Showing posts with label ကမ္ဘာကျော်များ၏အဆိုအမိန့် များ. Show all posts
Showing posts with label ကမ္ဘာကျော်များ၏အဆိုအမိန့် များ. Show all posts

Apr 16, 2013

"စုပေါင်းစွမ်းအင်"


"စုပေါင်းစွမ်းအင်" ဆိုတာ..သူအလိုလို၇လာတာမျိုးတော့မဟုတ်ဘူး။ တမင်ဖန်တီးယူ၇တဲ့ ဖြစ်စဉ်ပါ။
 ဒီလို ဖန်းတီးနိုင်ဖို့ ပထမဆုံးနှလုံးသွင်း၇မှာကတော့ ..
** "လူတိုင်းလူတိုင်း သူ့ အဆင်း၊သူ့ အလင်းနဲ့ ၇ှိပါလား.."** ဆိုတာကိုပါပဲ။
 မတူခြားနားမှု ( Diversity) ကိုအသိအမှတ်ပြုနိုင်ဖို့ ဖြစ်ပါတယ်။
...............................................................................................................

တောင်ကြီးသုံးလုံး
"စုပေါင်းစွမ်းအင်" ရဖို့ ကြိုးစား၇တဲ့ လမ်းမှာတောင်ကြီးသုံးလုံးကာဆီးနေတာကိုအထူးသတိပြုဖို့ လိုပါတယ်။
ဒီတောင်တွေကိုမကျော်ဖြတ်နိုင်၇င် စုပေါင်းစွမ်းအင် ကိုဘယ်လိုမှဆုပ်ကိုင်နိုင်မှာမဟုတ်ဘူး။

(၁) ပထမတောင်ကြီးကတော့ "မာန" ဆိုတဲ့ တောင်ကြီးပါ.
              မတူခြားနားမှုကိုအထင်အမြင်သေး၇ာက ကိုယ်ကိုကိုယ်သူများထက်ခေါင်းတစ်လုံးမြင့် သူလို့ 
အထင်ေ၇ာက်လာတဲ့  "ဘ၀င်" စိတ်ဖြစ်ပါတယ်။ အဲဒီဘ၀င်ခံနေတော့ သူများ၇ဲ့ ခံစားမှုကိုမစာနာတတ်
သလို သူများ၇ဲ့  အတွေးအမြင်တွေကိုလည်းစိတ်မ၀င်စားတတ်တော့ ဘူး။ 
     " အမှန်တ၇ားအားလုံးငါ့မှာ၇ှိနေပြီ"ဆိုပြီး..ကိုယ်အသိစိတ်ကို..ကိုယ်ဘာသာတံခါးပိတ်နေတော့ တယ်"

(၂) ဒုတိယတောင်ကြီးကတော့  "ဂိုဏ်းဂဏစိတ်"စိတ်ဆိုတဲ့တောင်ကြီးပါ
                 ကိုယ်နဲ့ အမြင်တူ၊ အတွေးတူ ၊ ယုံကြည်ချက်တူသူငယ်ချင်းသာ အဖတ်လုပ်ပြီး လောကကြီး နဲ့ အဆက်ပြတ်နေတာဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ ကိုယ့်အစုအဝေးကိုသာ ကမ္ဘာကြီးထင်နေတတ်ပေမဲ့
တကယ့်တော့ စိတ်ကူယဉ်ဂိုဏ်းလေးတစ်ခုထက်မပိုပါဘူး။ အုပ်စုစွဲ ၊ဂိုဏ်းဂဏစွဲကခံနေတော့ သူများအမြင်
 သူများအတွေးတွေကိုဘယ်လက်ခံစဉ်းစားနိုင်မှာလဲ။
 "ငါနဲ့ မတူ ငါ၇န်သူ" ဆိုတဲ့အစွဲနဲ့ ပုတ်ခတ်စော်ကားတဲ့တုံ့ ပြန်နည်းကလွဲလို့သူတို့ ဘာမှမလုပ်တတ်ကြဘူး။

