Showing posts with label ချစ်သူမှာတမ်း. Show all posts
Showing posts with label ချစ်သူမှာတမ်း. Show all posts

Apr 6, 2014

မိန်းကလေးအပေါ်တုံ့ ပြန် တန်းဖိုးထားတတ်တဲ့ "တုံးအတဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား"



(၁) တုံးအတဲ့ယောက်ျားက မိန်းမကိုဘယ်တော့မှ မချီးကျူးဘူး။ ကောင်းတာတွေလုပ်ရင် ဆိတ်ဆိတ်နေတယ် မကောင်းတာတွေလုပ်ရင် ကဲ့ရဲ့တယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမရဲ့အားသာချက်လေးတွေကို ရှာကြံချီးကျူးပြီ: ရှေ့ဆက်လုပ်ချင်အောင် 
အားပေးတယ်။

(၂) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကလွဲရင် မိန်းမအားလုံး လှတယ်ထင်တယ်။
ထက်မြက်တဲ့ယောက်ျားက ကိုယ့်မိန်းမကို ဘယ်လိုလှအောင်လုပ်ပေးရမလဲ စဉ်းစားတယ်။

(၃) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကို အလုပ်တွေ အများကြီးပြီးမြောက်စေချင်တယ်။ (နူးညံ့ပြီး ယောကျာင်္်းကို နာခံပြုစုတတ်စေချင်တယ်။ တချိန်ထဲမှာပဲ လှပပြီး ထက်မြက် ဝင်ငွေကောင်းစေချင်တယ်။ ဒါတွေ တပြိုင်နက်မဖြစ်နိုင်ဘူးဆိုတာ သူမေ့ထားတယ်)
ထက်မြက်တဲ့ယောက်ျားက Nobody is Perfect ဆိုတာကို ယုံကြည်လက်ခံတယ်။ ကိုယ်ရတဲ့မိန်းမဟာ 
အကောင်းဆုံးလို့ မှတ်ယူတယ်။

(၄) တုံးအတဲ့ယောက်ျားက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး မနာလိုဖြစ်တယ်။
ထက်မြက်တဲ့ယောက်ျားက လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

(၅) တုံးအတဲ့ယောက်ျားက မိန်းမကို တဗျစ်တောက်တောက်ပြောတယ်လို့ အပြစ်တင်စိတ်ပျက်တယ်။

ထက်မြက်တဲ့ယောက်ျားက အနမ်းပြင်းပြင်းတစ်ချက်နဲ့ နှုတ်ဆိတ်စေဖို့ သတိရတယ်။

(၆) တုံးအတဲ့ယောက်ျားက "နင်မရှိလဲ လှေကား၃ထစ်ဆင်း လူပျိုပဲ" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့ယောက်ျားက "နင်ဟာ ငါ့ဘဝရဲ့မရှိမဖြစ်သူပါ"လို့ဆိုတယ်။

(၇) တုံးအတဲ့ယောက်ျားက မိန်းမကို တာဝန်အရ အရာရာ ပေးဆပ်စေတယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လိုလက်ရ ပြုစုအောင် စွမ်းဆောင်နိုင်တယ်။

(၈) တုံးအတဲ့ယောက်ျားက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။ ကိုယ့်မာန ကိုယ့်အတ္တထိခိုက်မခံဘူး။
ထက်မြက်တဲ့ယောက်ျားက နှစ်ဦးအတူကြိုးစားမှ ခရီးရောက်တယ်ဆိုတာ လက်ခံတယ်။

(၉) တုံးအတဲ့ယောက်ျားက မိန်းမကို စိတ်အားငယ်မှုနဲ့ ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေပေးတယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လုံခြုံမှုနဲ့ အေးချမ်းမှုကို ပေးတယ်။

(၁ဝ) တုံးအတဲ့ယောက်ျားက သူ့ဒေါသကြားမှာ မိန်းမကို ဦးတည်ရာပျောက်စေတယ်။
ထက်မြက်တဲ့ယောက်ျားက သူ့တည်ကြည်မှုနဲ့ အိမ်ထောင်ကိုသာယာစေတယ်။


Feb 23, 2012

ကိုယ်ချင်းစာတ၇ား...

