သော
သစ်ပင်ပျိုးပင်များကို သားသမီးများအား တစ်ယောက်တစ်ပင်စီ ခွဲဝေပြီး
အိမ်နောက်တွင် စိုက်ပျိုးစေခဲ့သည်။ ပျိုးပင်ကို အကောင်းဆုံး အရှင်သန်ဆုံး
စိုက်ပျိုးနိုင် သူအား ဆုချမည်ဟုလည်း ကြေညာခဲ့သည်။
ဖခင်ပေးမည့် ဆုအား သူလည်း လိုချင်ခဲ့သည်။ သို့သော် တခြားသူများက
ပျိုးပင်ကိုယူပြီး အားရ၀မ်းသာ စိုက်ပျိုးနေချိန်တွင် သူ့စိတ်ထဲတွင်
ဘာကြောင့်မှန်းမသိ မကောင်းသော အတွေးတချို့ဝင်ခဲ့သည်။
ကိုယ်စိုက်ပျိုးသောပျိုးပင် အမြန်ဆုံး ညိုးနွမ်း သေဆုံးသွားရန်သာ သူ
မျှော်လင့်ခဲ့သည်။ သို့နှင့် အပင်ကို ရေ တစ်ခါ နှစ်ခါ လောင်းပြီး
နောက်ပိုင်း သူလှည့်ပင် မကြည့်ခဲ့မိပေ။
ရက်အတန်ငယ် ကြာသောအခါ စိုက်ထားသော အပင်အား သူ သွားရောက် ကြည့်ခဲ့ပြန်သည်။
ထူးဆန်းစွာ အပင်မှာ မညိုးနွမ်း မသေဆုံးသည့်အပင် ရွက်နုများပင်
ထွက်လို့လာသည်။ တစ်ခြားအပင်များထက်ပင် ပိုရှင်သန်နေသည်ကို အံ့သြစွာ
သူတွေ့လိုက်မိသည်။
ဖခင်မှာ ဂတိအတိုင်း သူကြိုက်သော ဆုကိုပေးခဲ့ပြီး သူအား “သားစိုက်ထားတဲ့
အပင်ကို ကြည့်ခြင်းအားဖြင့် သားဟာ ကြီးလာရင် ရုက္ခဗေဒပညာရှင်
တစ်ဦးဖြစ်လိမ့်မယ်”ဟု အားပေးစကား ပြောခဲ့သည်။
ထိုနေ့မှစ၍ သူသည် တဖြေးဖြေး ပျော်ရွှင်လာခဲ့သည်။ တစ်ယောက်တည်း
ထီးထီးမနေတော့ဘဲ အခြားလူများနှင့် ၀င်ဆန့်ရဲလာခဲ့သည်။ တစ်ညတွင် သူသည်
အိပ်မပျော်သောကြောင့် ပြုတင်းပေါက်ကိုဖွင့်ပြီး လှပသော လရောင်ကို
ခံစားရင်း ဇီဝဗေဒဆရာပြောခဲ့သော “ အပင်တွေဟာ အများအားဖြင့် ညမှာ ရှင်သန်
ကြီးထွားကြတယ်” ဟုသော စကားတစ်ခွန်းကို သတိရလာမိသည်။ သို့နှင့်သူသည်
မိမိစိုက်ခဲ့သော အပင်အား သွားရောက် ကြည့်ရှုလိုခဲ့သည်။
အိမ်နောက်ရှိ သစ်ပင်နားရောက်ခါနီးတွင် လူရိပ်တစ်ခုကို တွေ့လိုက်မိသည်။
ထိုသူမှာ ဖခင်ဖြစ်ပြီး မိမိစိုက်ခဲ့သော အပင်အား တူးဆွပြီး အပင်ခြေရင်းကို
မြေသြဇာများဖြင့် ဖို့ပေးနေသည်ကို သူတွေ့လိုက်မိသည်။
ဖခင်၏လုပ်ရပ်ကို ကြည့်ပြီး အရာအားလုံးကို သူ သဘောပေါက်သွားမိသည်။
သူစိုက်ပျိုးပြီး ညိုးနွမ်းသေဆုံး စေချင်သောအပင် ရှင်သန်နေခြင်း၏
အကြောင်းရင်းကို သူသိသွားမိသည်။ အိပ်ခန်းသို့ သူ တိတ်တဆိတ်
လှည့်ပြန်လာပြီး တစ်ညလုံး သူ ငိုကြွေးခဲ့မိသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီ။ ထိုခြေမသန်မစွမ်းသော ကလေးမှာ
ရုက္ခဗေဒပညာရှင် တစ်ဦး ဖြစ်မလာခဲ့ပါ။ သို့သော် သူသည် အမေရိကန်၏
သုံးဆယ့်နှစ်ဦးမြှောက် သမတ္တကြီးဖြစ်လာခဲ့သည်။ သူ့အား တွန်းလှည်းပေါ်တွင်
ထိုင်နေသော ပဲ့ကိုင်သူ အဖြင့်လည်း တင်စားကြသည်။ သူ၏ အမည်မှာ Franklin D.