(၃) နောက်ဆုံတောင်ကြီးကတော့  "အာဃာတ" ဆိုတဲ့ တောင်ကြီးပါပဲ
                  အခုအခံအစွဲအလမ်းတွေကိုမွေးထုတ်လိုက်တဲ့ အမုန်းမီးဖွားတွေဖြစ်ပါတယ်။
          ဒီလိုလူမျိုးတွေဟာ..အတိတ်၇ဲ့ အကျဉ်းသားတွေဖြစ်တတ်သလို၊ အမုန်းနဲ့ လောင်မြိုက်ခံနေ၇၇ှာ
တဲ့ သူတွေလည်းဖြစ်ပါတယ်...။

Mar 25, 2013

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ။




၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က 

အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က 

အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က 

ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ 

နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ 

လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

နောင်တ

နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ

အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း 

သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ

စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက 

ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း

သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း 

တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ 

မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ 

ရှုံးမသွားပါစေနဲ့။

ပူပင်သောက

လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ 

ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ 

ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု

မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ 

မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား

အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ 

အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက 

ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး 

အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ 

တွေ့ရပါလိမ့်မယ်။

Mar 17, 2013

Life.....


Life is a gift , I accept it.
Life is an adventure ,I dare it.
Life is a game , I play it.
Life is a mystery ,I `m unfolding it .
Life is a puzzle, I`m solving it.
Life can be a struggle, I `m facing it.
Life is beauty,I praise it.
Life is an opportunity ,I took it .
Life is my mission, I `m fulfilling it.

Chanakya ရဲ့ ထူးကဲကောင်းမွန်သည့် အတွေးအခေါ် (၁၅) ခု



----------------------------------------------------------------
Chankya ဆိုတာ ဘီစီ 370 မှာမွေးဖွားပြီး 283 မှာ သေဆုံးခဲ့တဲ့ အိန္ဒိယ အတွေးအခေါ်ပညာရှင်၊ ကျောင်းဆရာနဲ့ တော်ဝင်အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်....
သူဟာ တက္ကသီလာ တက္ကသိုလ် (Takshashila University) မှာ စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်များဆိုင်ရာ ပါမောက္ခလည်းဖြစ်ပါတယ်...
အခုဖော်ပြပေးမှာကတော့ Chankya သင်ကြားပို့ချခဲ့တဲ့ အတွေးအခေါ်အယူအဆတွေထဲက မှတ်သားဖွယ်အချက်တွေဖြစ်ပါတယ်...

၁) တခြားသူရဲ့အမှားတွေကနေ လေ့လာသင်ယူပါ... သင့်အနေနဲ့ အဲ့ဒီအမှားတွေအကုန်လုံးကို ကိုယ်တိုင်လုပ်နိုင်လောက်တဲ့အချိန်အထိ အသက်ရှည်မှာမဟုတ်ဘူး....

၂) လူတစ်ယောက်ဟာ အလွန်မရိုးသားသင့်ဘူး... ဖြောင့်မတ်တဲ့သစ်ပင်တွေဟာ ဦးဆုံးအခုတ်ခံရတယ်... ဒီလိုပဲ အရိုးသားဆုံးလူတွေကိုလည်း အရင်ဆုံးရှင်းထုတ်ကြလိမ့်မယ်...

၃) အဆိပ်မရှိတဲ့ မြွေတစ်ကောင်တောင်မှ အဆိပ်ပြင်းသလို ဟန်ဆောင်နေသင့်တယ်...

၎) ဘယ်လိုမိတ်ဆွေဆက်ဆံရေးမျိုးမှာမဆို နောက်ကွယ်မှာတော့ ကိုယ့်အတွက်ကိုယ်ငဲ့တတ်တာချည်းပါပဲ... ကိုယ့်အတွက်မငဲ့တဲ့ မိတ်ဆွေသူငယ်ချင်းဆက်ဆံမှုမျိုးဆိုတာ လုံးဝမရှိပါဘူး... ဒါဟာခါးသီးတဲ့အမှန်တရားပါပဲ...