တစ်ပါးသူ၇ဲ့ မေတ္တာသန့် သန့်် ကို ၇ယူလိုချင် ၇င်
ကိုယ်ကကိုယ်ချင်းစာစိတ်...ညှာတာစိတ်..ခွင့် လွတ်စိတ်
 မေတ္တာစိတ်သန့် သန့် လေးတွေထား ၇ပါတယ်.။
ကိုယ်ကိုတိုင်ကထားမှလည်း..သူ့ ဆီက မေတ္တာသန့် သန့်  လေးပြန်၇နိုင်မှာပါ.....

   နေ၇ာတကာမှာကျင့် သုံးထိုက်တဲ့  တ၇ားကတောကိုယ်ချင်းစာတ၇ားပါ!

Feb 19, 2012

ချစ်သူ၇ဲ့ မှာတမ်း..

 ချစ်ဆုံးမှ.....
ချစ်သူ....မင်း၇ဲ့ နွေးထွေးပြီးကြင်နာတတ်တဲ့ မေတ္တာစိတ်တွေကို  တစ်လောကလုံးအတွက်..မျှဝေပေးနိုင်တယ်.နော်.
ချစ်သူ....မင်း၇ဲ့  ကြီးမားလားတဲ့ က၇ုဏစိတ်တွေကို စိတ်အားငယ်ပြီးနွမ်းပါးနေတဲ့လူတွေအတွက်ပေးနိုင်တယ်နော်
ချစ်သူ...မင်း၇ဲ့ အများအကျိုးသယ်ပိုးချင်တဲ့ အိမ်မက်လေးကိုအကောင်အထည်ဖော်ဖို ပါ၇မီဖြည့်ဖက်လေးဖြစ်အောင် အစစအ၇ာ၇ာကြိုးစားပေးပါမယ်နော်...
ချစ်သူ...မင်း၇ဲ့ လေးနက်ပြီးသစ္စာ၇ှိတဲ့ ချစ်ခြင်းကိုတော့ ..ချစ်ဆုံးတစ်ယောက်ပဲပိုင်ဆိုင်ပါ၇စေနော်..
                                                                                                                           ချစ်ဆုံးသို့ ...
                                                                                                                                            Date(2 Valentine day+5)


                                                                          

Jan 21, 2012

ထာ၀၇အဖော်

လူ့ဘဝဒီတစ်သက်......
ပျော်ရွှင်ခြင်း တခဏရှိမယ်
ဝမ်းနည်းခြင်း တခဏရှိမယ်
တွေ့ဆုံခြင်း တခဏရှိမယ်
ခွဲခွာခြင်း တခဏရှိမယ်
နုပျိုခြင်း တခဏရှိမယ်
လှပခြင်း တခဏရှိမယ်
ကလေးဆန်ခြင်း တခဏရှိမယ်
ရင့်ကျက်ခြင်း တခဏရှိမယ်
စိတ်ရှုပ်ခြင်း တခဏရှိမယ်
နာကျင်ခြင်း တခဏရှိမယ်
ချမ်းမြေ့ခြင်း တခဏရှိမယ်
လောကဓံအနိမ့်အမြင့် တခဏရှိမယ်
ဘယ်လို တခဏပဲရှိရှိ...
သင် ရုပ်ဆိုးနေလဲ၊ သင် ဆင်းရဲနေလဲ .. သင့်အနားမှ သင့်ကိုမစွန့်မခွာ အဖော်ပြုသူတစ်ယောက်တော့ရှိတယ်။
တခဏမဟုတ်တဲ့ တစ်သက်တာနဲ့ပေါ့..

                                                                နိုင်းနိုင်းစနေ