Roosevelt ဖြစ်သည်။

၁၂ နှစ် အရွယ်ကမေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာပါ။ တစ်ခွန်းတည်းသော စကားပဲ
ဖြစ်ဖြစ် အကြင်နာ မေတ္တာတွေပါရင် ညိုးနွမ်းနေတဲ့ ဘ၀ကိုတောင်ရှင်သန်စေပါတယ်။
ဗြဟ္မစိုရ်တ၇ား(၄)ပါး
-တန်းတူတွေ့ ၇င် မေတ္တာဝင်၊ မ၀င်နိုင်ကပြိုင်တတ်သည်.
ပြိုင်မည့် အစား .မေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့ မယ်
-နိမ့်သူတွေ့ ၇င်ဂ၇ုနာဝင်၊ မ၀င်နိုင်ကနိုင်တတ်သည်
နိုင်မည့် အစား ဂ၇ုနာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်.
-မြင့် သူတွေ့ ၇င် မုဒိတာဝင်၊ မ၀င်နိုင်က၇ွဲ့ တတ်သည်.
၇ွဲ့ မည့် အစား မုဒိတာပွား..စိတ်ထားပြုပြင်ပြောင်းပါ့မယ်.
-မိုက်သူတွေ့ ၇င် ဥပေက္ခာဝင်၊ မ၀င်နိုင်က မဲ့ တတ်သည်.
မဲ့မည့်အစား ဥပေက္ခ္ခာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့ မယ်.
-စိတ်ကိုလည်းပြင် ၇ုပ်လည်းပြင် ၊ ပြင်ဆင်တိုင်း၇ပြုတိုင်းလှ
သုခနိဗ္မာန်တိုင်လိမ့် မယ်။
Feb 1, 2012
Myanmar Naypyidaw International Airport Design (Present for My country)
ယခုခေတ်ကာလမှာ...နည်းပညာကလည်းအင်မတန်ကိုမှအေ၇းပါလွန်းလှပါလားနော်...။ အထူးသဖြင့် 
ယခုခေတ်စားနေတဲ့  internet ပေါ့ ..။
ကျွန်တော်တို့ လို internetကောင်းကောင်းသုံးနိုင်တဲ့နေ၇ာကိုေ၇ာက်နေတဲ့  လူတွေကတော့ ...နေတိုင်း internet ပေါ်မှာမြင်နေ တွေ့ နေ ကြားနေ၇တဲ့ သတင်းတွေကလည်း..အလွန်ကိုစုံလင်လှပါတယ်။ ထိုအထဲမှာ ဘ၀င်မကျတာလေးတစ်ခုတွေအမြဲလိုလိုတွေ့ နေ၇တယ်...။ အဲဒါကဘာလဲဆိုတော့ ..internet လောကမှာ
" မြန်မာ"(Myanmar) ဆိုတဲ့ ကျွန်တော့်တို့ ၇ဲ့ နိုင်ငံကို ဆေးေ၇ာင်အမည်းစွန်းထင်းစေမဲ့လုပ်၇ပ်တွေတော်တော်များများတွေ့၇ပါတယ်..။
ပြန်ပြီးစီစစ်ကြည့်လိုက်၇င်ထိုဆေးေ၇ာင်အမည်းဆိုးနေတဲ့လူတွေကလည်း တခြားတိုင်းတပါးကလူတွေကခပ်နည်းနည်း။..ကိုယ်နိုင်ငံသားအချင်းချင်းက