၅) အလုပ်တစ်ခုကိုမစခင်မှာ သင့်ကိုယ်သင်မေးခွန်း သုံးခုအမြဲမေးပါ... ဘာကြောင့် ဒီအလုပ်ကိုငါလုပ်ရမှာလဲ.... အကျိုးရလဒ်ကဘာလဲ... အောင်မြင်နိုင်သလား.... သေသေချာချာစဉ်းစားကြည့်ပြီး ဒီမေးခွန်းသုံးခုအတွက် ကျေနပ်လောက်တဲ့အဖြေရတဲ့ အခါမျိုးမှသာ ဆက်လုပ်ပါ...

၆) အကြောက်တရားက အနားချဉ်းကပ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီအကြောက်တရားကို ရင်ဆိုင်တိုက်ခိုက်ပြီး ဖျက်ဆီးပစ်လိုက်ပါ....

၇) ကမ္ဘာပေါ်မှာ အကြီးမားဆုံးစွမ်းအားကတော့ အမျိုးသမီးတစ်ယောက်ရဲ့ နုနယ်ပျိုမြစ်လှပမှုပါပဲ...

၈) တစ်ခုခုကိုစလုပ်မိပြီဆိုတာနဲ့ ရှုံးနိမ့်မှာကိုမကြောက်နဲ့... ဘယ်တော့မှလည်း လက်မလျှော့နဲ့... ယုံကြည်ရိုးသားရဲဝံ့စွာလုပ်တဲ့သူတွေကသာ အပျော်ရွှင်ဆုံးလူတွေဖြစ်တယ်...

၉) ပန်းတွေရဲ့မွှေးရနံ့ဆိုတာ လေသင့်ရာအတိုင်းသာ သင်းပျံ့ကြရတာဖြစ်တယ်... လူတစ်ယောက်ရဲ့ ကောင်းသတင်းကတော့ အရပ်မျက်နှာတခွင်လုံးကို ပျံ့နှံ့စေတယ်....

၁၀) ဘုရားသခင်ဆိုတာ ရုပ်ပုံလွှာတစ်ခုအနေနဲ့ တည်ရှိနေတာမဟုတ်ပါဘူး... သင့်ခံစားချက်က သင့်ရဲ့ဘုရားသခင်ပဲ... သင့်စိတ်ဝိဥာဏ်က သင့်ဘုရားကျောင်းပဲ....

၁၁) လူတစ်ယောက်ဟာ ဖွားမြင်ခြင်းနဲ့အတူ ကြီးမြတ်လာတာမဟုတ်ဘူး... လုပ်ကိုင်ဆောင်ရွက်မှုနဲ့အတူ ကြီးမြတ်လာတာ...

၁၂) သင့်ထက်သာတဲ့အခြေအနေကလူတွေ ဒါမှမဟုတ် သင့်ထက်နိမ့်ကျတဲ့ အခြေအနေကလူတွေကို ဘယ်တော့မှ မိတ်ဆွေမဖွဲ့ပါနဲ့... ဒီလိုမိတ်ဆွေမျိုးတွေနဲ့ဆက်ဆံရတာဟာ သင့်ကိုဘယ်တော့မှ ပျော်ရွှင်စေမှာမဟုတ်ဘူး...

၁၃) သင့်ကလေးကို ပထမငါးနှစ်အတွင်း သိမ်မွေ့ကြင်နာစွာပြုမူဆက်ဆံပါ... ဒုတိယငါးနှစ်အတွင်း ပြောဆိုရိုက်နှက်ဆုံးမပါ... အသက် ၁၆ နှစ်ရောက်တဲ့အခါ မိတ်ဆွေသူငယ်ချင်းတစ်ယောက်လို ဆက်ဆံပါ... အရွယ်ရောက်ပြီးတဲ့ သင့်ကလေးတွေဟာ သင့်အတွက် အကောင်းဆုံးမိတ်ဆွေတွေပါပဲ...

