Showing posts with label ဒသာနများ. Show all posts
Showing posts with label ဒသာနများ. Show all posts

Apr 27, 2014

စေလို၇ာစေပါ ဇာတ်ဆ၇ာ





စေလိုရာစေပါ
ဇာတ်ဆ၇ာ....။
နှောင်ဖွဲ့ မှုများ ၊ မဆီးတားဘဲ
အားကောင်းမောင်းသန်၊ လေကိုဆန်လို့ 
အောင်လံဆွတ်ခူးပြချင်တယ်။
တင်းကျပ်မှုများ ၊ ရံမထားဘဲ
နိုးကြားထက်သန် ၊ေ၇ကိုဆန်လို့ 
အိမ်မက်တွေကို ဖန်တီး ပြချင်တယ်။
ခြင်္သေ့ဟူငြား ၊မြိုင်ယံကြားမှာ
လျောက်သွားတစ်ကိုယ်တည်း ၊ဖော်မမှီးလည်း
ခရီးဖင့် ထောက်
ရွံကြောက်မဲ့ ကင်း ၊ ရဲရင့် အမြဲ။

သိမှတ်ဖွယ် စကားလုံး ၁၀ လုံး



 1..တကိုယ်ကောင်းဆန်တဲ့ ပထမဆုံး စကားလုံးက " ငါ " ဆိုတာပါ။ ရှောင်ကြဉ်ပါ။

2..ကျေနပ်စရာကောင်းတဲ့ ၂ ခုမြောက် စကားလုံးက "ငါတို့" ဆိုတာပါ။ အသုံးပြုပါ။

3..အဆိပ်အပြင်းဆုံး ၃ ခုမြောက် စကားလုံးက "မာနတရား"ပါ။ သတ်ပစ်ပါ။

4..လူတွေ အသုံးအများဆုံး ၄ ခုမြောက်စကားလုံးက "အချစ်"ပါ။ တန်ဖိုးထားပါ။

5..ကျေနပ်စရာ အကောင်းဆုံး ၅ ခုမြောက် စကားလုံးက "အပြုံး"ပါ။ထိန်းသိမ်းပါ။

6..အမြန်ဆုံး ပျံ့နှံ့ကူးစက်နိုင်တဲ့ ၆ ခုမြောက် စကားလုံးက "ကောလဟာလ"ပါ။ လျစ်လျူရှုပါ။

7..အခက်ခဲဆုံး ၇ ခုမြောက် စကားလုံးက "အောင်မြင်မှု"ပါ။ ဆွတ်ခူးပါ။

8..အန္တရာယ် အရှိဆုံး ၈ ခုမြောက်စကားလုံးက "မနာလိုခြင်း"ပါ။ ဝေးဝေးနေပါ။

9..အစွမ်းထက်ဆုံး ၉ ခုမြောက် စကားလုံးက "အသိဥာဏ်ဗဟုသုတ"ပါ။ ရယူပါ။

                                                     10..မရှိမဖြစ် အရေးကြီးဆုံး ၁၀ ခုမြောက် စကားလုံးက "ယုံကြည်မှု"ပါ။ မြတ်နိုးပါ။

Mar 4, 2014

အဆိပ် ဆိုတာ ဘာလဲ???


အဆိပ် ဆိုတာ ဘာလဲ???
*လွန်ကဲတာ မှန်သမျှ အဆိပ်ပါပဲ
………အထိုင် လွန်ကဲ တယ် 
ဒါလည်း အဆိပ်ပဲ
………အအိပ် လွန်ကဲတယ်
ဒါလည်း အဆိပ်ပါပဲ
………အသောက် လွန်ကဲတယ်
ဒါလည်း အဆိပ် ပါပဲ

………အဆိုးမြင် စိတ်တွေလွန်ကဲတယ်
ဒါလည်း အဆိပ်ပါပဲ…
………မျှော်လင့်ချက်တွေ လွန်ကဲတယ်
ဒါလည်း အဆိပ်ပါပဲ.
………သဘောထားတွေ လွန်ကဲတယ်
ဒါလည်း အဆိပ်ပါပဲ…

အဆိပ် တွေကလွတ်ဖို့
တစ်ခုတည်းသော နည်းလမ်းက
အလယ်အလတ် လမ်းစဉ်ပါပဲ…

Apr 19, 2013

သင့် အပြုအမူအတိုင်းေ၇ာင်ပြန်ဟပ်လိမ့် မည်

အလုပ်...
      လုပ်၇တာချင်းအတူတူ
      စေတနာထားပြီးလုပ်၇င်ပိုကောင်းတယ်။
စကား...
      ပြော၇တာချင်းအတူတူ
      ချိုသာအောင်ပြောဆိုပါ။
---------------------------------------------------
သင့် အပြုအမူအတိုင်းေ၇ာင်ပြန်ဟပ်လိမ့် မည်။