ကိုယ်နိုင်ငံကိုပြန်ပြီး မကောင်းကြောင်းပြောတဲ့သူတွေကခပ်များများတွေနေ၇တယ်..။
ကိုယ်နိုင်ငံကိုပြန်ပြီး မကောင်းကြောင်းပြောတဲ့သူတွေကခပ်များများတွေနေ၇တယ်..။
ကျွန်တော်တို့ ကသာစိတ်ထဲကနေဘာမှမဖြစ်သလိုခံစား၇ပေမဲ တခြားတိုင်းတပါးကလူတွေ၇ဲ့အမြင်မှာတော့
အင်မတန်၇ုပ်ဆိုးလွန်းလှပါတယ်။ နောက်ဆုံး..ဘယ်လောက်ထိဆိုးလဲဆို၇င် internet ၇ဲ့ မိခင် website ဖြစ်တဲ့Google မှာ Myanmar ဒါမှမဟုတ်
မြန်မာလို့ ၇ိုက်၇ှာလိုက်၇င်တောင် ကျလာတဲ့ ပုံတွေ သတင်းတွေမှာ
မြန်မာလို့ ၇ိုက်၇ှာလိုက်၇င်တောင် ကျလာတဲ့ ပုံတွေ သတင်းတွေမှာ
ကိုယ်နိုင်ငံကောင်းကြောင်း..ကိုဖော်ပြတဲ့ ပုံတွေသတင်းတွေက ၃၀% လောက်ပဲ၇ှိတယ်...ကျန်တဲ့  ၇၀%
လောက်ကတော့ကိုယ်နိုင်ငံ၇ဲ့ ဂုဏ်ကိုထိခိုက်စေမဲ့ပုံတွေသတင်းတွေကိုမြင်နေ၇တယ်။..ငယ်ငယ်တုန်းကသင်
ခဲ့ ၇တဲ့  ဇာတ်တူသားအချင်းချင်းစား၇င်းမျိုးတုန်းခဲ့ တဲ့ ပုံပြင်လေကိုပြန်ပြီးသတိ၇မိတယ်။..နောက်ဆုံး..
ပြန်စဉ်းစားလိုက်၇င်.ကိုယ်နိုင်ငံကို ကိုယ်ကတန်ဖိုးမထား၇င်ဘယ်သူတွေတန်ဖိုးထားမလဲ၊ ကိုယ်လူမျိုးတွေ ကို ကိုယ်ကမှမချစ်၇င် ဘယ်သူတွေကလာပြီးဂ၇ုစိုက်ပါ့ မလဲ။
ကောင်းကောင်း..ဆိုးဆိုး...ကိုယ်နိုင်ငံကို..တန်ဖိုးထားသင့် တယ်...ကိုယ်လူမျိုးကိုချစ်မြတ်နိုးသင့် တယ်။
တချို့ကိုယ်နိုင်ငံကောင်ကျိုးအတွက်စာေ၇းဆ၇ာတွေကစာလေးတွေေ၇းပြီးကိုယ်နိုင်ငံရဲ့ဂုဏ်ကိုတင်ကြတယ်..ပန်းချီဆ၇ာတွေကလည်းပုံလေးတွေဆွဲပြီး ကိုယ်နိုင်ငံ၇ဲ့ ဂုဏ်ကိုတင်ကြတယ်..စသည်ဖြင့် ပေါ့...အဲတော့ကျွန်တော်လည်း
ကျွန်တော်တတ်စွမ်းသာလေးနဲ့ ...internet လောကမှာအမည်းစက်တွေ
များနေတဲ့  ကိုယ်နိုင်ငံအတွက် ...အဖြူေ၇ာင်လေးတစက်ေ၇းဆွဲလိုက်ပါတယ်.။
Myanmar Naypyidaw International Airport Design လေးကိုကျွန်တော်တတ်စွမ်းသလောက်ဖန်းတီးထားပါတယ်...အမှားများ၇ှိခဲ့ ၇င်လည်း ဝေဖန်ပေးကြပါလို့ မေတ္တာ၇ပ်ခံပါတယ်....