၁၄) မျက်မမြင်တစ်ယောက်အတွက် ကြေးမုံတစ်ချပ်က အသုံးမဝင်သလို နုံချာမိုက်မဲသူတစ်ဦးအတွက် စာအုပ်စာပေတွေကလည်း အသုံးမဝင်ပါဘူး...

၁၅) ပညာရေးဟာ အကောင်းဆုံးမိတ်ဆွေပါ... ပညာတတ်တဲ့သူတစ်ယောက်ဟာ နေရာတိုင်းမှာ ရိုသေလေးစားမှုကိုခံယူထိုက်ပါတယ်... ပညာဟာ အလှတရားနဲ့ ငယ်ရွယ်ပျိုမြစ်မှုကို အနိုင်ယူနိုင်ပါတယ်...

Dec 31, 2012

                                                                   Love The World With Your Kindness.



Oct 8, 2012

သမိုင်း

               
                                     













သမိုင်း
* မင်းကောင်းတာလုပ်တိုင်း...
   မင်းသမိုင်းကောင်းလိမ့် မယ်လို့ ....
   မမျှော်လင့် ပါနဲ့ ။
* အလုပ်တိုင်းမှာ..လျှာစွန်းနှစ်ဖက်၇ှိတတ်တယ်
   မင်းကောင်းတဲ့ ဖက်ကိုေ၇ွး၇င်...
   ဆိုးတဲ့ ဖက်ကလူတွေက..
   မင်းကိုတိုက်ခိုက်ကြလိမ့် မယ်....။
* မင်းမှန်တာလုပ်၇င်...
   မှားတဲ့ ဖက်ကလူတွေက..
   မင်းကိုတိုက်ခိုက်ကြလိမ့် မယ်...။
*မင်းကြိုးစားအလုပ်လုပ်၇င်...
  မလုပ်,မ၇ှုပ်,မပြုတ်..သမားတွေက...
  မင်းကိုငြူစူကြမှာဘဲ......။
*ကြိုးစားသာလုပ်ပါ..
  စိတ်ဓာတ်မကျနဲ့ ...
  တစ်ခုတော့ ၇ှိတယ်..
  မင်းကောင်းတာလုပ်တိုင်း...
  မင်းသမိုင်းကောင်းလိမ့် မယ်လို့ တော့ ...
  မမျှော်လင့် ပါနဲ့ .....။
* မင်းဘယ်အစွန်းက...၇ပ်တည်မယ်ဆိုတာ
   အဓိက,မဟုတ်ဘူး...
   အဓိက,ကျတာက...
   ကိုယ်၇ပ်တည်မှုအစွန်းက
   ဟန်ချက်မပျက်စေဘဲ...
   တစ်ဖက်စွန်းကလူကို..
   မိတ်ဖွဲ့ တတ်ဖို့ ပဲ....။