လူတော်လူမော်တွေ အမြဲတစေ လက်ကိုင်ထားတတ်တဲ့ အမူအကျင့်(၁၀)မျိုး


==========================================

၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်

သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီး ခင်မင်မှု မျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။
အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေ စိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည် လာတဲ့အတွက် တန်ဖိုးထားပါ။

သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ
သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊
ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။


၂။ လက်လွှတ်နိုင်အောင် (ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်

ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ
ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင် လက်လွှတ် လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။

မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု
ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။

၃။၊ ဂရုဏာစိတ်ထားတယ်

တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့
မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင် ရမယ်။

ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ
လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။

၎။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်


ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို
လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊
ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။
နောက်ပြီးဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့ သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။

၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်

ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊
နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာ မရခဲ့ရင် အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်း စိတ်က ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ်က ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့
အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး ရှိနေ သေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။

၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်


တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံ လာတဲ့အခါ အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှ တော့ ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့
မသင့်တော့ဘူး။

၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်

အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊
အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာ တတ်မယ်။ ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး
တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို
ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီက
မြစ်ဖျားခံတာပဲ။

၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်

အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက် ပေါ့ပါးမှု မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိတ်အပိုင်း တော်တော်များများမှာ လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။

၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်

စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊
နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့
ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။

၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်

အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစား တယ်။ အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာ တော့ဘူး၊ ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို ထိန်းထား နိုင်လိမ့်မယ်။

Jan 11, 2013

ကျနော်သိတဲ့ ဒဿန

 လူတော့လူပဲ အဓိပ္ပာယ်ရှိတဲ့လူဖြစ်ဖို့လိုတယ်။
 ကျနော်သိတဲ့ထဲက တန်ဖိုးအကြီးဆုံးတစ်ခုက
 ဘယ်ဥစ္စာမှ ဘာမှမဟုတ်ဘူး ဘာကိုမှ အကြာကြီးမပိုင်ဘူး
ဆိုတဲ့ ဒဿနပဲ။

Oct 28, 2012

အ၇ွယ်သုံးပါး

ကြီးပြင်းခါစမှအချိန်၇ှိတယ်၊ခွန်အား၇ှိတယ်၊ဒါပေမဲ့ ငွေမ၇ှိဘူး။
အလုပ်ထဲေ၇ာက်တော့ ငွေ၇ှိတယ်၊ခွန်အား၇ှိတယ်၊ဒါပေမဲ့ အချိန်မ၇ှိဘူး။
အသက်အ၇ွယ်ကြီး၇င့် သွားတော့  ငွေ၇ှိတယ်၊အချိန်၇ှိတယ်၊ဒါပေမဲ့ ခွန်အားမ၇ှိတော့ ဘူး။
(လူ၇ဲ့ ဘ၀အခြေအနေတစ်ခုတိုင်းမှာတစ်ခုခုကတော့ မပြည့် မစုံဖြစ်နေတယ်ဆိုတာကို..အသက်အ၇ွယ်ကြီးလာသည်နဲ့ အမျှပိုပိုသိလာတော့ တယ်။)


ယုံကြည်မှု၇ှိနေ၇င်အောင်မြင်မှုဆိုတာမဝေးတော့ ဘူး

ခြင်္သေ့ ရဲ့ အမြန်နူန်းက တစ်နာရီ ၅၈ ကီလိုမီတာ ရှိတယ် ။

သမင်ရဲ့ အမြန်နူန်းက တစ်နာရီ ၉၀ ကီလိုမီတာ ရှိတယ် ။

ဒါပေမယ့် လည်း သမင်က ခြင်္သေ့ရဲ့ သားကောင်ဖြစ်သွားရတယ် ။

(( အကြောက်လွန်ပြီး သမင်ပြန်လှည့်ကြည့် ရင် အရည်အချင်း 
သာလည်း အစားခံရမယ် ))


Oct 26, 2012

လူ့ တန်ဖိုး...အချိန်၏တန်ဖိုး


အသက် ၆၀ အသက်၇ှင်နေထိုင်၇တဲ့ လူတစ်ယောက်ကိုပြန်ကြည့်လိုက်၇င်
-အိပ်ချိန်က တစ်၇က်ကို ၈နာ၇ီ ၇ှိခဲ့ မယ်ဆို၇င် နှစ်၂၀ အိပ်စက်၇င်းကုန်ဆုံးသွား၇တယ်။
-ကျောင်းချိန်အလုပ်ချိန်တွေနဲ့ တစ်၇က်ကို ၈ နာ၇ီအချိန်ပေးခဲ့ ၇မယ်ဆို၇င် နောက်ထပ်အနှစ် ၂၀ ကုန်သွား၇တယ်။
-အင်တာနက်သုံး၊ဖုန်းပြော ၊ တီဗီကြည့် တစ်နေ့ ကို ၄ နာ၇ီအချိန်ပေးခဲ့ ၇မယ်ဆို၇င် နောက်ထပ် ၁၀ နှစ်ကုန်သွားပြန်တယ်။
-တစ်နေ့ တာအစားအသောက်စားဖို့ အတွက် ၁ နာ၇ီ
-အထွေထွေကိစ္စတွေအတွက် ၃ နာ၇ီ အချိန်ပေးခဲ့ မယ်ဆို၇င် ၁၀ နှစ် 
ဒါပဲလား...အချိန်အနှစ် (၆၀) !
၇ခဲ လှတဲ့ ဒီလူဘ၀မှာ ကိုယ်အတွက်ကော အများအတွက်ကောတစ်ခုခု ကောင်းအောင် ကိုယ်ပိုင်ဆိုင်တဲ့ အချိန်ထဲကနေ လုပ်ပေးနိုင်အောင်ကြိုးစားသင့် တယ်လို့ ထင်ပါတယ်။