Wingate sai
Myanmar Naypyidaw International Airport
ကျေးဇူးတင်ပါတယ်
တနေ့က ကျွန်တော့် ကလေးများကို စာသင်ပေးနေတဲ့ ဆရာမလေး ယူလီယာ ဗာဆီယက်ဗနာ့ကို ကျွန်တော့် စာကြည့်ခန်းအတွင်းသို့ အခေါ်ခိုင်းလိုက်တယ်။
ပေးစရာ ငွေကြေး ကိစ္စများကို ရှင်းလင်းပေးရန်ဖြစ်သည်။
"ထိုင်ပါ၊ ဆရာမ" .. ဟုပြောရင်း
"ပေးစရာရှိတာလေးတွေကို ပေးမလို့ အခေါ်ခိုင်းလိုက်တာပါ။ ဆရာမလည်း ငွေလိုရော့မယ်။ ဒါပေမယ့် ဆရာမကလည်း မတောင်းဘူး၊ ကောင်းပြီလေ။ အခုပေးတာပေါ့၊ ကလေးတွေကို စာသင်ပေးဖို့ ဆရာမကို တစ်လ ရူဘယ် ၃၀ နဲ့ သဘောတူခဲ့တယ်နော်"
"တစ်လ ၄၀ ပါ"
"မဟုတ်ဘူး သုံးဆယ်။ ဒီမှာ စာနဲ့ သေသေချာချာရေးထားတယ်။ အိမ်မှာ ကလေးတွေကို စာလာပြပေးတဲ့ ဆရာမ မှန်သမျှ တစ်လ ရူဘယ် ၃၀ အမြဲပေးခဲ့တယ်။ ဆရာမ ဒီမှာ စာသင်ပေးနေတာ အခုဆိုရင် ၂ လ ရှိသွားပြီနော်"
"နှစ်လနဲ့ ငါးရက်ပါ"
"မဟုတ်ပါဘူး၊ ဒီနေ့ပါနဲ့ ပေါင်းမှ နှစ်လ တိတိ၊ အားလုံး ဒီမှာ စာနဲ့ ရေးမှတ်ထားတယ်။ အခု ဆရာမကို ပေးရမှာက နှစ်လစာဆိုတော့ ရူဘယ် ၆၀။ အဲဒီ အထဲက တနင်္ဂနွေ ၉ ရက်ကို နှုတ်ရဦးမယ်။ တနင်္ဂနွေတွေမှာ ဆရာမဟာ ကိုလျာကို စာမသင်ပေးခဲ့ဘူး။ ပြီးတော့ အားလပ်ရက်နဲ့ ပိတ်ရင် ၃ ရက်ပါသေးတယ်။"
ဆရာမလေး ယူလီဗာ့ ဆီလီယက်ဗနာသည် မျက်နှာကြီး နီရဲလာကာ စကတ် အနားစွန်းလေးများကို လက်ဖျားနှင့် စိတ်လှုပ်ရှားစွာ ကိုင်နေသည်။ စကားတစ်ခွန်းမှ မပြော။
"အားလပ်ရက် သုံးရက်၊ သုံးရက်အတွက် တစ်ဆယ့်နှစ်ရူဘယ်ဖြတ်ရမယ်။ ကိုလျာလေး နေမကောင်းဖြစ်ပြီး စာမသင်ခဲ့ရဘူး။ ဆရာမဟာ ဗာယာနဲ့ပဲ နေခဲ့ရတယ်။ အိမ်ရှင်မက ဆရာမကို ညစာ စားပြီးချိန်ဆိုရင် အနားပေးတယ်။ တစ်လ ၁၂ ရူဘယ်နဲ့ ခုနစ် ရူဘယ်ပေါင်းတော့ တစ်ဆယ့်ကိုး ရူဘယ်၊ လစာထဲက တစ်ဆယ့်ကိုး ရူဘယ်ကို နှုတ်တော့ လေးဆယ့်တစ်ရူဘယ်ပဲ ကျန်တော့တယ်။ မှန်တယ်နော်။"
ဆရာမလေး ယူလီယာဗာဆီလီယက် ဗနာ၏ ဘယ်ဘက်မျက်လုံးများသည် နီရဲသွားကာ မျက်ရည်များ ဝိုင်းစို့လာသည်။ မေးလည်း တဆက်ဆက် တုန်လာသည်။ ဆရာမလေးသည် ချောင်းတချက်ဆိုးလိုက်ကာ နှာခေါင်းကို ပွတ်သည်။ သို့သော် စကားတစ်ခွန်းမှ မပြော။