Sep 25, 2012


ကိုကာကိုလာကုမဏီ CEO ၏ ၃၀ စက္ကန့် ခန့် ကြာသောမိန့် ခွန်း

ဘ၀ကိုလေပေါ်မှာဘောလုံး ငါးခု မကျအောင်ထိန်းနေ၇တဲ့ ဂိမ်းတစ်ခုလို့ ယူဆပါ။
ယင်းဘောလုံးငါးခုကတော့  အလုပ်၊မိသားစု၊ကျန်းမာေ၇း၊သူငယ်ချင်း၊စိတ်ဓာတ် တို့ ဖြစ်ပါတယ်၊
အလုပ်ဆိုတဲ့ ဘောလုံးဟာ၇ာဘာဘောလုံးနဲ့ တူတယ်ဆိုတာကို သင်တစ်နေ့ နားလည်လာပါလိမ့် မယ်။သူဟာမတော်လို့ လွတ်ကျခဲ့ ၇င် ယင်းအားကြောင့် ပြန်လည်ခုန်တတ်လာပါတယ်။
ကျန်တဲ့ ဘောလုံးလေးခုဖြစ်တဲ့  မိသားစု၊ကျန်းမာေ၇း၊သူငယ်ချင်း၊စိတ်ဓာတ် စတာတွေကတော့ 
ဖန်ဘောလုံးနဲ့ တူပါတယ်။လွတ်ချလိုက်မိပြီးဆို၇င် ထိမယ်၊၇ှမယ်၊ကွဲမယ်၊ပျက်ဆီးမယ်။
အလုပ်လုပ်ချိန်မှာကြိုးကြိုးစားစားလုပ်ပါ။ ပြီးတဲ့ အခါမှာထားခဲ့ ပါ။ကျန်တဲ့ အချိန်တွေကို မိသားစု၊မိတ်ဆွေ၊ကျန်းမာေ၇းနဲ့ သင့် တင့် မျှတတဲ့ အနားယူအပန်းဖြေမှူမျိုးများအတွက်အချိန်ပေးပါ။
"တန်းဖိုး၇ှိတယ်လို့ ယူဆမှသာ..အဲဒီအ၇ာဟာ အမှန်တကယ်တန်ဖိုး၇ှိလာမှာဖြစ်ပါတယ်။"




Mar 1, 2012

အောင်ဆန်းဇာနည်

ဖေဖေါ်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့် ကိုးရာ တစ်ဆယ့်ငါး

ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံကြံခိုင်တဲ့ ဇာနည်ဖွား
မိခင် ဒေါ်စုသား၊
တစ်ထောင့် ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။

ဘီလ်ဂိတ်ပြောတဲ့ အကြံဥာဏ် (၁၁)ခု


ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ် ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။

၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကိုအရင်သန့်ရှင်းလိုက်ပါ။

၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းကခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။
                                                                                                                          from internet

“ အထက်လူကြီးနှင့် ခေါင်းဆောင်တို့ကြားခြားနားချက် ”

အထက်လူကြီးက လူတွေကို မောင်းသည်။
ခေါင်းဆောင်က နည်းပေးလမ်းပြ လုပ်သည်။
အထက်လူကြီးက အာဏာကို အားကိုးသည်။
ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့် စိတ်ကောင်းစေတနာကောင်းကို အားကိုးသည်။
အထက်လူကြီးက ကြောက်အောင် လုပ်သည်။
ခေါင်းဆောင်က စိတ်အားထက်သန်အောင် လုပ်သည်။
အထက်လူကြီးက “ငါ” ဟု သုံးသည်။
ခေါင်းဆောင်က “ငါတို့” ဟု သုံးသည်။
အထက်လူကြီးက ပြသနာ ဖြစ်လျှင် အပြစ်တင်သည်။
ခေါင်းဆောင်က ပြသာနာကို ကုစားသည်။
အထက်လူကြီးက “သွားကြ” ဟု ပြောသည်။
ခေါင်းဆောင်က “သွားကြစို့” ဟု ပြောသည်။
အထက်လူကြီးက ပြသနာ ဖြစ်လျှင် အပြစ်တင်သည်။
ခေါင်းဆောင်က ပြသာနာကို ကုစားသည်။
အထက်လူကြီးက “သွားကြ” ဟု ပြောသည်။
ခေါင်းဆောင်က “သွားကြစို့” ဟု ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း
လူတိုင်းမှာ၇ှိသင့် တာကတော့ 
၁)ကိုယ်ကျင့်တ၇ားကောင်း၇မယ်
၂) အမှားအမှန်ကိုခွဲခြားနိုင်တဲ့ ပညာ၇ှိ၇မယ်။အမှန်တ၇ားကိုမြတ်နိုး၇မယ်။
                         