အတွေး(၁)


သူတပါးကိုအစောတလျင်မဝေဖန်နဲ့  မပုတ်ခတ်ပါနဲ့ ။
 သူအ၇ိပ်ကြည့် ပြီးဆုံးဖြတ်၇င်တောင်ဖြစ်၇ပ်မှန်နဲ့ ဆန့် ကျင်ဘက်ဖြစ်နေတတ်ပါတယ်။ 
"သိတဲ့ အ၇ာအားလုံးကိုပြောဖို့ အေ၇းမကြီးဘူး၊ ပြောတဲ့ အ၇ာအားလုံးကိုတော့ သိဖို့ အေ၇းကြီးပါတယ်"


Apr 7, 2012

သိပ်အများကြီးမလိုပါဘူး


လူ ...
အများကြီးတွေးတောဖို့မလိုဘူး
ဖြူစင်လေ ကောင်းလေ

သူငယ်ချင်း...
အများကြီးရှိဖို့မလိုဘူး
စိတ်တူကိုယ်တူလေ ကောင်းလေ

အချစ်...
အရမ်းကြီး စွဲလမ်းဖို့မလိုဘူး
ရိုးရှင်းလေ ကောင်းလေ

မိသားစု...
သတ်မှတ်ချက်၊ စည်းကမ်းချက်တွေ အများကြီးမလိုဘူး
သင့်မြတ်ပျော်ရွှင်လေ ကောင်းလေ

ကိုယ့်ကိုယ်ကို...
တောင်းဆိုမှုတွေ အများကြီးမလိုဘူး
ပျော်ရွှင်ခြင်းတွေ တစ်နေ့နည်းနည်းစီ စုဆောင်းနိုင်ရင်ရပြီ။
                                                                            99SN

Jan 17, 2012

အသိပေးဆုံးမပေးမည့် သူတို့ ..၇ှာသင့် ပေမဲ့ 
ကိုယ်စကားနားထောင်မည့် သူကို                   
                                           ပဲ၇ှာနေကြတယ်။      
 
                                           

သူတစ်ပါးကိုလဲနေလို့ ထူပေးတာဟာကောင်းတဲ့ စိတ်ပါ။
ကိုယ်ချော်လဲနေတာကိုလည်း ၇ပ်နိုင်အောင်   
                                        အ၇င်အားမွေး၇မယ်...
လေကြောင့်ပျံသန်းနိုင်တဲ့ ငှက်ဟာလေ၇ှိမှန်းမသိသလို 
ေ၇ကြောင့် ကူးခပ်နိုင်တဲ့ ငါးဟာေ၇၇ှိမှန်းမသိကြသလို
ဓမ္မ၊အဓမ္မကြောင့် ကောင်းကောင်းဆိုးဆိုး ဖြစ်နေတဲ့ သတ္တ၀ါတွေဟာလည်းဓမ္မ၊အဓမ္မကို၇ှိမှန်းမသိကြပါဘူး။

သူများတွေ ဖတ်ချင်သလို၊  ဖတ်ကြပါစေ၊
ကိုယ်တိုင်ေ၇းအထ္ထုပ္ပတ္တိက ကောင်းဖို့ လိုတယ်။
သူတို့ အကြိုက်လိုက်ပြီး...မေ၇းနဲ့ ။
ကဲ့ ၇ဲ့ စ၇ာတွေ့ ၇င်ပါးစပ်ကိုတတွတ်တွတ်နဲ့ အမြဲဖွင့်  တတ်ပေမဲ့ ..
ချီးမွမ်းစ၇ာကြုံ၇င် သော့ခတ်ပြီးအသေပိတ်ထားတတ်တယ်။
                                  
           
အလိုက်မသိတတ်သူတစ်ယောက်ကြောင့် 
ကိုယ်ပါအလိုက်မသိတဲ့ သူအဖြစ်မခံပါနဲ့ ။
မင်းလိုပဲ...သူတို့ လည်း
သူတို့ ပြောတာသာ အဟုတ်
သူတို့ လုပ်တာသာအမှန်
သူတို့ ကြံတာသာအကောင်းထင်နေကြတယ်။