"နှစ်သစ်ကူးပွဲ မတိုင်မီက လက္ဘရည် အချိုခွက်နဲ့ ပန်းကန်ပြား ဆရာမကြောင့် ကွဲသွားခဲ့တယ်။ အဲဒါအတွက် နှစ်ရူဘယ်၊ လက္ဘရည်ခွက်က အတော် တန်ဖိုးကြီးပါတယ်။ မိသားစု အစဉ်အဆက် ထိမ်းသိမ်းဆက်ခံလာတဲ့ ပစ္စည်းမို့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ထားပါတော့လေ။ ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာရှိသေးတယ်။ ဆရာမရဲ့ ပေါ့လျော့မှုကြောင့် ကိုလျာဟာ သစ်ပင်ပေါ်တတ်လို့ အကျီစုတ်ပြဲသွားခဲ့တယ်။ အဲဒါအတွက် တစ်ဆယ် ရူဘယ်။ ဆရာမရဲ့ ပေါ့ဆမှုကြောင့် အိမ်ဖေါ်မလေးက ဗာယာရဲ့ ဘွတ်ဖိနပ်ကို ခိုးယူသွားခဲ့တယ်။ ဒါတွေ အားလုံးကို မျက်လုံး ဒေါက်ထောက်ကြည့်ရမှာက ဆရာမရဲ့ အလုပ်။ ဒါ့အတွက် ဆရာမကို ပိုက်ဆံပေးပြီးငှားထားတာကိုး။ အဲဒီအတွက် ငါး ရူဘယ်ဖြတ်မယ်။ ဇန်ဇဝါရီလ ၁၀ ရက်နေ့က ဆရာမ ကျုပ်ဆီက ငွေ ဆယ်ရူဘယ် ချေးခဲ့တယ်။"
"ဟင့်အင်း၊ ကျွန်မ ရှင့်ဆီက မချေးခဲ့ဖူးပါဘူး။" ဟု ဆရာမလေးက လေသံသဲ့သဲ့ဖြင့် ပြောသည်။
"ဒီမှာ အားလုံးကို စာနဲ့ရေးမှတ်ထားတယ်။"
"ဒါဆိုလည်း ကောင်းပါပြီ၊ နောက်တော့ကော"
"လေးဆယ့်တစ်ရူဘယ်ထဲကနေ နှစ်ဆယ့် ခုနစ် ရူဘယ်ကို နှုတ်တော့ တစ်ဆယ့်လေး ရူဘယ်ကျန်တယ်။"
ဆရာမလေး၏ မျက်လုံးအစုံသည် မျက်ရည်များဖြင့် ပြည့်သိပ်နေကာ သွယ်တန်းလှပသော နှာတံစင်းစင်းပေါ်တွင် ချွေးသီး ချွေးပေါက်များ ဝိုင်းစို့လာသည်။ သနားစရာ အတော်ကောင်းသည့် မိန်းကလေး ... ။
"ကျွန်မ တစ်ခါပဲ ပိုက်ဆံချေးခဲ့ဖူးပါတယ်။ အဲဒါ ရှင့်ဇနီးဆီက သုံးရူဘယ်ထဲရယ်ပါ။ ဒါ့ထက် တပြားမှ မပိုခဲ့ပါဘူး။"
"အဲဒါကို ထည့်မပြောခဲ့ခဲ့ဘဲကိုး။ အဲဒါ ကျုပ်စာထဲမှာ ရေးမမှတ်ရသေးဘူး။ တစ်ဆယ့်လေး ရူဘယ်ထဲက သုံးရူဘယ် ထပ်နှုတ်တော့ တစ်ဆယ့်တစ် ရူဘယ်ပဲ ကျန်တော့တယ်။ ဒီမှာ သုံးရူဘယ်၊ နောက် သုံးရူဘယ်၊ နောက်သုံးရူဘယ်၊ တစ်ရူဘယ်၊ တစ်ရူဘယ် အားလုံး တစ်ဆယ့်တစ် ရူဘယ်၊ အဲဒါ ဆရာမ ပိုက်ဆံ။"
ကျွန်တော်သည် ဆရာမလေးကို ငွေ တစ်ဆယ့် တစ်ရူဘယ်ကို လှမ်းပေးလိုက်သည်။ ဆရာမလေးသည် ငွေကို တုန်တုန်ရီရီဖြင့် လှမ်းယူကာ အကျီ အိပ်ကပ်ထဲသို့ ထည့်လိုက်သည်။