                                       
မင်းသားကြီး ချားလ်စ်
ဘ၀မှာ ကျင့်ဝတ်လေးဖြာကိုတော့ မချိုးဖောက်မိစေနဲ့ - ယုံကြည်မှု၊ ကတိ၊ ခင်မင်ခြင်းနဲ့ နှလုံးသားတို့ပဲ။ ချိုးဖောက်မိရင် တော့ အသံမကျယ်ပေမဲ့ နာကျင်မှုဆိုတာ အထွတ်အထိပ်ရောက်လိမ့်မယ်။
အမေရိကန် သမ္မတကြီး အေဗရာဟင် လင်ကွန်း
လူတိုင်းကို အယုံလွယ်တာ အန္တရာယ်များတယ်ဗျ။ အဲ တစ်ယောက်ကိုမှ မယုံရင်တော့ သိပ်ကို အန္တရာယ် ရှိနေပြီ။အမှားအမှန်ကိုခွဲခြားနိုင်တဲ့ ပညာပိုင်ဆိုင်နိုင်ဖို့ ကြိုးစား၇မယ်။
ရူပဗေဒ ပညာကျော် အဲလ်ဘတ် အိုင်စတိုင်း
တကယ်လို့များ ဘ၀တစ်လျှောက်လုံး အမှားတစ်ခုမှ မပြုဖူးဘူးလို့ ထင်ထားခဲ့ရင် ဘာတစ်ခုကိုမှ ဆန်းသစ်ဖန်တီးဖူးတာ မရှိဘူးလို့ မှတ်ပါလေ။
ဂန္တ၀င် စာရေးဆရာကြီး လီယိုတော် စတွိုင်း
လူတွေက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ ကြိုးစားနေကြတာ၊ ကိုယ့်ကိုကိုယ် ပြုပြင်ဖို့တော့ တစ်ယောက်မှ မစဉ်းစားကြဘူး။
တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်

အကြိမ် တစ်ထောင်လုံး ကြိုးစားတာ မအောင်မြင်ဘူးလို့ ကျုပ်တော့ မပြောဘူး။ ရှုံးနိမ့်စေနိုင်တဲ့ အကြောင်းရင်းပေါင်း တစ်ထောင်ကို ကျုပ်တွေ့ရှိလိုက်ပြီလို့ဘဲ ကြေငြာမယ်။
စကိတ် ချန်ပီယံ ဘော်နီ ဘလဲရ်
အနိုင်ရတယ်ဆိုတာ တကယ်ဆိုတော့ ပြိုင်ပွဲမှာ ပထမရတာ မဟုတ်ဘူးရှင့်။ အရင်တုန်းကထက် ပိုကောင်းတာကို ရှင်တို့ ကျွန်မတို့ လုပ်နိုင်လိုက်တာပါဘဲ။
ကရုဏာရှင် မာသာထရီဇာ

မြင်နေရတဲ့ တို့ရှေ့ ကလူတွေကို တို့များတတွေ မချစ်နိုင်သေးသမျှ မမြင်ဖူးသေးတဲ့ အဖဘုရားသခင်ကို ကြည်ညိုနိုင် ပါ့မလား ကလေးတို့ရယ်။
အလန် စထရိုက်

ကမ္ဘာပေါ်က ဘယ်သူနဲ့ဖြစ်ဖြစ် သင့်ကိုယ်နဲ့ မနှိုင်းမိပါစေနဲ့။ တကယ်လို့ နှိုင်းယှဉ်မိလိုက်ရင်တော့ သင့်ကိုယ်သင် စော်ကားလိုက်တာပဲ။
နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ

စစ်တိုက်လို့ နိုင်နေသမျှ မင်းရှင်းပြစရာ မလိုဘူးကွ။ အေး-----စစ်ရှုံးလာပြီ ဆိုရင်လည်း ဘာကြောင့်ဆိုတာ ရှင်းပြဖို့ မင်း အသက် မရှင်နဲ့တော့။