May 11, 2013

ဆယ်ကျော်သက်တို့ အတွက်အကျင့်ကောင်း(၇)ရပ်



(၁)တာဝန်ယူစိတ်[Be Proactive]

ပြဿနာတစ်ခုခုရှိလာရင်"ငါဘာမှားနေလဲ"ဆိုတာက,စ,စဉ်းစားပါမယ်။ပြီးမှကျန်တာတွေကိုဖြန့်တွေးတယ်။
"ကိုယ့်ကိုယ်ကိုတော့လွတ်စေ၊သူများကိုတော့တရားခံ"ဒါမျိုးမလုပ်ဘူး။ကိုယ့်ကိုယ်ကိုတာဝန်ယူတဲ့စိတ်ပါ။

(၂)ပစ်ကွင်းကိုချိန်ပစ်(Begin with the End in Mind)

ငါဘာဖြစ်ချင်လဲ၊ငါ့ရည်မှန်းချက်ဘာလဲဆိုတာကိုပထမဆုံးပိုင်းဖြတ်တယ်။
"မစ်ရှင်"[Mission]စိတ်ဓာတ်ဖြစ်ပါတယ်။

(၃)အရေးကြီးတာအရင်လုပ်[Put First Thing First]

ကြုံသလိုကျပန်းမလုပ်ဘူး။အစီအစဉ်ရှိရှိနဲ့ တဆင့်ပြီးတဆင့်ဆောင်ရွက်
တတ်တယ်။

(၄)သူမနာ၊ကိုယ်မနာဆက်ဆံရေး[Think Win-Win]

ကိုယ်နိုင်စေ၊သူရှုံးစေသဘောမထားပါ။နှစ်ဦးနှစ်ဘက်အကျိုးရှိစေမယ့်
"ကြားအဖြေ"ကိုနှလုံးသွင်းပါတယ်။

(၅)နားလည်မှုရှိ[Seek First to Understand,Then to be understood]

ပထမဆုံးသူများကိုနားလည်အောင်ကြိုးစားတယ်။ကိုယ့်ကိုလည်းသူများကနားလည်အောင်တံခါးဖွင့်ထားတယ်။

(၆)လက်တွဲကြိုးပမ်း[Synergize]

ငါတကောမလုပ်ဘူး။အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဖို့ အားထုတ်တယ်။

(၇)ကိုယ့်ကိုယ်ကိုပြန်"သ"[Sharpen the Saw]

စိတ်တံခါးကိုပိတ်မထားဘူး။အတွေးသစ်၊အမြင်သစ်တွေအတွက်အမြဲ
တံခါးဖွင့်ထားတယ်။
ကိုယ့်အသိ၊ကိုယ့်အကျင့်ကိုအမြဲချွန်မြနေစေဖို့ မပြတ်"သ"နေပါတယ်။


ဒီအကျင့်တွေမင်းမှာရှိနေပြီဆိုရင်ဘ၀တိုက်ပွဲမှာအောင်ပွဲအလီလီရမှာ
သေချာသလောက်ဖြစ်ပါပြီ။

May 1, 2013

ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့



လူသားတို့မကျင့်အပ်သောအရာ( ၅ ) ပါး
၁. ခြင်္သေ့လိုလဲ မဟောက်နဲ့
၂. ဖားငယ်လိုလဲ မကြောက်နဲ့
၃. တောင်လိုလဲ မမောက်နဲ့
၎. မြစ်လိုလဲ မကောက်နဲ့
၅. တွင်းလိုလဲ မစောင်းနဲ့