"ကျေးဇူးပါပဲ" ဟု ခပ်တိုးတိုးလေး ပြောသည်။
ကျွန်တော် သည် ဝုန်းကခနဲ ထလိုက်ကာ အခန်းထဲတွင် လျောက်နေမိတော့သည်။ စိတ်လည်း အတော် ဆိုးသွားသည်။
"နေပါဦး၊ ဆရာမက ကျွန်တော့်ကို ဘာအတွက် ကျေးဇူးတင်ရတာလဲ။" ဟု ခပ်ဆက်ဆက် မေးလိုက်သည်။
"ပိုက်ဆံ ပေးတဲ့ အတွက်ပါ။"
"ကျုပ် ခင်ဗျားကို ငွေလိမ်ပေးနေတာ၊ နေ့ခင်းကြောင်တောင်ကြီး အေးဓားပြတိုက်နေတာ၊ ဘာပြုလို့ ကျုပ်ကို ကျေးဇူးတင်တာလဲ။"
"တခြားမှာဆို တပြားမှတောင် မရလို့ပါ။"
"တပြားမှ မရဘူး ဟုတ်လား၊ ဖြစ်မှ ဖြစ်ရလေ၊ အေးလေ .. ၊ အံ့သြစရာတော့ မရှိပါဘူး။ ကျုပ်ခင်ဗျားကို ရက်စက်တဲ့ သင်ခန်းစာတစ်ခုကို ပေးချင်လို့ပါ။ ခင်ဗျား လစာ နှစ်လအတွက် ရူဘယ်ရှစ်ဆယ်လုံးလုံး၊ အပြည့်ပေးမှာပါ။ ဟောဟိုက စာအိပ်ထဲမှာ အပြည့်ထည့်ထားပါတယ်။ ဆရာမ ... ဘာပြုလို့ ခင်ဗျား ဒီလောက် ပျော့ညံ့ရတာလဲ။ မဟုတ်တာ ဘာပြုလို့ ပြန်မပြောရဲရတာလဲ။ မဟုတ်တာကို ပြန်ပြောရဲရမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဘဝမှာ ဘယ်လိုလုပ်ပြီး နေလို့ ရတော့မှာလဲ။ ဒီလို ပျော့ညံ့လို့ ဘယ်ဖြစ်မလဲ။
ဆရာမလေး မျက်နှာပြုံးယောင်သန်းလာသည်။
ကျွန်တော်သည် ဆရာမလေးအား ဘဝနေနည်း သင်ခန်းစာတစ်ရပ်ကို ရက်ရက်စက်စက် ပေးမိလိုက်သည့်အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ရင်း သူမ၏ လစာ ရူဘယ် ၈၀ ကို ပေးလိုက်ပါသည်။ ဆရာမလေးသည် အံ့အားသင့်၍ နေသည်။
"ကျေးဇူးတင်ပါတယ်။"
ဟု ကြောက်ကြောက်ရွံ့ရွံ့ ဖြင့် ပြောရင်း အခန်းထဲမှ ထွက်သွားသည်။ သူထွက်သွားလေမှပင် သူ၏ကျောပြင်ကို ငေးကြည့်ရင်း လောကကြီးမှာ ရက်စက်တယ်ဆိုတာ အလွန်လွယ်ကူတဲ့ အလုပ်ပါလားဟု တွေးနေမိလိုက်တော့၏။
ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ်၉၊ ၁၉၉၅ အောက်တိုဘာလ။
ရုရှားစာရေးဆရာကြီး Anton Chekhoy ၏ ဝတ္ထုတို Softy ကို ဆရာလင်းဝေမြိုင်က ဘာသာ ပြန်ထားတာ ဖြစ်ပါသည်။
(အခြအနေ အကြောင်းကြောင်းကြောင့် ဘာသာပြန်သူ၏ ခွင့်ပြုချက်ကို ရယူထားခြင်း မရှိပဲ ပြန်လည် ဖေါ်ပြထားခြင်းဖြစ်ပါသည်။)
Subscribe to:
Posts (Atom)